ဈေးနှုန်းသင့်တော်သည့် GM ၏နောက်ဆုံးပေါ် SUV အသေးစား


အမေရိကန် General Motors ကုမ္ပဏီမှထုတ်လုပ်သည့် SUV ကားအများစုမှာဈေးနှုန်းအတော့်ကို ကြီးမြင့်သောကြောင့် အချို့ဝယ်ယူသူများမှာကားဘရမ်းကို ကြိုက်နှစ်သက်ပေသော်လည်းဈေးနှုန်းကြောင့် အလှမ်းဝေးနေခဲ့ရပါသည်။

ထိုကြောင့် GM မှတရုတ်ကုမ္ပဏီ SAIC နှင့် ပူးပေါင်းပြီးဈေးနှုန်း ဒေါ်လာ 8000 အောက်ဖြင့်ရောင်းချသွားမည့် အသေးစား SUV တစ်စီးကိုဖန်တီးချပြလိုက်ပါသည်။

အဓိကအားဖြင့်တရုတ်ဈေးကွက်ကြီးအတွက်ရည်ရွယ်ဖြန်တီးလိုက်ခြင်းဖြစ်ပြီး ပြိုင်ဘက်များဖြစ်သည့် Buick Encore (Opel overseas) ,Cadillac XT3 စသည့်ကားများနှင့်ယှဉ်ပြိုင်ရောင်းချသွားရန်ရည်ရွယ်ထုတ်လုပ် လိုက်ခြင်းဖြစ်ပါသည်။

Baojun 510 ဟုအမည်ပေးထားပြီး ကျစ်လှစ်သေးသွယ်ခန့်ညားလှသည့် SUV တစ်စီးဖြစ်ကာပြီးခဲ့တဲ့ Guangzhou Motor Show တွင်ပြသခဲ့ရာအထူးလူကြိုက်များခဲ့သည့်ကားတစ်စီးလည်းဖြစ်ပါသည်။

ယခုအရောင်းပြခန်းများဆီတွင်စတင်ရောင်းချလျက်ရှိပြီးဈေးနှုန်းမှာ အနိမ့်ဆုံးယွမ်ငွေ 54800 (ဒေါ်လာ 8000) သာရှိသည့်အဆင့်မြင့် SUV အသေးစားလေးဖြစ်ပါသည်။
ကိရိယာအစုံအလင်နှင့်အဆင့်မြင့်ဆုံးဂရိတ်များတွင်ယွမ် 69800 (ဒေါ်လာ 10000 ခန့်)ဈေးရှိပါသည်။

Generation သုံးဆက်မြောက် Chevrolet Sail ကားကိုအခြေခံဖန်တီးလိုက်ခြင်းဖြစ်ပြီး 1.5 လီတာ ဆလင်ဒါလေးလုံးထိုးအင်ဂျင်တပ်ဆင်ထားပါသည်။ 
ခြောက်ချက်ထိုး Manual ဂီယာဖြင့်တွဲဖက်ထားပြီး Auto ဂီယာဖြင့်တော့မထုတ်ထားကြောင်းသိရသည်။
နည်းပညာပေါင်းစပ်ပါဝင်မှုတွင်Panoramic sunroof,  automatic air-con,remote keyless entry, push-button ingnition,cruise control, နောက်ကြည့်မှန် အပူပေးစနစ်, 8 လက်မ LCD screen တို့တွဲဖက် ပါရှိသွားမည့်အပြင်အဆင့်မြင့် လုံခြုံရေးစနစ်ဖြစ်တဲ့ stability Control (ESC) ၊ရှေ့/ဘေး airbag ၊ tyre pressure monitoring sysem တို့ပါပေါင်းစပ်ပေးသွားမည့်စုံလင်လှသည့်အသေးစား SUV ကားကောင်းတစ်စီးဖြစ်ပါသည်။

Read 3912 times