လတ်တလောစိတ်ဝင်စားမှုအများဆုံး Suzuki Ciaz ကားအကြောင်း


Ciaz ကို Suzuki က ၂၀၁၄ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး အရှေ့အာရှနိုင်ငံများဖြစ်သော  အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် တပ်ဆင်ထုတ်လုပ်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် Suzuki Ciaz ကို ၂၀၁၆ခုနှစ်တွင် SKD စနစ်ဖြင့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၇မိုဒယ်အဖြစ် စျေးကွက်တွင် စတင်ရောင်းချခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့်အတွက် စျေးနှုန်းသက်သာပြီး ရန်ကုန်လိုင်စင်အမည်ပေါက် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

Ciaz ၏ ကိုယ်ထည်ဒီဇိုင်းကို သပ်သပ်ရပ်ရပ်နှင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းကို တွေ့ရပါသည်။

ရှေ့မျက်နှာစာတွင် ခရိုမီယမ် Grille (ရှဲလ်) ကို အသုံးပြုထားပါသည်။

ညပိုင်းတွင် မြင်ကွင်းများကို ရှင်းလင်းစွာ မြင်နိုင်ရန် Halogen Projector Headlight များ တပ်ဆင်ထားပြီး လှပကျစ်လျစ်သေသပ်သော နှင်းခွဲမီးတစ်ကိုပါ အားဖြည့်တပ်ဆင်ထားပါသည်။

နောက်ကြည့်မှန်များကို လျှပ်စစ်နှင့် ခေါက်/သိမ်းနိုင်ပြီး ကားများတွင် ၁၆လက်မ အလူမီနီယမ် အလွိုင်းဘီးများ တပ်ဆင်ထားပါသည်။

မြေပြင်မှ ကားအောက်ပိုင်းအမြင့်  (Ground Clearance) သည် ၁၆၀မီလီမီတာ ရှိသောကြောင့် မည်သည့်လမ်းတွင်မဆို အလိုက်သင့်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

ကိုယ်ထည်အရောင်များအနေနှင့် Snow White Pearl၊ Dignity Brown Pearl Metallic နှင့် Super Black Pearl အရောင်သုံးရောင်ထုတ်လုပ်ထားပါသည်။

အတွင်းခန်းကို ကျယ်ကျယ်ဝန်းဝန်းနှင့် သက်သောင့်သက်သာဖြစ်စေရန် ဖန်တီးပေးထားပါသည်။

အတွင်းခန်းတွင် Aircon Control ပြုလုပ်နိုင်သော Leather Steering၊ Fabric ထိုင်ခုံ၊ နောက်ခန်းအတွက်ပါ Aircon Vent ပါဝင်သော Auto Aircon စနစ်၊ နောက်ကြည့်မှန် မော်နီတာ၊ Remote Control Door Lock စနစ်၊ Push-start အင်ဂျင် စသည်တို့ကို ပြည့်ပြည့်စုံစုံ ထည့်သွင်းတပ်ဆင်ပေးထားပါသည်။

ဖျော်ဖြေရေးအတွက် CD၊ MP3၊ WMA၊ စမတ်ဖုန်းနှင့် ချိတ်ဆက်နိုင်သော Bluetooth စသည်များ အသုံးပြုနိုင်မည်ဖြစ်ပြီး စပီကာလေးလုံး၊ Tweeter နှစ်လုံးတပ်ဆင်ပေးထားပါသည်။

Ciaz တွင် လုံခြုံရေးစနစ်များ အနေနှင့် ရှေ့ခန်းတွင် SRS အသက်ကယ်လေအိတ်တစ်စုံ၊ ABS နှင့် EBD စနစ်၊ ပါကင်ဆင်ဆာ၊ နောက်ကြည့်ကင်မရာ၊ Brake Assist Function ၊ Immobilizer နှင့် Security Alarm များ တပ်ဆင်ပေးထားပါသည်။

2017မိုဒယ် Ciaz ၏ စျေးနှုန်းက ကျပ် ၂၄၅သိန်း (ဝင်ငွေခွန်နှင့် ကညနခွန် မပါဝင်) ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်မြို့များတွင်ရှိသော Suzuki ကားအရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း အာမခံဖြင့် ရောင်းချပေးလျက်ရှိပါသည်။

Read 3795 times