ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် Suzuki လူစီးကား အစီး ၁၁,၀၀၀ ကျော် ကနဦးမှတ်ပုံတင် ပြုလုပ်


ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် Suzuki လူစီးကား အစီး ၁၁,၀၀၀ ကျော် ကနဦးမှတ်ပုံတင် ပြုလုပ်ထားပြီး ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ သိရပါတယ်။

Suzuki Myanmar Motor မှ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် လူစီးကား များဖြစ်သော Suzuki Ertiga ၊ Suzuki Ciaz နှင့် Suzuki Swift တို့ကို စတင်ထုတ်လုပ်သည့် အချိန်မှစ၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ကနဦးမှတ်ပုံတင် ပြုလုပ်ခဲ့ရာတွင် အစီးရေ ၁၁,၁၈၀ ရှိခဲ့ပါတယ်။ ယင်းထဲတွင် Suzuki Ertiga ၅,၀၅၁ စီး၊ Suzuki Ciaz ၅,၀၈၅ စီးနှင့် Suzuki Swift ၁,၀၄၄ စီးတို့ ကနဦးမှတ်ပုံတင်ပြုလုပ် ထားပြီးဖြစ်ကြောင်း သိရပါတယ်။

“Suzuki Myanmar Motor ကနေ SKD စနစ်နဲ့ တပ်ဆင်ထုတ် လုပ်ထားတဲ့ လူစီးကား အစီး ၁၁,၀၀၀ ကျော်ကို ကနဦးမှတ်ပုံတင်ပြုလုပ် ထားပြီး ဖြစ်ပါတယ်၊ တစ်ပတ်ကို Suzuki အပါအဝင် ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ ကားအစီးခြောက်ဆယ်ကျော် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ပါတယ်”ဟု ထောက်ကြန့်ကနဦးမှတ် ပုံတင်ဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ပြည်တွင်း၌ Suzuki ကားအမျိုးအစားလေးမျိုး တပ်ဆင်ထုတ်လုပ်နေသည့် Suzuki Myanmar Motor သည် ဇန်နဝါရီ ၁ ရက်မှ စ၍ ဈေးနှုန်းများ ပြောင်းလဲခဲ့ရာ စက်ရုံထုတ်ဈေးအဖြစ် Suzuki Ciaz ကို ကျပ် ၂၇၂ သိန်း၊ Suzuki Swift GLX ကို ကျပ် ၂၄၁ သိန်း၊ Suzuki Swift GL ကို ကျပ် ၂၀၉ သိန်းနှင့် Suzuki Carry ကို ကျပ် ၉,၀၁၀,၀၀၀ သတ်မှတ်ထားကြောင်း သိရပါတယ်။

Read 464 times