အာရှနှင့်သြစတေးလျဈေးကွက်တွင်အောင်မြင်လာသည့် Suzuki Baleno 2016


Suzuki Baleno တွင်တံခါးငါးပေါက် Hatchback ကိုယ်ထည်ဖြစ်ပြီး Crossover ဆန်ဆန်ကိုယ်ထည်မျိုးဖွဲ့စည်း ထားသောကြောင့်ဆွဲဆောင်မှုကောင်းသည့်ရုပ်ထွက်ရှိပါသည်။

Suzuki ကားကုမ္ပဏီ၊ အိန္ဒိယရုံးခွဲတွင်သီးသန့်ထုတ်လုပ်သည့် Baleno မော်ဒယ်တွင်ရုပ်ထွက်ခန့်ပြီး ကောင်းကွက်အများကြီးကိုတွေ့ရပါသည်။

2015 တွင်စတင်ထုတ်လုပ်ခဲ့သော်လည်းယခုနှစ်ထဲတွင်ဂျပန်နှင့်ဥရောပ၊ သြစတေးလျစသည့်ဈေးကွက်များထိ ဈေးကွက်နေရာရလာသည့်ကားတစ်စီးဖြစ်ပါသည်။

ဆီစားနှုန်းသက်သာပြီး အင်ဂျင်သေးသော်လည်း Turbo အင်ဂျင်ကိုတပ်ဆင်ပေးသည့်အတွက်စွမ်းဆောင်ရည် ကိုအပြည့်အဝရနိုင်သည့်အပြင်မောင်းနှင်သူတိုင်းကိုအကြိုက်တွေ့စေမည့်ကားလေးတစ်စီးဖြစ်ပါသည်။

အင်ဂျင်အရွယ်အစားများကို 1.0 လီတာ(၁၀၀၀ စီစီ)၊ 1.2 လီတာ(၁၂၀၀စီစီ)၊ 1.3 လီတာ(၁၃၀၀ စီစီ) ဒီဇယ်ဆိုပြီးစိတ်ကြိုက်ရွေးချယ်သွားနိုင်ပါသည်။

ဂီယာကိုလေးချက်ထိုးအော်တိုနှင့်ငါးချက်ထိုး Manual ဆိုပြီးထုတ်လုပ်ထားတာတွေ့ရပြီး တစ်နာရီ ၆၂ မိုင်(ကီလိုမီတာ 100 )နှုန်းမှအမြင့်ဆုံးမြန်နှုန်းတစ်နာရီကို ၁၂၄ မိုင်ထိမောင်းနှင်နိုင်ပါသည်။

ဆီစားနှုန်းမှာတစ်ဂါလံကို ၆၂.၅ မိုင်အထိအသုံးပြုမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

နည်းပညာပေါင်းစပ်မှုအနေဖြင့် GPS မြေပုံချိတ်ဆက်နိုင်သည့် navigation ပါဝင်သည့် 7 လက်မ touchscreen, speed limiter ပါဝင်သည့် cruise control , အသံပိုင်းထိန်းချုပ်မှုခလုတ်ပါသည့် leather စတီယာရင်၊ airbag ခြောက်လုံး၊ push-start စနစ်၊ 4.2လက်မရှိ၊ LCD ဒီဂျစ်တယ်ဒိုင်ခွက်၊ 16 လက်မအလွိုင်းများနှင့်တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ထို့ပြင်USB၊ 12V အားသွင်းပေါက်ပါဝင်သည်ကိုလည်းတွေ့ရပါသည်။

2016 မော်ဒယ်ကိုရောင်းချနေပြီးဈေးနှုန်းမှာဒေါ်လာ 22990 ဖြစ်ပါသည်။

Read 1015 times