Suzuki Motor က kei အတန်းအစား အီးဗီ ထုတ်လုပ်မည်


Suzuki Motor  က လျှပ်စစ်ကားကို ဂျပန်ပြည်တွင်းဈေးကွက်အတွက် ကားအငယ်စားမော်ဒယ်တွေ ၂၀၂၅ မှာ ထုတ်လုပ်ဖို့ အစီအစဉ် ချမှတ်ထားပြီး ဈေးနှုန်းက ယန်း ၁ သန်းပတ်လည် အမေရိကန်ဒေါ်လာ ၈,၈၀၀ ဝန်းကျင် ဖြစ်ပါတယ်။ အစိုးရထံမှ ထောက်ပံ့မှု ရယူပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
အိန္ဒိယဈေးကွက်အတွက်လည်း လျှပ်စစ်ကား ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ 
minicar တွေ ဖြစ်တဲ့ kei  အတန်းအစားကားတွေကို လျှပ်စစ်ကားအဖြစ်ဖြင့် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ရောင်းဈေး ယန်း ၁ သန်းပတ်လည် ဖြင့် ရောင်းနိုင်အောင်  ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ 

ဂျပန်ကားလုပ်ငန်းတွေက တန်ဖိုးသင့် လျှပ်စစ်ကား ထုတ်လုပ်နိုင်ရေးကို အစီအစဉ်ချမှတ် လုပ်ဆောင်လျက် ရှိပါတယ်။ Nissan Motor နဲ့  Mitsubishi Motors တို့က နောက်နှစ်မှာ ဂျပန်ပြည်တွင်းဈေးကွက်အတွက် ယန်း ၂ သန်းပတ်လည် ရောင်းဈေးရှိတဲ့ ကားငယ်တွေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

တရုတ်ကားထုတ်လုပ်သူတွေက တန်ဖိုးသင့် လျှပ်စစ်ကား အတန်းအစားမှာ အမေရိကန်ဒေါ်လာ ၄,၅၀၀ ပတ်လည် ရောင်းဈေးဖြင့် ထုတ်လုပ်ရောင်းချကြပါတယ်။ ဒီတော့ ဂျပန်တန်ဖိုးသင့် ကားငယ်တွေက အမြင်မှာလည်း တင့်တင့်တယ်တယ် ရှိပြီး ဈေးပိုပေးရတာအတွက် အရည်အသွေးစံ ပိုမြင့်မားမှ တန်ဖိုးသင့် ကားဈေးကွက်မှာ ဈေးပိုပေးရတာအတွက် ထိုက်တန်မှု ရှိတယ်လို့ ဝယ်စီးမယ့်သူတွေက ရှုမြင်ကြမှာ ဖြစ်ပါတယ်။ ဂျပန် တန်ဖိုးသင့် လျှပ်စစ်ကားကို ဝယ်စီးဖို့ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ 

Read 2425 times