Suzuki Ertiga 681 စီးကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်


မြန်မာ့ဆူဇူးကီးမိုတာမှ SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချသော Suzuki Ertiga ၆၈၁ စီးကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ပြီးဖြစ်ကြောင်းသိရသည်။

မြန်မာဆူဇူကီးမိုတာမှ SKD(Semi-Knocked Down) စနစ်ဖြင့် ထုတ်လုပ်ထားသော Ertiga ကားများကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှစ၍ မြန်မာနိုင်ငံအနှံ့ရှိ အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၂၀၁၆ ခုနှစ် တွင် Suzuki မိုဒယ်အသစ်ကို ထပ်မံမိတ်ဆက်ခဲ့ကြောင်းသိရသည်။

Suzuki Ertiga မှကားများကို စတင်ထုတ်ပေးသည့်အချိန်မှစတင်ပြီး ယခုလထမပတ်အထိ ၅၉၁ စီး ကနဦးမှတ်ပုံတင်ပြုလုပ်ထားပြီး အစီးကိုးဆယ်မှာ နံပါတ်သာထုတ်ယူရပါသည်။

ဇန်နဝါရီ ၁၁ ရက်အထိအခွန်ကင်းလွတ်ခွင့်ရသော Nissan Leaf လျှပ်စစ်ကား ၁၄၉ စီးလည်းကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ထားပါသည်။

မြန်မာနိုင်ငံတွင် Myanmar Suzuki Motor မှ CKD၊ SKD စနစ်ဖြင့် အပေါ့စားကုန်တင်ယာဉ်နှင့် လူစီးယာဉ်များကို ထုတ်လုပ်ရောင်းချနေသကဲ့သို့ Tan Chong Motor မှလည်း SKD စနစ်ဖြင့် Sunny Sedan ကားများကို ထုတ်လုပ်နေပြီးဖြစ်ကြောင်းသိရသည်။

 

Read 4150 times