ထိုင်းနိုင်ငံတွင် တရုတ်လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်မည်


ထိုင်းနိုင်ငံတွင် တရုတ်လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းအစိုးရသည် လျှပ်စစ်မော်တော်ဆိုင်ကယ်များအတွက် စျေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိရာ လျှပ်စစ်မော်တော်ဆိုင်ကယ် ဝယ်ယူသူကို ဘတ် ၁၈,၀၀၀ အထိ ထောက်ပံ့ကြေး ပေးအပ်သည်။
ထိုသို့ အစိုးရက ထောက်ပံ့ကြေး ပေးအပ်သဖြင့် တရုတ်နိုင်ငံမှ မော်တော်ယာဥ် စက်ပစ္စည်းများ ထုတ်လုပ်သည့် Suzhou Harmontronics Automation Technology သည် ထိုင်းနိုင်ငံ၏ အရှေ့ပိုင်း စီးပွားစင်္ကြံ Eastern Economic Corridor (EEC) တွင် လျှပ်စစ်မော်တော်ဆိုင်ကယ်စက်ရုံ တည်ဆောက်မည်ဖြစ်သည်။

ကုမ္ပဏီသည် ၂၀၂၈ ခုနှစ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် တနှစ် အစီး ၁၅၀,၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံ ထူထောင်ရန်အတွက် ဘတ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၁ သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။


Suzhou Harmontronics သည် EEC ဇုန်အတွင်း Chonun ပြည်နယ်ရှိ စက်မှုဥယျာဉ်တွင် စက်ရုံတည်ဆောက်မည် ဖြစ်သည်။
၎င်းစက်ရုံတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်များ တပ်ဆင် ထုတ်လုပ်မည်။ လျှပ်စစ်မော်တော်ဆိုင်ကယ်များအတွက် အလုံးလိုက် ဖြုတ်လဲနိုင်သည့် ဘက်ထရီများ ထုတ်လုပ်မည်။ အားသွင်းစက်များလည်း ထုတ်လုပ်မည်။


Source Asia nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 239 times