Suzuki Corp က အိန္ဒိယ ဗဟိုချက်ထားပြီး ဆိုင်ကယ်များ ထုတ်လုပ်မည်


Suzuki Corp က အိန္ဒိယ ဗဟိုချက်ထားပြီး ဆိုင်ကယ်များ ထုတ်လုပ်မည်


Suzuki Corp က ကမ္ဘာ့ဈေးကွက်အတွက်  125cc -300cc အင်ဂျင် တပ်ဆင်တဲ့ မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရေးမှာ အိန္ဒိယနိုင်ငံကို ထုတ်လုပ်ရေးအချက်အချာအဖြစ် ထားရှိမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Suzuki Motorcycles India ရဲ့ စက်ရုံကို 125-250cc နှင့် 300cc မော်တော်ဆိုင်ကယ် အငယ်စားများအတွက် မိခင်စက်ရုံအဖြစ် ထားရှိဖို့ ရုံးချုပ်မှ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ထိုဆုံးဖြတ်ချက်ကို ယမန်နှစ်ကတည်းက အကောင်အထည်ဖော်ဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။"ယခုနှစ်မှာတော့ ထိထိရောက်ရောက် အကောင်အထည်ဖော်နေပါပြီ" လို့ Suzuki Motorcycle India အမှုဆောင် တွဲဘက်ဥက္ကဋ္ဌ Devashish Handa က ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ Suzuki မော်တော်ဆိုင်ကယ် ၇၅၄,၉၃၈ စီး ရောင်းချခဲ့ပါတယ်။ ဟာယနပြည်နယ် ဂူရူဂရမ်မှ စက်ရုံက တစ်နှစ်လျှင် စီးရေ တစ်သန်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။

Suzuki Motorcycle India Pvt Ltd (SMIPL) ရဲ့ မိခင်ကုမ္ပဏီ Suzuki Motor Corporation က 125-250cc နှင့် 300cc အင်ဂျင် အရွယ်အစား မော်တော်ဆိုင်ကယ်များကို ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့ဖို့ ဗဟိုချက် တစ်နေရာအဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်သတ်မှတ်ထားပါတယ်။

၂၀၂၁ မှာ Suzuki Motorcycle India Pvt Ltd (SMIPL) မှ ထုတ်လုပ်ပြီး ပြည်ပတင်ပို့တဲ့ မော်တော်ဆိုင်ကယ်စီူရေက ၂၀၂၀ ထက် ၂ ဆတိုးခဲ့ပြီး စီ‌းရေ ၁၄၅,၀၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ 

 

 

154.9 cc အင်ဂျင် တပ်ဆင်ထားတဲ့  Suzuki Gixxer  မော်တော်ဆိုင်ကယ်များကို အိန္ဒိယတွင် ထုတ်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လ်ဒိုက်၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာ၊ လက်တင်အမေရိကနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အာဖရိကနိုင်ငံများသို့ လောလောဆယ်မှာ တင်ပို့နေပြီ ဖြစ်ပါတယ်။ 
နယူးဇီလန်၊ တိုင်ဝမ်နှင့် တောင်အာဖရိက ဈေူကွက်များသို့ ပရီမီယံမော်တော်ဆိုင်ကယ် မော်ဒယ်များ တင်ပို့ဖို့ ရည်မှန်းထားပါတယ်။

အိန္ဒိယပြည်တွင်းဈေးကွက်မှာ ပရီမီယံမော်တော်ဆိုင်ကယ်များက ဈေးကွက်ဝေစု ၂၀% ရှိပြီး အလုပ်ကိစ္စအတွက်သုံးတဲ့ မော်တော်ဆိုင်ကယ်များက ဈေးကွက်ဝေစု ၅၀% ရရှိထားပါတယ်။ စကူတာများက ဈေးကွက်ဝေစု ၃၀% ရရှိပါတယ်။

Suzuki Motorcycles India မှ ထုတ်လုပ်တဲ့ စကူတာများက  စကူတာရောင်းအားစုစုပေါင်းရဲ့ ၉၄% အထိ ဝေစု ရရှိထားပါတယ်။ 


Suzuki က Access 125, Avenis,  Burgman Street စကူတာများ အိန္ဒိယမှာ ရောင်းချပါတယ်။ Intruder, Gixxer မော်တော်ဆိုင်ကယ်များအပြင် စူပါအတန်းအစားမှ Hayabusa, V-Strom 650 တို့ကိုလည်း အိန္ဒိယမှာ ရောင်းချပါတယ်။

Read 942 times