Suzuki ကားစက်ရုံကို Maruti Suzuki ဝယ်ယူ


Suzuki ကားစက်ရုံကို Maruti Suzuki ဝယ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အိန္ဒိယနိုင်ငံတွင် ရောင်းချသည့် ကားအစီးရေ အများဆုံး ကုမ္ပဏီဖြစ်သည့် Maruti Suzuki က Suzuki Motor ၏ ကားစက်ရုံ တစ်ရုံကို ဝယ်ယူလိုက်သည်။ ငွေသားဖြင့် ပေးချေခြင်း မပြုပဲ ရှယ်ယာပိုင်ဆိုင်မှုဖြင့် ပေးချေသည်။
သို့ဖြစ်ရာ Maruti Suzuki တွင် Suzuki Motor ပိုင်ဆိုင်သည့် ရှယ်ယာ ပိုများသွားမည် ဖြစ်သည်။
 
လက်ရှိတွင် Suzuki Motor က Maruti Suzuki တွင် ရှယ်ယာ ၅၆.၄၈% ပိုင်ဆိုင်သည်။ စက်ရုံ အရောင်းအဝယ် ပြီးမြောက်သည့်အခါ နောက်ထပ် ၁.၈% တိုးမည် ဖြစ်သည်ဟု Maruti ၏ ဘဏ္ဍာရေးမှူးချုပ်  Ajay Seth က ခန့်မှန်းပြောကြားသည်။

စက်ရုံ၏ တန်ဖိုးကို ဩဂုတ်လ ၂၉ ရက်တွင် ရှိနေမည့် တန်ဖိုးဖြင့် ရာဖြတ်သည်။ ၎င်းတန်ဖိုးအရ ရှယ်ယာများကို Suzuki Motor ထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး ရှယ်ယာဈေးနှုန်း ပေါက်ဈေးအရ ရှယ်ယာအရေအတွက် အနည်းအများ ပြောင်းလဲမည် ဖြစ်သည်။ ရှယ်ယာ တွက်ချက်မည့် ရက်မှာ ရှယ်ယာအနည်းစု ပိုင်ဆိုင်သူများက စက်ရုံအရောင်းအဝယ်ကို သဘောတူပြီးမှ စဉ်းစားမည် ဖြစ်သည်။ ၎င်းတို့ထံမှ သဘောတူညီချက် ရရှိမှသာ အရောင်းအဝယ် အထမြောက်နိုင်မည် ဖြစ်သည်။

အဆိုပါစက်ရုံသည် အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် တည်ရှိသည်။ လက်ရှိတန်ဖိုး ရူပီး ၁၂၈ ဘီလီယံ(ကန်ဒေါ်လာ ၁.၅၅ ဘီလီယံ) ရှိသည်။
စက်ရုံကို ဆူဇူကီးက ပိုင်ဆိုင်သည်။ ၂၀၁၄ ခုနှစ်မှစ၍ ရူပီး ၁၈၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ Maruti အတွက် ကားများသာ ထုတ်လုပ်သည်။ တစ်နှစ်လျှင် အစီးရေ ၇၅,၀၀၀ အထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။
စက်ရုံတွင် Maruti ၏ အီးဗီမော်ဒယ်များကိုလည်း ထုတ်လုပ်မည်။ Maruti က ၂၀၃၀ ပြည့်နှစ် မတိုင်ခင် အီးဗီ မော်ဒယ် ၆ မျိုး ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။
Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2188 times