SUZUKI CIAZ


မန်မာနိုင်ငံတွင် SUZUKI CIAZ ကို ၂၀၁၆ ခုနှစ်တွင် SKD စနစ်ဖြင့်ထုတ်လုပ်ခဲ့ပြီး ၂၀၁၇ မိုဒယ်အဖြစ် ဈေးကွက်မှာ စတင်ရောင်းချခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ထားသည့်အတွက် ဈေးနှုန်းသက်သာပြီး ရန်ကုန်လိုင်စင်အမည် ပေါက်ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

Ciaz ၏ကိုယ်ထည်ဒီဇိုင်းကို သပ်သပ်ရပ်ရပ်နှင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

ရှေ့မျက်နှာစာတွင် ခရိုမီယမ် Grille( ရှလ်) ကိုအသုံးပြုထားပါသည်။

ညပိုင်းမြင်ကွင်းများကို ရှင်းလင်းစွာမြင်နိုင်ရန် Halogen Projector Headlight များတပ်ဆင်ထားပြီး လှပကျစ်လစ်သော နှင်းခွဲမီးတစ်စုံကိုပါ အားဖြည့်တပ်ဆင်ပေးထားသည်ကို တွေ့ရပါသည်။

နောက်ကြည့်မှန်များကို လျှပ်စစ်နှင့်ခေါက်/သိမ်းနိုင်ပြီး ကားဘီးများမှာ ၁၆ လက်မအလူမီနီယမ် အလွိုင်းဘီးများ တပ်ဆင်ထားပါသည်။

မြေပြင်မှ ကားအောက်ပိုင်းအမြင့် (Ground Clearance) က ၁၆၀မီလီမီတာရှိသောကြောင့် မည်သည့်လမ်း တွင်မဆို အလိုက်သင့်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

ကိုယ်ထည်အရောင်များအနေဖြင့် Snow White Pearl၊ Dignity Brown Pearl၊ Metallic နှင့် Super Black Pearl ဟူ၍အရောင်သုံးရောင်ထုတ်လုပ်ထားပါသည်။

အတွင်းခန်းကို ကျယ်ကျယ်ဝန်းဝန်းနှင့် သက်သောင့်သက်သာဖြစ်စေရန်ဖန်တီးပေးထားပါသည်။

အတွင်းခန်း Audio Control ပြုလုပ်နိုင်သော Leather Steering ၊Fabric ထိုင်ခုံ၊ နောက်ခန်းအတွက်ပါ Aircon Vent ပါဝင်သော Auto Air-con စနစ်၊ နောက်ကြည့်မှန် မော်နီတာ၊ Remote Control Door Lock စနစ်၊ Push-start အင်ဂျင်အစရှိသည်တို့ကို ပြည့်ပြည့်စုံစုံထည့်သွင်းတပ်ဆင်ပေးထားသည်ကို တွေ့ရပါသည်။

ဖျော်ဖြေရေးအတွက် CD၊ MP3၊ WMA ၊စမတ်ဖုန်းများနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်သည့် Bluetooth စသည်တို့ကိုအသုံးပြုနိုင်မည်ဖြစ်ပြီး စပီကာလေးလုံး၊ Tweeter နှစ်လုံးတပ်ဆင်ပေးထားပါသည်။

Suzuki Ciaz တွင်ဆလင်ဒါလေးလုံးထိုး K14B VVT ဓာတ်ဆီအင်ဂျင်အသုံးပြုထားပါသည်။

Displacement မှ 1373 CC ဖြစ်ပြီးအင်ဂျင်တစ်မိနစ်လည်ပတ်အား 6000 Rpm မှာ ၆၈ ကီလိုဝပ်နှုန်းထုတ်လုပ်ပေးနိုင်ပါသည်။

ဂီယာမှာ 4 Speed Automatic Transmission ကိုအသုံးပြုထားသည်ကိုတွေ့ရပါမည်။

Ciaz တွင်လုံခြုံရေးစနစ်အနေဖြင့် ရှေ့ခန်းမှာ SRS အသက်ကယ်လေအိတ်တစ်စုံ၊ ABS နှင့် EBD စနစ်၊ ပါကင်ဆင်ဆာ၊ နောက်ကြည့်ကင်မရာ၊ Brake Assist Function ၊ Immobilizer နှင့် Security Alarm များတပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် Ciaz ၏ဈေးနှုန်းမှာ ကျပ် ၂၄၅ သိန်း(ဝင်ငွေခွန်နှင့် ကညနခွန်မပါဝင်) ဖြစ်ပြီးဝန်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပါသည်။

Source:Automobile journal

Read 8409 times