Suzuki Ciaz


ဂျပန်အခြေစိုက် Suzuki ကားကုမ္ပဏီမှ ပြည်တွင်းတွင် အက်စ်ကေဒီစနစ်ဖြင့်ထုတ်လုပ်သော ၂၀၁၇ မော်ဒယ် Suzuki Ciaz ကားအမျိုးအစားသည် လျှို့ဝှက်နံပါတ်နှင့် အင်ဂျင်ကိုလော့ချပြီး ရပ်တန့်ထားနိုင်သည့် Immobilizer ပါရှိကြောင်းသိရသည်။
အင်ဂျင်နှင့် ဆီပေးစနစ်များဖြတ်တောက်ထားပြီး ခိုးယူသူများအနေဖြင့်စက်နှိုးလို့ မရနိုင်သော နည်းစနစ် ဖြစ်ပါသည်။

၂၀၁၇ မော်ဒယ် Suzuki Ciaz ၏ဈေးနှုန်းမှာကျပ် ၂၄၅ သိန်းဖြစ်ပြီး ဝင်ငွေခွန်နှင့် ကညနမှတ်ပုံတင်ကြေးကိုတော့ ဝယ်ယူသူကပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံရရှိနိုင်မည်ဖြစ်ပြီး Suzuki ကားအရောင်းပြခန်း များတွင်ဝယ်ယူနိုင်ဖြစ်ပါသည်။

အင်ဂျင်မှာဆလင်ဒါလေးလုံးထိုး K14B VVT ဓာတ်ဆီအင်ဂျင်အသုံးပြုထားပြီး အင်ဂျင်ပါဝါ ၁၃၇၃ စီစီရှိပြီး အောက်တိုဂီယာလေးချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။

အင်ဂျင်စွမ်းဆောင်ရည်အနေဖြင့် 6000rpm မှာ 68KW ထုတ်လုပ်နိုင်ပါသည်။

ရှေ့လေဝင်ပေါက်ကျယ်ဝန်းပြီး အလျားလိုက်ရှဲလ်လေးတန်းတပ်ဆင်ထားပါသည်။

ရှည်လျားသော ပဉ္စဂံပုံရှေ့မီးလုံးများက ရှဲလ်နှင့်လိုက်ဖက်အောင်တပ်ဆင်ထားပါသည်။

Halogen projector headlight များဖြစ်သောကြောင့် ညအချိန်တွင် ကျယ်ဝန်းသောမြင်ကွင်းများကို ပြသပေးနိုင်သကဲ့သို့ တဖက်တွင်ယာဉ်မောင်းသူများ စိတ်အနှောင့်အယှက်မဖြစ်အောင်လည်း ချိန်ညှိပေးနိုင် ပါသည်။

နှင်းမီးခွဲတစ်စုံပါရှိပြီး ကားအောက်ပိုင်းကို ၁၆၀ မီလီမီတာအထိ မြှင့်တင်ထားသောကြာင့် ကုန်းအဖုအထစ် များသော လမ်းကြမ်းခရီးများတွင် အဆင်ပြေပြေနှင့် မောင်းနှင်နိုင်မည်ဖြစ်သည်။

ဖိုက်ဘရစ်ထိုင်ခုံများနှင့် ကျယ်ဝန်းသောအတွင်းခန်းပါရှိပြီး လည်သာစတီယာရင်မှ အသံစနစ်ထိန်းချုပ်နိုင်သော စတီယာရင်ဗော်လျူးစ်စနစ်ပါရှိပါသည်။

သောတံမလိုသော စမတ်ကီးစနစ်ဖြစ်ပြီး အလွယ်တကူခလုတ်နှိပ် စက်နှိုးနိုင်သော push-start စနစ်ပါရှိပါသည်။

စပီကာလေးလုံးပါသော အဆင့်မြင့်အသံစနစ်ပါရှိပြီး စီဒီ၊ အမ်ပီသရီး၊ဘလူးတသ်တို့နှင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

ဘရိတ်စနစ်များကို အထောက်အပံ့ဖြစ်စေသော Brake Assist ပါရှိပါသည်။

နောက်ကြည့်ကင်မရာ၊ ပါကင်ဆင်ဆာများပါရှိသည့်အတွက်လည်း ပါကင်ထိုးရာတွင်လွယ်ကူစေပါသည်။

ကိုယ်ထည်အရောင်အနေဖြင့် Snow White Pearl, Dignity Brown Pearl Matellic နှင့် Super Matellic နှင့် Super Black Pearl ဟူ၍ အရောင်သုံးမျိုးရွေးချယ်နိုင်ပါသည်။

Read 6509 times