Suzuki က အန္ဒိယဈေးကွက်မှာ အီးဗီအတွက် ဒေါ်လာ ၁.၃ ဘီလီယံကျော် သုံးစွဲ


Suzuki က အန္ဒိယဈေးကွက်မှာ အီးဗီအတွက် ဒေါ်လာ ၁.၃ ဘီလီယံကျော် သုံးစွဲ

Suzuki Motor Corp သည် အိန္ဒိယနိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုကို တည်ထောင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌToshihiro Suzuki က  ပြောကြားခဲ့ပါတယ်။ ဂျပန်ကားထုတ်လုပ်‌ရေးလုပ်ငန်း Suzuki Motor Corp အတွက် လျှပ်စစ်ကား အချက်အချာဖြစ်လာမယ့် အိန္ဒိယစျေးကွက်အတွင်းသို့ ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

Suzuki Japan က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ ကုမ္ပဏီအသစ်သည် Suzuki အတွက်  သုတေသနနှင့် ဖွံ့ဖြိုး‌ရေး ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အိန္ဒိယနှင့် အခြားသော ကမ္ဘာ့ဈေးကွက်များတွင် စွမ်းဆောင်ရည် မြှင့်တင်ဖို့ အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ Suzuki Group အတွက် အရေးပါဆုံးနိုင်ငံတစ်ခု ဖြစ်လာတဲ့အလျောက် အိန္ဒိယနိုင်ငံမှာ Suzuki Group က အကြီးအကျယ် ရင်းနှီးမြှုပ်နှံလျက် ရှိကြောင်း ၎င်းက ပြောကြားပါတယ်။


Suzuki ရဲ့ အိန္ဒိယနိုင်ငံမှ လုပ်ငန်းခွဲ Maruti Suzuki က အိန္ဒိယပြည်တွင်းဈေးကွက်နှင့် ပြည်ပတင်ပို့ရန် ဓာတ်ဆီအင်ဂျင်ကားများကို အိန္ဒိယမှာ ထုတ်လုပ်ပါတယ်။ ဂူဂျာရပ်ပြည်နယ်မှာ စက်ရုံထားရှိပါတယ်။ ၂၀၂၅ မှာ ၎င်းစက်ရုံမှ အီးဗီများ စတင်ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ အီးဗီဘက်ထရီများ ထုတ်လုပ်ဖို့ ဂူဂျာရပ်ပြည်နယ်မှာ နောက်ထပ် စက်ရုံတစ်ရုံ ထူထောင်ပါမယ်။ ၂၀၂၆ မှာ အီးဗီဘက်ထရီများ စတင် ထုတ်လုပ်ပါမယ်။

အိန္ဒိယနိုင်ငံမှာ အီးဗီထုတ်လုပ်ရေး အစီအစဉ်အတွက် ရူပီး ၁၀၄ ဘီလီယံ (ကန်ဒေါ်လာ ၁.၃ ဘီလီယံ) ကျော် သုံးစွဲမယ်လို့ Suzuki Group က ပြောကြားခဲ့ပါတယ်။ Suzuki Group အနေဖြင့် အီးဗီနှင့် ဘက်ထရီတို့အတွက် ရင်းနှီးမြှုပ်နှံမှုများအနက် အကြီးမားဆုံး ပမာဏ ဖြစ်ပါတယ်။
အိန္ဒိယတွင် Suzuki Group က ရူပီးငွေ ဘီလီယံ ၆၅၀ ရင်းနှီးမြုပ်နှံထားပြီးဖြစ်ပါတယ်။

Suzuki က ပြည်တွင်းအသုံးပြုရန်နှင့် ပြည်ပတင်ပို့မှုအတွက် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများထုတ်လုပ်ဖို့ ဂျပန်နိုင်ငံ Denso Corp  နှင့် Toshiba Corp တို့နှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိပါတယ်။ 

 သေးငယ်ပြီး တန်ဖိုးနည်းကားများဖြင့် အိန္ဒိယ ကားစျေးကွက်ကို လွှမ်းမိုးထားတဲ့ Maruti မှာ Suzuki က ရှယ်ယာအများစု ပိုင်ဆိုင်ထားပါတယ်။ 
ခေတ်ရေစီးကြောင်းက sports-utility vehicles(SUV) ရေပန်းစားနေတဲ့အတွက် ကားဝယ်စီးသူများက SUV ကို ရွေးချယ်ကြတာ ပိုများလာနေပါတယ်။ Suzuki က အီးဗီ လမ်းကြောင်းပေါ် ရောက်ရှိတဲ့အခါ အိန္ဒိယဈေးကွက်အတွက် SUV မော်ဒယ် ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။
 Source Reuters 
 #MyanmarAutomobileGuide 
 Telegram Channel  https://t.me/Guid4U

Read 210 times