မော်တော်ကားမူဝါဒအသစ်ကြောင့် Suzuki Myanmar Motor မှ ကားအစီးရေ ၂,၅၆၇ စီး ရောင်းခဲ့ရ


Suzuki Myanmar Motor မှ ယခုနှစ် ၁၀ လတာအတွင်း ကားအစီးရေ ၂၅၆၇ စီးရောင်းချခဲ့ကြောင်းသိရပါသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအကုန်ထိ ရောင်းချခဲ့သောကား ၂၅၆၇ စီးမှာ CKD စနစ်ဖြင့်ထုတ်လုပ်သည့် Suzuki Carry Truck အစီး ၈၅၀၊ SKD စနစ်ဖြင့် ထုတ်လုပ်သည့် Suzuki Ertiga ၈၈၆ စီးနှင့် Suzuki Ciaz ၈၃၁ စီးတို့ဖြစ်ပါသည်။

Suzuki Myanmar Motor အနေဖြင့် ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် Suzuki Carry Truck ကို တစ်လလျှင် အစီးရေ ၁၂၀ အထိ တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး Suzuki Ertiga နှင့် Suzuki Ciaz တို့ကိုလည်း တစ်လလျှင် အစီး ၂၅၀ စီး

တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်းသိရပါသည်။

စျေးကွက်ဝေစု ပိုရလာပြီး ဝယ်လိုအားများလာသည့်အတွက် Carry Truck ကို အစီး ၁၂၀ အထိ တိုးမြှင့်ထုတ်လုပ်ပေးနေပါသည်။

လူစီးကားများဖြစ်သော Ertiga နှင့် Ciaz ကိုလည်း အမျိုးအစားတစ်ခုကို အစီး ၂၅၀ စီး ထပ်တိုးထုတ်လုပ်နေပါသည်။

ဒီဇင်ဘာလအတွင်းမှာ စက်ရုံအပြောင်းအရွှေ့ပြုလုပ်ရန်ရှိပြီး သီလဝါအထူးစီးပွားရေး စက်မှုဇုန်မှာ တည်ဆောက်ထားသော စက်ရုံအသစ်ဖွင့်ပြီးပါက တစ်လကို အစီးတစ်ထောင်အထိ တိုးမြှင့်ထုတ်လုပ်ရန်ရှိကြောင်း Suzuki Myanmar Motor မှ

တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်းသိရပါသည်။

Suzuki Myanmar Motor သည် ပြည်တွင်း၌ တရားဝင် အရောင်းကိုယ်စားလှယ် ၂၁ ဦးအထိ ခန့်အပ်ထားပြီး အစီးရေ တိုးမြှင့်ထုတ်လုပ်နိုင်ပါက ကိုယ်စားလှယ်အသစ်များ ထပ်မံခန့်အပ်ရန်ရှိကြောင်းလည်း သိရပါသည်။

Suzuki Myanmar Motor သည် Pick-up အမျိုးအစား Carry Truck ကို သိန်းရှစ်ဆယ်၊ MVP အမျိုးအစား Eritga ကို ကျပ်သိန်း ၂၃၀၊ Sedan အမျိုးအစား Ciaz ကို ကျပ် ၂၄၅ သိန်းတို့ဖြင့် အရောင်းကိုယ်စားလှယ်များမှတဆင့် ရောင်းချပေးနေကြောင်းသိရပါသည်။

 

Read 1611 times