Suzuki က ထုတ်ထားတဲ့ ကျပ်သိန်း ၁၅၀ ဝန်းကျင်နဲ့ ရရှိနိုင်မယ့် Swift ကား


Economy ထုတ်လုပ်တဲ့နေရာမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Suzuki ဟာ Swiftကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး Suzuki Cultus ရဲ့ မျိုးဆက်တခုလည်းဖြစ်ပါတယ်။

Suzuki Swift ကို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ပထမမျိုးဆက် ၊ ၂၀၀၄ ကနေ ၂၀၁၀ မိုဒယ်အထိ ဒုတိယမျိုးဆက်၊ ၂၀၁၀ မိုဒယ်အထက် တတိယ မျိုးဆက်အဖြစ် သတ်မှတ်ထားတဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကမ္ဘာ့ကျော်ဘောလုံးသမား ခရစ်တီရာရော်တယ်ဒိုကို အသုံးပြုပြီး ဥရောပကားဈေးကွက်ကို ထိုးဖောက်ခဲ့တဲ့အတွက် Suzuki Swiftဟာ ပိုပြီးလူသိများလာခဲ့ပါတယ်။

ဒါကြောင့်လည်း ဂျပန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာ မျှော်မှန်းထားတာထက် ပိုပြီးရောင်းချနိုင်ခဲ့ပါတယ်။ Swiftကို Crash Testsလိုခေါ်တဲ့ တိုက်ကြေခံနိုင်ရည်အား စစ်ဆေးတဲ့နေရာမှာလည်း Euro NCAPက သတ်မှတ်တဲ့ ကြယ်ငါးပွင့်အဆင့်မှာ ကြယ်လေးပွင့်အဆင့်အထိ ရရှိခဲ့ပါတယ်။

အင်ဂျင်အမျိုးအစား

Swift ကို အင်ဂျင်ပါဝါ ၁၂၀၀ စီစီ၊ ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ၊ ၁၆၀၀ စီစီ စတာတွေ ထုတ်လုပ်ထားပေမဲ့ ၂၀၁၀ မိုဒယ်နဲ့ နောက်ပိုင်းမှာ ၁၃၀၀ စီစီ ကားတွေပဲ ထုတ်လုပ်ပါတယ်။ ၂၀၁၀ မိုဒယ်မှာ XG ၊ XL, XS စတဲ့ ဂရိတ်တွေရှိပြီး 4WD ၊ 2WD နှစ်မျိုး ထုတ်လုပ်ထားသလို Manual ဆိုရင် ဂီယာငါးချက်၊ Auto ဆိုရင် ဂီယာလေးချက်ဖြစ်ပါတယ်။ ၂၀၁၀ မိုဒယ်ရဲ့ Chassis က DBA-ZC72S ဖြစ်ပါတယ်။

ဈေးနှုန်း

Suzuki Swift ၂၀၁၀၊ ၂၀၁၁ မိုဒယ်ကို ဂရိတ်အမြင့်ထဲက နယ်လိုင်စင် အက္ခရာအမြင့်နဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၅၀ ဝန်းကျင်ရှိပြီး ရန် ကုန်လိုင်စင်ထဲက အက္ခရာအနိမ့် ဝယ်ယူမယ်ဆိုရင်တော့ သိန်း ၁၃၀ နဲ့ ၁၅၀ ကြားမှာ ရှိပါတယ်။

အပြင်ပိုင်းနှ်င့် အတွင်းခန်း အပြင်အဆင်

uzuki Swif ကို တရုတ် ၊ အိန္ဒိယ ၊ ထိုင်း နဲ့ မြန်မာအပါအဝင် အာရှနိုင်ငံတော်တော်များများမှာ တပ်ဆင်ထုတ်လုပ်ပြီး ထုတ်လုပ်တပ်ဆင်တဲ့ နိုင်ငံအပေါ်မူတည်လို့ Grade နဲ့ ပါဝင်ပစ္စည်းတွေလည်း ကွဲပြားပါတယ်။ uzuki Swift ၂၀၁၀ မိုဒယ်မှာ XG ၊ XL ၊ XS ၊ RS နဲ့ DJEစတဲ့ ဂရိတ်တွေရှိပါတယ်။ Xg ဂရိတ်ကို CVT Gear အပြင် Manual ဂီယာ ငါးချက်နဲ့လည်း ထုတ်လုပ်ထားပါတယ်။

ဒီဂရိတ်ကို အနိမ့်ဆုံးလို ဆိုနိုင်ပေမဲ့ Smart Key ၊ Digital Aricon တွေပါတယ်။ XL ဂရိတ်မှာ Smart Kay ၊ Digital Aricon အပြင် Steering Leather နဲ့ ၁၆ လက်မအလွိုင်း တွေပါဝင်ပါတယ်။ RS ဂရိတ်မှာ 2WD ၊ 4WDနှစ်မျိုးလာပြီး Skirt ပတ်လည်နဲ့ နှင်းခွဲမီးပါသွားပါတယ်။

DJE ဂရိတ်ကတော့ အမြင့်ဆုံးဖြစ်ပြီး Smart Key ၊ Digital Aricon ၊ Steering Volumn Control ၊ Leather Steering ၊ ၁၆ လက်မ အလွိုင်း ၊ နှင်းခွဲမီး နဲ့ Xenon Headlight တွေပါသွားသလို ဒိုင်းခွက်ပုံစံလည်း ကွဲပြားသွားပါတယ်။

Read 1311 times