Suzuki Myanmar Motorမှ Ertiga ၊ Ciaz နှင့် Swift တို့ကို SKD စနစ်မှ CKD စနစ်သို့ ပြောင်းလဲမည်


Suzuki Myanmar Motor မှ တောင်ဒဂုံစက်ရုံတွင် CKD စနစ် ဖြင့် Suzuki Carry ကို ထုတ်လုပ်နေပြီး သီလဝါစက်ရုံတွင် SKD စနစ်ဖြင့် Ertiga ၊ Ciaz ၊ Swift တို့ကို တပ်ဆင် ထုတ်လုပ်လျက်ရှိ သည်။ SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်နေသည့် ကားအမျိုးအစားသုံးခုကို မြန်မာပြည် ဈေးကွက်အတွင်း မိုဒယ်တစ်ခုလျှင် အစီးရေ သုံးသောင်းစီ ရောင်းချနိုင်ပါက CKD စနစ်သို့ ပြောင်းလဲ ထုတ်လုပ်မည်ဖြစ်သည်။

“Suzuki ကားတွေကို မြန်မာ နိုင်ငံမှာ CKD စနစ်နဲ့ တပ်ဆင်ထုတ် လုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံပြီး အကြံပြု တင်ပြထားတာတွေ ရှိပါတယ်၊ SKD နဲ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ တွေအနေနဲ့ ဈေးကွက်မှာ ကားအရေ အတွက် များများရောင်းချနိုင်မှသာ CKD စနစ်ကို ကူးပြောင်းနိုင်မှာ ဖြစ် ပါတယ်၊ Suzuki Myanmar Motor အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုမှာ SKD စနစ်နဲ့ပဲ ရပ်တန့်နေမှာ မဟုတ်ပါဘူး၊ အမျိုးအစားတစ်ခု စီကို Market target အနေနဲ့ အစီး သုံးသောင်း ရောင်းချနိုင်ရင် CKD စနစ်နဲ့ ပြောင်းလဲထုတ်လုပ်မှာ ဖြစ်ပါတယ်။

Target အရင်ပြည့် တဲ့ကားအမျိုးအစားကို အရင်ဆုံး CKD နဲ့ တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်၊ အခုလည်း Market Demand များလာတဲ့အတွက် တစ်လကို အစီး တစ်ထောင်ကနေ ၁,၂၀၀ ကျော်အထိ တိုးမြှင့်ထုတ် လုပ်ဖို့ ဆောင်ရွက်နေပါတယ်”ဟု Suzuki Myanmar Motor မှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။

Suzuki Myanmar Motor မှ Suzuki Ertiga ၊ Suzuki Swift နှင့် Suzuki Ciaz တို့ကို တစ်လအစီး တစ်ထောင်ဝန်းကျင် ထုတ်လုပ်လျက်ရှိရာ အရောင်းကိုယ်စားလှယ် ၄၄ ဦးခန့်အပ်ခဲ့ပြီး ဈေးကွက်အတွင်း ကားအစီး ၁၃,၀၀၀ ကျော် ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။
 

Read 1659 times