Suzuki က ချွတ်ယွင်းချက် ရှိနေသော ကားနှစ်သန်းကို ပြည်တွင်း ဈေးကွက်ထဲမှ ပြန်လည်သိမ်းယူ


စစ်ဆေးမှုများ ပြည့်စုံလုံလောက်စွာ မလုပ်ဆောင်ခဲ့ခြင်းနှင့် လောင်စာဆီ အလေအလွင့်မရှိမှုကို ပြသသည့် အချက်အလက် မှားယွင်းနေခြင်း အပါအဝင် အခြားသော ချွတ်ယွင်းချက်များ ရှိနေသည့် မော်တော်ယာဉ် နှစ်သန်းကို ပြည်တွင်းဈေးကွက်ထဲမှ ပြန်လည်သိမ်းယူနေကြောင်း ဂျပန် Suzuki ကားကုမ္ပဏီက ဧပြီ ၁၈ ရက်တွင် ကြေညာခဲ့သည်။

လေးနှစ် သို့မဟုတ် ထိုထက်နည်းသော သက်တမ်းရှိသည့် ဈေးကွက်ထဲမှ ပြန်လည်သိမ်းယူနေရသည့် မော်တော်ယာဉ်များသည် စက်ရုံမှ ပုံမှန်စစ်ဆေးမှု မလုပ်ဆောင်ရသေးသော ယာဉ်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော သီတင်းပတ်တွင် Suzuki ကုမ္ပဏီက ၎င်း၏ စက်ရုံများ၌ မော်တော်ယာဉ်ဘရိတ်ကို စစ်ဆေးမှု၊ ခရီးအကွာအဝေး မည်မျှမောင်းနှင်ပါက လောင်စာဆီ ဂါလံ မည်မျှကုန်မည်ကို တွက်ချက်သည့် အချက်အလက် မှားယွင်းနေမှု၊ မော်တော်ယာဉ်အား နောက်ဆုံး စစ်ဆေးမှုများကို စက်ရုံဝန်ထမ်းများ လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိ မသေချာမှု စသော ပြဿနာအမြောက်အမြား ရှိနေသည်ကို ပြန်လည် စစ်ဆေးမှုအတွင်း တွေ့ရှိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဈေးကွက်အတွင်းမှ မော်တော်ယာဉ်များ ပြန်လည်သိမ်းယူခြင်းသည် ကုမ္ပဏီအား ယန်းဘီလျံ ၈၀ (ဒေါ်လာ ၇၁၅ သန်း) နစ်နာစေကာ Nissan ၊ Mazda ၊ Mitsubishi ကုမ္ပဏီသို့ တင်သွင်းရန်အတွက် Suzuki မှ ထုတ်လုပ်သည့် မော်တော်ယာဉ် အစိတ်အပိုင်းများတွင်လည်း အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေခဲ့သည်။

Read 3195 times