ဈေးနှုန်း ပြောင်းလဲမည့် မြန်မာနိုင်ငံထုတ် Suzuki ကားများ


Suzuki Myanmar Motor မှ တပ်ဆင်ထုတ်လုပ်သော CKD ၊ SKD ကားများကို အောက်တိုဘာ ၁ ရက်မှစ၍ စက်ရုံထုတ်ဈေးနှုန်း ပြောင်းလဲမည်ဖြစ်ကြောင်း သိရပါတယ်။

ပြည်တွင်းတွင် Suzuki ကားအမျိုးအစား သုံးမျိုးကို တပ်ဆင်ထုတ်လုပ်လျက်နေသော Suzuki Myanmar Motor မှ အောက်တိုဘာ ၁ ရက်မှစ၍ Suzuki Ciaz ကို ကျပ် ၂၄၆ သိန်း ခုနှစ်သောင်းမှ ကျပ် ၂၅၉ သိန်းသို့လည်းကောင်း၊ Suzuki Ertiga ကို ကျပ် ၂၃၁ သိန်း ခုနှစ်သောင်းမှ ကျပ် ၂၄၄ သိန်းသို့လည်းကောင်း စသည်ဖြင့် တိုးမြှင့်ရောင်းချသွားမှာ ဖြစ်ပါတယ်။

CSK စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် Suzuki Carry ကိုလည်း ကျပ် ၈၁ သိန်း ခုနှစ်သောင်းမှ ကျပ် ၈၅ သိန်း ရှစ်သောင်းသို့ တိုးမြှင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ထိုကဲ့သို့ Suzuki Myanmar Motor မှ CKD ၊ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော Suzuki Ciaz ၊ Suzuki Ertiga နှင့် Suzuki Carry တို့ကို စက်ရုံထုတ်ဈေး ပြောင်းလဲသတ်မှတ်ခြင်းမှာ Money Exchange Rate ကြောင့်ဖြစ်ကြောင်း သိရပါတယ်။

Suzuki Myanmar Motor မှ ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်လျက်ရှိသော ကားများကို ရောင်းချရန်အတွက် အရောင်းကိုယ်စားလှယ်များ ခန့်အပ်ထားပြီး ရန်ကုန်မြို့တွင် အရောင်းစင်တာ ၂၂ ခု၊ မန္တလေးတွင် အရောင်းစင်တာ ၃ ခု၊ စင်ကိုင်းတွင် အရောင်းစင်တာ ၁ ခု၊ ပုသိမ်တွင် အရောင်းစင်တာ ၁ ခု၊ နေပြည်တော်တွင် အရောင်းစင်တာ ၃ ခု၊ ပြင်ဦးလွင်တွင် အရောင်းစင်တာ ၁ ခု၊ တောင်ကြီးမြို့တွင် အရောင်းစင်တာ ၁ ခု၊ မုံရွာမြို့တွင် အရောင်းစင်တာ ၁ ခု၊ မော်လမြိုင်တွင် အရောင်းစင်တာ ၁ ခု၊ ပခုက္ကူတွင် အရောင်းစင်တာ ၁ ခု၊ မကွေးမြို့တွင် အရောင်းစင်တာ ၁ ခု၊ ပြည်မြို့တွင် အရောင်းစင်တာ ၁ ခု ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

Read 1285 times