ဆူဇူကီးမြန်မာမိုတာမှ SKD စနစ်ဖြင့်ထုတ်လုပ်သော Suzuki Ciaz Sedan ကနဦးမှတ်ပုံတင်လာရောက်ပြုလုပ်


ပြည်တွင်းကုမ္ပဏီဆူဇူကီးမြန်မာမိုတာမှ SKD စနစ်ဖြင့်ထုတ်လုပ်သော Suzuki Ciaz Sedan အစီးငါးဆယ်ကျော်ကိုကနဦးမှတ်ပုံတင်လာရောက်ပြုလုပ်ထားပြီးဖြစ်ကြောင်းသိရသည်။

ဆူဇူကီးမြန်မာမိုတာမှ SKD(Semi-Knocked Down) စနစ်ဖြင့်ထုတ်လုပ်ထားသော Ciaz Sedan ကို ၂၀၁၆ ခုနှစ်၊နိုဝင်ဘာလတွင်ဈေးကွက်အတွင်းသို့မိတ်ဆက်ပြသခဲ့ပြီးတရားဝင်အရောင်းပြခန်းမှတစ်ဆင့် ရောင်းချခဲ့ရာ ၂၀၁၇ ခုနှစ်မတ်လကုန်အထိ ၂၃ စီး ကနဦးမှတ်ပုံတင်လုပ်ဆောင်ထားကာ မှတ်ပုံတင်ပြုလုပ်ရန် ၃၅ စီးကျန်သေးကြောင်းသိရသည်။

ဆူဇူကီးမြန်မာမိုတာမှ ထုတ်လုပ်သည့်အခြားကားအမျိုးအစားဖြစ်သော Suzuki Ertige ၇၅၃ စီးကိုလည်း ကနဦးမှတ်ပုံတင်ပြုလုပ်ထားပြီးဖြစ်ကြောင်းသိရသည်။

Suzuki Ciaz သည် 1.4 liters ဓာတ်ဆီအင်ဂျင်တပ်ဆင်အသုံးပြုထားပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပုသိမ်၊ မကွေးစသည့်မြို့များတွင်ရှိသော ဆူဇူကီးအရောင်းပြခန်းများတွင် ကျပ် ၂၄၅ သိန်း(ဝင်ငွေခွန်) မပါဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

Read 5011 times