အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် Suzuki Ciaz


Suzuki Ciaz Sedan သည် နာမည်ကျော် Suzuki ၏ အထူးထင်ရှားသော Sedan ဖြစ်ပြီး

၎င်း၏ Moto ဖြစ်သည့် The Icon of Glory ခေါ် အောင်မြင်မှု အမှတ်သင်္ကေတအတိုင်း လှပဆန်းသစ်သော ဒီဇိုင်းဖန်တီးမှု၊ ယုံကြည်စိတ်ချရမှု၊ မိသားစုအသုံးပြုရန် အထူးကိုက်ညီမှု၊ စွမ်းဆောင်ရည် မြင့်မားပြီး ဆီစားနှုန်းအထူးသက်သာသည့် အင်ဂျင်စနစ်နှင့် အဆင့်မြင့်နည်းပညာသုံး Safety System များစွာပါရှိမှု စသည့် ထူးခြားချက်များနှင့် ပြည့်စုံသည့်ကား ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် ရောင်းချနေသည့် Suzuki Ciaz သည် လူတန်းစားမရွေး အထူးနှစ်သက်သည့် ကားမော်ဒယ်အဖြစ် ရေပန်းစားအောင်မြင်နေသည်မှာ ၎င်း၏ ပြီးပြည့်စုံမှုရှိသော ဖန်တီးမှုများကြောင့်ပင် ဖြစ်ပါတယ်။

အပြင်ပိုင်း အပြင်အဆင်

လှပခံ့ညားမှုရှိသည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားသော Suzuki Ciaz Sedan ၏ အသွင်အပြင်သည် လူကြီး၊ လူငယ်မရွေး နှစ်သက်သည့်ဒီဇိုင်းဖြစ်ပြီး အထူးဆွဲဆောင်မှုရှိသည့် အရှေ့ရှ်လ်ဒီဇိုင်းတွင် Suzuki Logo အား အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Halogen Projector Headiamps နှင့် နှင်းခွဲမီးများလည်း ပေါင်းစပ်ပါဝင်မှာ ဖြစ်ပါတယ်။

ကားတံခါးကိုလည်း Keyless Entry/Ignition စနစ်ပါသည့် အရှေ့တံခါး၊ လှပသည့် ဒီဇိုင်းဖန်တီးမှုဖြစ်သည့် 16 inches Aluminium Alloy Wheels နှင့် 160 mm ရှိသည့် ကားအောက်ပိုင်းအမြင့်တို့သည် Suzuki Ciaz အား နေရာမရွေး အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကားနောက်ပိုင်းဒီဇိုင်းကို ဆန်းသစ်သည့် နောက်ဘက်မီးတန်းများပါရှိသော ကားနောက်ဖုံးတွင် Rear Parking Sensor နှင့် Chrome Hood Lid Ornament တို့ကို ထည့်သွင်းထားပါတယ်။

အတွင်းခန်း အပြင်အဆင်

Suzuki Ciaz အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပြီး ထိုင်ခုံများသည် တန်ဖိုးမြင့် သားရေများဖြင့် ချုပ်လုပ်ထားသည့် ထိုင်ခုံများဖြစ်ကာ ခရီးသည် ၅ ဦး အဆင်ပြေစွာ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

Dashboard Area ကို ဆန်းသစ်စွာ ဒီဇိုင်းဖန်တီးထားပြီး ထိန်းချုပ်ခလုတ်များကိုလည်း လွယ်ကူစွာအသုံးပြုနိုင်ရန် စီစဉ်ထားပါတယ်။

Automatic Aircon စနစ်ဖြစ်သည့်အပြင် Round Aircon ဖြစ်၍ ဒုတိယထိုင်ခုံတန်းတွင်လည်း လေအေးပေးအပေါက်များ ပါရှိမှာ ဖြစ်ပါတယ်။

ထို့ပြင် 12V Outlet ၊ 3-Spokes Steering with Control Buttons ၊ စပီကာလေးလုံးနျင့် Tweeter နှစ်လုံးပါသည့် အသံစနစ်၊ MP3/WMA Compatible CD Player + Bluetooth ၊ Driver Information Display ၊ Parking Brake Release Buttom စသည့် ပါဝင်မှုများလည်း စုံလင်စွာ ပါရှိပါတယ်။

အလားတူ ကားနောက်ခန်းတွင် ပစ္စည်းများထည့်ရန် ၄၉၅ လီတာခန့် အကျယ်ရှိ၍ ခရီးဆောင်အိတ်အပါအဝင် ပစ္စည်းမျိုးစုံအား လုံခြုံစိတ်ချစွာ ထားရှိနိုင်ပါတယ်။

အင်ဂျင်နှင့် ဂီယာစနစ်

Suzuki Ciaz တွင် အင်ဂျင်အနေဖြင့် 1.4 L VVT Petrol Engine နှင့် 4-Speed Auto Gearbox တို့ တွဲဖက်တပ်ဆင်ထားပြီး Engine Type သည် K14B ၊ Multipoint Injection Engine အမျိုးအစား ဖြစ်ပါတယ်။

ဆီသိုလှောင်နိုင်မှု ပမာဏကတော့ ၄၂ လီတာ ဖြစ်ပါတယ်။

လုံခြုံရေးစနစ်

Suzuki Ciaz ၏ ကားကိုယ်ထည်ကို TECT ခေါ် အကြွင်းမဲ့ ထိရောက်စွာ ထိန်းချုပ်ခြင်းနည်းပညာ အသုံးပြုတည်ဆောက်ထားသည့်အတွက် တောင့်တင်းခိုင်မာ၍ ပေါ့ပါးသော ခံစားမှုဖြင့် မောင်းနှင်နိုင်ပြီး ကြာရှည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အလားတူ အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်ပါသည့် သော့အမျိုးအစား Back-up Camera ၊ EBD-Electronic Brake Force Distribution ၊ Brake Assist Function ၊ Engine Immobilizer ၊ Security Alarm တို့လည်း စုံလင်စွာ ပါရှိပါတယ်။

ဈေးနှုန်းနှင့် ဝန်ဆောင်မှုများ  

Suzuki Ciaz ကို ဈေးနှုန်းအနေဖြင့် မြန်မာငွေ ကျပ် ၂၅၉ သိန်း သတ်မှတ်ထားပြီး Suzuki Myanmar မှ SKD စနစ်ဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်တပ်ဆင်ရောင်းချပေးနေကာ ဝန်ဆောင်မှုအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း သတ်မှတ်ပေးထားပါတယ်။

 automobile

Read 1348 times