Suzuki Ciaz 2016


Suzuki Ciaz ကို ၂၀၁၄ တွင် စတင်မိတ်ဆက်ထုတ်လုပ်ခဲ့ပြီး Sedan ကိုယ်ထည်အမျိုးအစားဖြစ်ပါသည်။

Suzuki Alivo ဟုလူသိများပြီး အိမ်စီးကားလေးတစ်စီးအဖြစ်ထုတ်လုပ်ထားပါသည်။

အင်ဂျင်အရွယ်အစားများကို ၁၆၀၀ စီစီ၊ ၁၄၀၀ စီင်္စီနှင့် ၁၃၀၀ စီစီဟူ၍ သုံးမျိုးခွဲခြားထုတ်လုပ်ပါသည်။

ဂီယာအမျိုးအစားကို အော်တိုဂီယာလေးချက်နှင့် Manual ဂီယာငါးချက်တို့ကို တပ်ဆင်ထုတ်လုပ်ထားပါသည်။

ထို့ပြင် K14BVVT အင်ဂျင်နှင့် DDIS 200 ဒီဇယ်အင်ဂျင်နှစ်မျိုးခွဲခြားထုတ်လုပ်ပါသည်။

လုံခြုံရေးပိုင်းတွင် ရှေ့ခန်း Dual Airbag တပ်ဆင်ပေးထားပြီး High Tensile Steel ကိုယ်ထည်ကြောင့် ယာဉ်ထိခိုက်မှုကို သက်သာစေမည့် နည်းပညာဖြင့် ထုတ်လုပ်ထားပါသည်။

နည်းပညာပိုင်းအရ ABS စနစ်ကိုလျှပ်စစ်ဘရိ်တ်စနစ် EBD နှင့် ပေါင်းစပ်တပ်ဆင်ပေးထားသောကြောင့် ကားဘရိတ်စလစ်ဖြစ်ခြင်း၊ ယာဉ်တိုက်မှုဖြစ်ခြင်းများကို ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

ဒီဇိုင်းပိုင်းကိုတော့ အလွိုင်းဒလက်အစိပ်များနှင့် ထုတ်လုပ်ထားပြီး ရှေ့မီးကြီး projector မီးကြီးကို တပ်ဆင်ပေးထားပါသည်။

နောက်မီးခွက်ကိုတော့ Combination Lamp အမျိုးအစားတပ်ဆင်ပေးထားသောကြောင့် ထင်ရှားသိသာသည့် အချက်ပြစနစ်ကို ရရှိနိုင်မည် ဖြစ်ပါသည်။

သော့စနစ်ကိုလည်း ခေတ်ပေါ်ကား၏များပုံစံအတိုင်း Smart Key စနစ်ကို တပ်ဆင်ထုတ်လုပ်ထားကြောင်း တွေ့ရပါသည်။

ထို့ပြင် Hybrid အင်ဂျင်အမျိုးအစားကိုပါ ထုတ်လုပ်ထားသောကြောင့် Hybrid ကားအမျိုးအစား ကြိုက်သည့်သူများအတွက် ရွေးချယ်စေနိုင်မည့် အချက်တစ်ခုဖြစ်ပါသည်။

ရှေ့မီးကြီးမှာလည်း ထူးခြားသည့် စနစ်တစ်ခုအဖြစ် Auto Daylight:Night Light စနစ်ကိုပါ တပ်ဆင်ပေးထားသည်ကို တွေ့ရပါသည်။

ပါကင်ဆင်ဆာ၊ ပါကင်ကင်မရာများကလည်း ကားမောင်းနှင် အသုံးပြုသူများအတွက် အဆင်ပြေစေမည်ဖြစ်ပါသည်။

လုံခြုံရေး Alarm စနစ်နှင့် Engine Immo-bilizer စနစ်များကြောင့် ကား၏လုံခြုံ စိတ်ချရသည့် အပိုင်းတွင် အားသာချက်တစ်ခုအဖြစ်တွေ့နိုင်ပါသည်။

ပြည်တွင်းတွင် မိတ်ဆက်လိုက်သည့် Suzuki Ciaz 2016 ကိုတော့ 1.4 လီတာ(၁၄၀၀ စီစီ) အင်ဂျင်တပ်ဆင်ထုတ်လုပ်ထားပါသည်။

ဆီစားနှုန်းသက်သာစေရန် အသားပေးထုတ်လုပ်ထားသည့် ကားတစ်စီးဖြစ်ပြီး အတွင်းခန်းနှင့် လုံခြုံရေးပိုင်းများကိုလည်း ပြည့်စုံသည့် ထုတ်လုပ်မှုဖြင့် ထုတ်လုပ်ထားပါသည်။

ရှေ့မီးကြီးကို အရည်အသွေးမြင့် ဟေလိုဂျင်မီးလုံးများ တပ်ဆင်ပေးထားပြီး Dashboard Monitor နှင်ချိတ်ဆက်ထားသည့် နောက်ကြည့်မှန်၊ နောက်ကင်မရာ၊ Remote Keyless System ၊စတီယာရင်ကွန်ထရိုးစနစ်၊ စမတ်ဖုနး်နှင့် ချိတ်ဆက်နိုင်သည့် Bluetooth၊ USB၊ AUX Sokets၊ အော်တိုအဲကွန်းစနစ်များကို တပ်ဆင်ထုတ်လုပ်ထားပါသည်။

ဆီစားနှုနး်မှာ ဓာတ်ဆီတစ်လီတာကို 17.8 ကီလိုအထိမောင်းနှင်နိုင်ပါသည်။

ဘယ်မောင်းကားအမျိုးအစားဖြစ်သောကြောင့် ပြည်တွင်းလမ်းစနစ်ဖြင့် ကိုက်ညီသည့် ကားတစ်စီးလည်း ဖြစ်ပါသည်။

ရှေ့ခန်းယာဉ်မောင်းထိုင်နှင့် passenger ထိုင်ခုံအတွက် လေအိတ်နှစ်လုံးကို တပ်ဆင်ထုတ်လုပ်ပေးထားပါသည်။

Sedan ကိုယ်ထည်ကားတစ်စီးဖြစ်သည့်အပြင် ပြည်တွင်းစျေးကွက်အနေအထားနှင့် ကိုက်ညီသည့် အတွင်းခန်းအပြင်အဆင်များကို တပ်ဆင်ထုတ်လုပ်ထားကြောင်း တွေ့ရပါသည်။

Suzuki ciaz ကိုပြည်တွင်းတွင်စတင်မိတ်ဆက်ခြင်းဖြစ်ပြီး 2017 နှစ်ဆန်းပိုင်းတွင် ထုတ်လုပ်မည့် Suzuki ciaz 2017 မော်ဒယ်အသစ်ကို Suzuki Myanmar မှတရားဝင်ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

 

Read 2680 times