Suzuki နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ပူးပေါင်းပြီး Smart Auto Finance စနစ်ဖြင့် အရစ်ကျ ကားဝယ်ယူနိုင်


Suzuki နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ပူးပေါင်းပြီး Smart Auto Finance အစီအစဉ်နှင့် တိုင်းဒေသကြီး ခုနှစ်ခုတွင် ရှိသည့် Suzuki တရားဝင်ကိုယ်စားလှယ်များ၏ အရောင်းပြခန်း ၂၁ ခုတွင် အရစ်ကျဖြင့် ကားဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အကောင်းဆုံးဇိမ်ခံကား Suzuki Ciaz ထိုင်ခုံ ခုနှစ်ခုံပါသည့် Suzuki ertiga တို့ကိုအလွယ်တကူဝယ်ယူနိုင်မည် ဖြစ်ပါသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်မှအကြီးတန်းမန်နေဂျာပြောကြားချက်အရ လစဉ်အတိုးအရင်းသွင်းရမည့် ပုံစံမျိုးနှင့် သွင်းရမည်ဖြစ်ပြီး အထောက်အထားပြည့်စုံပါက ငါးရက်ဟု သတ်မှတ်ထားပါသည်။

ယင်းငါးရက်အတွင်း ခွင့်ပြုမည်၊ ခွင့်မပြုဘူးအကြောင်းကြားပေးမည် ဖြစ်ကြောင်း ပြောကြားထားပါသည်။

မြန်မာပြည်က သုံးစွဲသူများဆီသို့ Suzuki ၏ ဘယ်မောင်းကားသစ်များကို ရောက်ရှိမည် ဖြစ်ပါသည်။

သုံးစွဲသူများအနေဖြင့် ငါးနှစ်အထိ အရစ်ကျပေးချေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အရစ်ကျအနေဖြင့် ပထမဦးဆုံး ၂၅ ရာခိုင်နှုနး်ကိုပေးသွင်းရမည်ဖြစ်ပြီး အတိုးနှုန်း ကားတန်ဖိုး၏ ၁၃ ရာခိုင်နှုန်းပေးချေရမည်ဖြစ်ကြောင်းသိရသည်။

ကျန် ရ၅ ရာခိုင်နှုန်းကို မိမိ၀ယ်နိုင်မည့်နှစ်ပေါ်မူတည်ပြီး အရစ်ကျပေးချေသွားရမည် ဟု သိရသည်။

Suzuki Ciaz ကိုဝယ်မည်ဆိုပါက ငါးနှစ်စာအရစ်ကျအတွက် တစ်လကို ကျပ် ၄၁၇,၉၆၅ ရှိပြီး Suzuki Ertiga ကိုဝယ်မည်ဆိုပါက ငါးနှစ်စာအရစ်ကျအတွက် တစ်လကို ၃၉၂,၃၇၆ ကျပ်ဖြစ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အများအားဖြင့် ကားများကို အရစ်ကျပေးချေသည့်စနစ်ဖြင့် ၀ယ်ကြပြီး ထိုင်းနိုင်ငံတွင် ၈၀ ရာခိုင်နှုန်းသည် ကားကို အရစ်ကျပေးဝယ်စီးကြခြင်းဖြစ်ပါသည်။

မြန်မာပြည်တွင်တော့ ၂၀ ရာခိုင်နှုန်းသာ အရစ်ကျစနစ်ကို အသုံးပြုကြခြင်းဖြစ်ပါသည်။

 

Read 2852 times