Suzuki Swift တွင်ဖြစ်လေ့ရှိသည့်ပြဿနာများ


ယင်းကားအမျိုးအစားတွင် ၁၃၀၀ စီစီကားအမျိုးအစားဖြစ်ပြီး ပြည်တွင်းတွင်အသုံးများပါသည်။

ယာဉ်ပိုင်ရှင်များအနေဖြင့်ကြိုတင်သိရှိကာကွယ်နိုင်ရန် swift တွင်ဖြစ်တတ်သည့်ပြဿနာအချို့ကို ဖော်ပြထားပါသည်။

၁။အင်ဂျင်ချက်မီးလင်းခြင်း

၁၉၉၄၊ ၁၉၉၅ နှင့် ၁၉၉၆ မော်ဒယ်ကီလို ၁၅၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်ကားအမျိုးအစားများတွင် အဖြစ်များပါသည်။

ပြဿနာမှာအရည်အသွေးမပြည့်မီသည့်သန့်ရှင်းမှုမရှိသည့်သန့်ရှင်းမှုမရှိသည့်လောင်စာဆီများအသုံးပြုသော ကြောင့်ဖြစ်ပါသည်။

Swift အသုံးပြုသူများအနေဖြင့်လောင်စာဆီကောင်း၊ ဆီသန့်ကိုရွေးချယ်အသုံးပြုရန်လိုပါသည်။

အောက်ဆီဂျင်ဆင်ဆာချို့ယွင်းသည့်အတွက်အင်ဂျင်ချက်မီးလင်းခြင်းဖြစ်ပါသည်။

မသန့်ရှင်းသောလောင်စာဆီကြောင့်အောက်ဆီဂျင်ဆင်ဆာချို့ယွင်းခြင်းဖြစ်ပါသည်။

ဆင်ဆာအသစ်လဲလှယ်လိုက်သည်နှင့်ချက်မီးပြန်ငြိမ်းသွားပါသည်။

၂။ဂက်စ်ကက်ချို့ယွင်းခြင်း

၁၉၉၀၊ ၁၉၉၁ နှင့် ၁၉၉၂ မော်ဒယ် Suzuki Swift တွင်အဖြစ်များပါသည်။

Throttle-body base gasket ကယိုစိမ့်ခြင်းဖြစ်ပါသည်။

ယင်းအတွက်အင်ဂျင်ကိုအလွတ်လည်ပတ်သည့်အခါကြမ်းတမ်းပြီး အရှိန်မြင့်တင်သည့်အခါထစ်ထစ်ငေ့ါငေ့ါ ဖြစ်နေတတ်ပါသည်။

ချို့ယွင်းသည့်ဂက်စ်ကက်ကိုသစ်လဲလှယ်ရမည်ဖြစ်ပါသည်။

၃။ရိုတာများပုံမမှန်ခြင်း

၁၉၉၀ မှ ၂၀၀၂ မော်ဒယ်အထိ Suzuki Swift များတွင်အဖြစ်များပါသည်။

ဘရိတ်ကိုအသုံးပြုသည့်အခါဘရိတ်ရိုတာများကပုံမှန်အလုပ်မလုပ်ခြင်းဖြစ်ပါသည်။

၄။ ABS မီးလင်းခြင်း

၁၉၉၅၊ ၁၉၉၆ နှင့် ၁၉၉၇ မော်ဒယ် Suzuki Swift များတွင်အဖြစ်များပါသည်။

Anti-Lock Brake System(ABS) မီးလင်းလာခြင်းဖြစ်ပါသည်။

များသောအားဖြင့်ပူသည့်အချိန်နှင့်စိုထိုင်းသည့်ရာသီများတွင်အဖြစ်များပါသည်။

ABS motor pack ထဲတွင်ချို့ယွင်းခြင်းများပါသည်။

၅။တံခါးခလုတ်ချို့ယွင်းခြင်း

၁၉၉၀၊ ၁၉၉၁၊ ၁၉၉၄ နှင့် ၁၉၉၅ မော်ဒယ် Suzuki Swift ကီလိုနှစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

တံခါးအဖွင့်အပိတ်ခလုတ်များပျက်စီးတတ်ပါသည်။

ထို့သို့ဖြစ်ရခြင်းမှာတံခါးခလုတ်များအသစ်လဲလှယ်ရန်လိုအပ်ပါလိမ့်မည်။

၆။ဘရိတ်အချက်ပြမီးအလုပ်မလုပ်ခြင်း

၁၉၉၇ မော်ဒယ် Suzuki Swift တွင်အဖြစ်များပါသည်။

ဘရိတ်ကိုအသုံးပြုလို့ရသော်လည်းဘရိတ်အချက်ပြမီးကအလုပ်မလုပ်ခြင်းဖြစ်ပါသည်။

ဘရိတ်အချက်ပြမီးလုံးနှင့်ဆက်သွယ်သည့်ဝါယာရင်းစနစ်များကိုစစ်ဆေးပြုပြင်ရမည်ဖြစ်ပါသည်။

၇။ဂက်စ်ကပ်ပြဿနာ

၁၉၉၄ မော်ဒယ် Suzuki Swift ကိုမောင်းနှင်နေရင်းနှင့်အင်ဂျင်ချက်မီးလင်းလာခြင်းဖြစ်ပါသည်။

Gas cap ကလွဲချော်ပြီးလုစ်(lose) ဖြစ်နေတတ်ပါသည်။

Gas cap အသစ်လဲလှယ်လိုက်ပါကအဆင်ပြေသွားမည်ဖြစ်ပါသည်။

အင်ဂျင်အစိတ်အပိုင်းတစ်ခုခုချို့ယွင်းခြင်းဆိုပါကကွန်ပျူတာထိုးစစ်မှသာမည်သည့်အစိတ်အပိုင်းကချို့ယွင်း ခြင်းဆိုသည်မှာကုတ်နံပါတ်များအရသိရှိနိုင်ပါသည်။

မီးခိုးထုတ်လွှတ်သည့်အိတ်ဇောစနစ်ကပိတ်ဆို့နေခဲ့ပါကအင်ဂျင်ချက်မီးလင်းသည့်အတွက်အိတ်ဇောစနစ်ကို လည်းစစ်ဆေးရန်လိုအပ်ပါသည်။

 

Read 5113 times