လက်ထဲ ၆၅ သိန်းရှိရုံဖြင့် စီးနိုင်မည့် Swift 2018


အောက်တိုဘာ၂၅ရက်နေ့မှာ စရောင်းမယ်လို့ ကြေညာထားတဲ့ Swift 2018 တွေက ကားဈေးကွက်ကို အများကြီးတော့ ရိုက်ခတ်မှုမရှိနိုင်ပေမယ့် ဝယ်ယူမယ့်သူတွေအတွက်တော့ ရွေးချယ်စရာတစ်ခုပိုလာပြီ ဖြစ်ပါတယ်။

ငွေဖြူလည်းပြနိုင်မယ့်သူတွေအတွက် ကနဦး ၆၅သိန်းလောက်သွင်းပြီး တစ်လ ၃သိန်းခွဲလောက်ကို ၅နှစ်သွင်းရုံနဲ့ ဝယ်စီးလို့ရနိုင်မယ်ဆိုတော့ သာမန်လူတန်းစားတွေအတွက် ဂျပန်ကားဟောင်းတွေထက်စာရင် ဒါလေးက ပိုအဆင်ပြေလာမှာပါ။

ကားသစ်ဆိုတော့ ၃နှစ်လောက်ထိ လှည့်ကြည့်စရာမလိုတာလည်း အားသာချက်ပါပဲ။ဘာလို့လဲဆိုတော့ သူနဲ့ ဆိုဒ်တူတူလောက်ဖြစ်မယ့် Demio Skyactive(YGN) ကို ၁၇၀လောက်၊ Fit 2013 ရန်ကုန်လိုင်စင်ကို ၂၆၀ လောက်ပေးနေရချိန်မှာ သူက သိန်း၁၉၀ကျော်ကျော်လေးနဲ့ ရန်ကုန်လိုင်စင်လည်းရမယ်ဆိုတော့ ကားဟောင်းဈေးကွက်ကိုတော့ မသိမသာ ရိုက်ခတ်မယ့်အနေအထား ဖြစ်ပါတယ်။

ခြွင်းချက်တစ်ခုရှိတာကတော့ စက်ရုံက အော်ဒါလိုသလောက်မထုတ်ပေးနိုင်ရင်တော့ ဂျပန်ကားဟောင်းသမားတွေအတွက် ခံသာနေဦးမှာပါပဲ။

ယခုဆိုရင်တော့ သိန်း၂၀၀ အောက်နဲ့ ကားသစ်ဝယ်စီးနိုင်မယ့်အခွင့်အရေးကို Swfit ကနေ စတင်လိုက်ပြီ ဖြစ်ပါတယ်။

Read 8416 times