စူဇူကီးက ဂျပန်သို့ တင်ပို့ရန် အီးဗီများကို အိန္ဒိယမှာ ထုတ်လုပ်မည်


စူဇူကီးက ဂျပန်သို့ တင်ပို့ရန် အီးဗီများကို အိန္ဒိယမှာ ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Suzuki Motor သည် ၎င်း၏ အိန္ဒိယမှ လုပ်ငန်းခွဲကို လျှပ်စစ်ကားများအတွက် ပို့ကုန်အချက်အချာတစ်ခုအဖြစ် ရပ်တည်ပြီး  ကမ္ဘာနှင့်အဝှမ်း အီးဗီ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန် ရည်ရွယ်ထားသည်။


စူဇူကီးသည် အိန္ဒိယမှာ ထုတ်လုပ်သော အီးဗီများကို အစောဆုံးအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

အီးဗီ ၀ယ်လိုအား အားကောင်းနေသည့် ဥရောပသို့လည်း တင်ပို့ရောင်းချရန် စီစဉ်ထားသည်။

 Suzuki သည် အိန္ဒိယ ပြည်တွင်းဈေးကွက်၏ ကြီးမားသော အလားအလာနှင့် ထုတ်လုပ်မှုစရိတ်သက်သာခြင်းတို့ကြောင့် အိန္ဒိယကို ၎င်း၏ ပထမဆုံး အီးဗီ ထုတ်လုပ်မှုဗဟိုချက်အဖြစ် ရွေးချယ်ခဲ့သည်။

ဂျပန် ကားထုတ်လုပ်သူတို့၏ ထုံးစံမှာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော ကိစ္စရပ်များအတွက် အရင်းအမြစ်များနှင့် ဝန်ထမ်းများ  ပေါများသည့် ဂျပန်မှာ တီထွင်ဖန်တီးမှုများ၊ ဖွံ့ဖြိုးရေးနှင့် စတင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ကြသည်။ ပြီးမှ ထုတ်လုပ်ရေးလိုင်းများကို ပြည်ပတွင် စတင်ကြသည်။  ကားများ ထုတ်လုပ်ကြသည်။

တိုယိုတာ နှင့် နီဆန်း တို့သည် ဂျပန်နိုင်ငံတွင် ၎င်းတို့၏ အီးဗီ များကို စတင်ထုတ်လုပ်ခဲ့ကြသည်။

စူဇူကီးသည်  အိန္ဒိယတွင် စတင်ထုတ်လုပ်ရန် စီစဉ်ခြင်းသည် ဂျပန်ကားထုတ်လုပ်သူများကြားတွင် အထူးအဆန်း ဖြစ်နေစေသည်။
 
 စူဇူကီး၏ အိန္ဒိယလုပ်ငန်းခွဲ Maruti Suzuki သည် အိန္ဒိယတွင် အကြီးဆုံး ကားထုတ်လုပ်သူဖြစ်သည်။ အိန္ဒိယ အိမ်စီးကားစျေးကွက်တွင် ဈေးကွက်ဝေစု ၄၀% ခန့် အခိုင်အမာ ရရှိထားသည်။

မာရူတီ စူဇူကီး သည် အနောက်ပိုင်းမှ ဂူဂျာရတ်ပြည်နယ်တွင် အီးဗီများအတွက် ထုတ်လုပ်မှုလိုင်းအသစ်ကို ထူထောင်မည်ဖြစ်သည်။
ထုတ်လုပ်မှုကို ၂၀၂၄ တွင်စတင်မည် ဖြစ်သည်။

အိန္ဒိယတွင် ထုတ်လုပ်မှု စရိတ်သက်သာသည်။ 
ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့ Japan External Trade Organization (JETRO)၏ ကိန်းဂဏန်းများအရ အိန္ဒိယနိုင်ငံတွင် ကုန်ထုတ်လုပ်မှုစရိတ်သည် ဂျပန်နိုင်ငံထက် ယေဘူယျအားဖြင့် ၂၀% သက်သာသည်။
သို့ဖြစ်ရာ စူဇူကီးသည် အိန္ဒိယတွင် ထုတ်လုပ်မည့် အသေးစား SUV အီးဗီများကို ယန်း ၃ သန်း (ဒေါ်လာ ၂၀,၀၀၀) မှ ယန်း ၄ သန်းဝန်းကျင် ဈေးနှုန်းဖြင့် တင်ပို့နိုင်ရန် မျှော်လင့်ထားသည်။


စူဇူကီး၏ ဥရောပ အီးဗီ အစီအစဉ်သည် လမ်းကြောင်း ၂ ခုဖြင့် မောင်းနှင်မည် ဖြစ်သည်။

• အိန္ဒိယမှာ ထုတ်လုပ်သည့် အီးဗီများကို စူဇူကီး အမှတ်တံဆိပ်ဖြင့် ဥရောပမှာ ရောင်းချမည်။
• တိုယိုတာနှင့် စီးပွားဖက်ပြုပြီး တိုယိုတာအတွက် အီးဗီများကို တိုယိုတာ၏ အမှတ်တံဆိပ်ဖြင့် အိန္ဒိယတွင် ထုတ်လုပ်ပေးပြီး ဥရောပမှ တိုယိုတာထံ ပေးပို့မည်။

  
Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1576 times