ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို. ဆိုလိုက်ရင် တော်တော်များများက အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင် ရာပြဿနာေ တွကို ပြေးမြင်တတ်ကြပါတယ်
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာတွေက ဖြေရှင်းရခက်ခဲပြီး ငွေကုန်ကြေး ကျ များ တဲ့ ရောဂါတွေဖြစ်ပေမယ့် ၊ သင့်ကားနဲ. သင်ရဲ.အသက်အန္တရာယ်အထိအကြီးမားဆုံးဒုက္ခပေးနိုင်တာကတော့ Suspension ပိုင်းလို.ခေါ်တဲ့ သင့်ကားအောက်ပိုင်းရောဂါတွေပါ ။
ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို.ရှိတယ် ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့်မောင်းတော့မယ်ဆို ကားအော က်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ ။ ဘာကြောင့်လဲဆိုရင် ရုတ်တရက်စက်ထိုးရပ်သွားရင် ၊ သင်ခရီး လမ်းမှာစိတ်အနှောက်အယှက်ဖြစ်မယ် ၊ ယုတ်စွအဆုံးအင်ဂျင်တလုံးလဲလိုက်ရတာကလွဲလို. ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေ မယ့် ကားအောက်ပိုင်းကSuspension ပိုင်းက ပစ္စည်းတွေပျက်နေတာသတိမပြုမိလို.ကားမောင်းနေတုန်း ပြုတ်ထွက် သွား မယ် ၊ ကျိုးပဲ့သွားမယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေရှိပါတယ် ။
ဒါကြောင့်သင်နဲ.သင့်ကားရဲ.လုံခြုံစိတ်ချရမှုSafetyအတွက်သင်ကိုယ်တိုင်သတိပြုနိုင်တဲ့ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို အကျဉ်းချုပ်တင်ပြပေးပါ့မယ် ။
ကားအောက်ပိုင်း (Suspension ) ကိုအဓိကအားဖြင့် အောက်ပါပစ္စည်းများဖြင့်ဖွဲ.စည်းထားပါတယ် ။
( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ အစရှိတဲ့အခြေခံပစ္စည်းတွေနဲ.ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ်အမျိုးအစား ထုတ်လုပ် တဲ့ ကုမ္ပဏီပေါ်မူတည်ပြီးအောက်ပိုင်းပစ္စည်းအစိတ်အပိုင်းတွေအများကြီးပါဝင်ပါသေးတယ် ။ အဲ့ဒီပစ္စည်းတွေနဲ. အဓိကတွဲဖက်အလုပ်လုပ်နေတာကတော့ Brake System ဘရိတ်အဖွဲ.အစည်းတွေနဲ. တာယာတွေပါ ။
(၁) တိုင်းရော့ ( Tie rod )နဲ. မိန်းလုံး ( Tie rod end or Rack End ) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေပြမလဲ
တိုင်းရောနဲ.မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ထင်ရှားတဲ့လက္ခဏာကတော့သင်ကားကိုအရှိန်ဖြည်းဖြည်းနဲ.မောင်းနေတဲ့အခါမျိုးမှာ ဒါမှမဟုတ် ကားကိုရုတ်တရက်ထောင့်ချိုးကွေ.လိုက်တဲ့အခါမျိုးမှာအရှေ.ဖက်အစွန်းဆုံးဆီကနေ * ဒုတ်ဒုတ် * မည်သံထွက်လာမယ် လာထုနှက်တဲ့အသံမျိုးထွက်နေမယ်ဆိုရင် သင့်ကားရဲ. တိုင်းရော့နဲ. မိန်းလုံးတွေချို.ယွင်းနေပါပြီ
နောက်တချက်က သင်ကားမောင်းနေတဲ့အချိန်တို. ကားဘရိတ်အုပ်လိုက်တဲ့အချိန်တို.မှာ ကားက တဖက်ဖက် ကိုဆွဲေ နမယ်၊ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ် ဘက်မညီမမျှစားသွားမယ် ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ. မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ ၊ တိုင်းရော့နဲ. မိန်းလုံးဆိုတာကတော့ကားအောက်ပိုင်းမှာ ပျက်စီး မှုအများဆုံးပစ္စည်းပါ ၊ တိုင်းရော့ကျိုးပိုင်းလို.၊ပြုတ်ထွက်လို. တောင်တက်တို. အဝေးပြေးတို.မှာ အသက်အန္တ ရာယ်ကြုံ ရ တဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ဒီတော့အခုဖော်ပြထားတဲ့ရောဂါလက္ခဏာလေးတွေတွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမားပျက်စီးမှုမဖြစ်ခင် ဝပ်ရှော့ သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာ နင်းပြီး ပြန်သုံးတန်သုံးဖို.လိုအပ်နေပါပြီ ။
(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲBall Joint မကောင်းရင်ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကားအောက်ဘက်ထောင့်ဆီကနေ တချက်တချက် ၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေထွက်တတ်တယ် ၊ အထူး သဖြင့် လမ်းအတိမ်းအစောင်းဖြစ်နေတဲ့နေရာတွေတို. ၊ ချိုင့်ခွက်တွေထဲတို.မှာ မောင်းလိုက်ရင် အဲ့အသံက ထွက်လာ တယ်ဆိုရင် အဲ့ဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ.ထုတဲ့အသံမျိုးနဲ.ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ. ဘယ်ညာအကွေ.အထိန်းတွေမှာ အဓိက ထိန်းပေးထားတာမို. ၊ Ball Joint မကောင်း ဘူးဆိုတာနဲ. သင့်ကား စတီယာရင် ( Steering ) ကိုလာပြီး သက်ရောက်မှုတွေရှိလာပါမယ် ၊ ဖြစ်လာနိုင်တာက သင့်ကား စတီယာရင် မာပြီးလှည်.ရတာခက်သွားမယ် ၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီးထိန်းရခက်သွားမယ် ၊ လမ်း အဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကိုဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ဂွေကိုလာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ. ရောဂါလက္ခဏာတွေပါ ။ အခြားရောဂါလက္ခဏာကတော့ တိုင်းရောမိန်းလုံးတို.လိုပဲ တာယာအတွင်းအပြင်မညီမညာစားသွားတာမျိုးပါပဲ ။
(၃) ( Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ ဒူးဆစ်လ က္ခဏာ ကေ တာ့ သိသာထင်ရှားပါတယ် ၊ သင့်ကားဘယ်ကိုဖြစ်ဖြစ်ညာကိုဖြစ်ဖြစ်ကွေ.လိုက်လို. တခုခုနဲ.တခု ကြိတ်ဝါးနေသလို * ကလစ်ကလစ်တောက်တောက်တောက်တက်တက်တက်*အသံတွေထွက်လာတယ်၊ကွေ.တိုင်းအဲ့လိုအသံတွေထွက်နေတယ်ဆိုရင်အဲ့ဒါဒူးဆစ်မကောင်းတဲ့လက္ခဏာတရပ်ပါ။နောက်ဒူးဆစ်ဘောတွေကိုထိန်းထားတဲ့ကလစ်ပြုတ်ထွက်တာမျိုးဆိုရင်တော့ကားကဂီယာဘယ်လိုထိုးထိုးဂီယာဖရီးလိုဖြစ်နေတတ်ပါတယ်။မနေ.ကပဲကားတစီးဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး ဝပ်ရှော့ကိုကြိုးနဲ.ဆွဲလာရပါသေးတယ် ။
(၄) Shock bar , Coil Spring , Struts မကောင်းရင်ဘယ်လိုရော ဂါ လက္ခဏာတွေပြမလဲဒီအပိုင်းတွေမကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာထင်ရှားပါတယ် ၊ အထူးသဖြင့် လမ်းအနိမ့် အမြင်မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညောညင်သာမှမရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာလာေ စာင့်နေ တာ မျိုးတွေကို သိသာထင်ရှားစွာခံစားရပြီဆိုရင်တော့ အဲ့ဒါ Shock bar , Coil Spring , Strutsတို. မကောင်း တဲ့လက္ခဏာ ရပ်ပါ ။ ရှော့ဘားတွေမကောင်းတဲ့ လက္ခဏာနောက်တမျိုးက သင့်ကား ကိုယ်ထည်တခုလုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.ေ စတတ်ပါတယ်။နောက်တမျိုးကလည်းဝပ်.ရှော့ဘားမှာဆိုရင်ဆီတွေယိုကျတာတို.၊ရှော့ဘားကအောက်ကိုကျပြီးအပေါ်ကိုပြန်ကန်မတက်တော့တာမျိုးတွေကိုလည်းမြင်တွေ.နိုင်ပါတယ်ခမျာ ။
(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ရောဂါလက္ခဏာပြရင်ကားတဖက်ဖက်ကိုဆွဲနေတဲ့ရောဂါလက္ခဏာပြရင်ဖြစ်နိုင်တာတွေက တာယာလေနဲနေတာ၊တာယာလေပေါင်တဖက်နဲ.တဖက်မညီတာဖြစ်တတ်ပါတယ်။တာယာလေပေါင်အရင်စစ်ဆေးရပါမယ် ၊ အခုနောက်ပိုင်းတချို.မော်ဒယ်မြင့်ကားတွေမှာတော့ တာယာလေပေါင်မညီရင် ဒက်ဘုတ်မှာလေပေါင်မညီတာကိုပြတဲ့ မီးလင်းပါတယ် ။တာယာတဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ် ၊ တာယာတဖက်ဖက်မညီမညာစားနေလား ရှေ.နောက်ေ ဘး သေချာစစ်ဆေးရပါမယ်၊မညီမညာဖြစ်နေရင်ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီးအသစ်လဲတန်လဲရပါမယ်။ကားအလိုင်းမင့် (Alignment) မညီမညာဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ် ။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ် ။ တိုင်းရော့တို. မိန်းလုံးတို.မကောင်းတာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေးဆိုင်တွေမှာ ပြုပြင်သင့်ပါတယ် ။
(၆) ဘရိတ်နင်းရတာထိုင်းနေမယ် ၊ ကပ်နေမယ် (ဝါ) လျောနေမယ် ၊ဘရိတ်အုံတွေအရမ်းပူနေမယ် ၊ ဘရိတ်ကလစ်နဲ. ဘရိတ်ဒရမ်နဲ.ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေကုန်နေတာ ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ ၊ ဘရိတ်ရူးလျော့နေတာ ၊ ပင်တွေသံချေးတက်ပြီးကိုက်နေတာတွေဖြစ်နိုင်ပါတယ် ။
(၇) စတီယာရင် လှည်.ရတာချော်နေမယ် ၊ သင် စတီယာရင်ကို လှည့်တဲ့အခါဖြစ် ၊ လှည့်ထားတဲ့အတိုင်းလေးထိန်းတာတဲ့ အခါဖြစ်စေ ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည်.ဖို.ခက်ခဲနေမယ် ဆိုရင်s teering Fluid နည်းနေ တာဖြ စ်နိုင်တယ် ၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ် ၊ Steering Pump မကောင်း တာလည်းဖြစ်နိုင်ပါတယ် ၊ Steering Pump က O ring ပျက်ပြီးဆီယိုနေတာလည်းဖြစ်နိုင်ပါတယ် ။ဒါတွေက ကားတ စီးမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်းရောဂါလက္ခဏာရပ်တွေပါ ၊ အခြားခြားသော ကားအောက်ပိုင်းရော ဂါေ တွ အများကြီးကျန်ရှိပါသေးတယ် ၊ မြန်မာနိုင်ငံမှာက လမ်းမကောင်းတာရယ် ၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်းရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို.လည်းဆိုနိုင်ပါတယ် ။
တချို.ကားတွေမှာဆို ဒူးဆစ်တို. မိန်းလုံးတို.ဘောဂွိုင့်တိုက်ရော့တို.ကိုအုပ်ထားတဲ့သဲကာလေးပေါက်တာကိုမလဲတာကနေပြီးအဲ့ဒီအရာတွေကြားထဲမှာနေရမယ့် အမဲဆီတွေအပြင်ထွက်ပြီး ၊ အထဲမှာမရှိရမယ့်သဲတွေဖုန်တွေရွှံ.တွေက အထဲဝင်ကာ အောက်ပိုင်း ဆက်စပ်ပ စ္စည်းေ တွကို ပျက်စီးစေတာလည်း မကြာခဏဆိုသလိုတွေ.မြင်ရပါတယ် ။ အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်း တာကြောင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ် ။နောက်တခုက အထက်ပါရောဂါတွေက တခုခြင်းဖြစ်နို င် သလို ၊ နှစ်ခုကနေ အကုန်လုံးစုပေါင်းပြီးလည်းဖြစ်နိုင်ပါတယ် ။ ကားပေါ်တက်လိုက်လို. အောက်ပိုင်းဆီကနေ သံစုံတီး ဝိုင်းသံတွေကြားနေရရင်တော့ သင့်ကားအောက်ပိုင်းတော်တော်များများပျက်စီးယိုယွင်းနေပြီဆိုတာ သတိပြုသင့်ပါတယ် ။ စစဖြစ်ခြင်းရောဂါလက္ခဏာတွေသတိမမူဘဲ မပြုပြင်မထိန်းသိမ်းရင် အောက်ပိုင်းအခြားဆက်စပ်ပစ္စည်းတွေကိုပါ လိုက် ပျက်စီးစေပြီး အနည်းဆုံးတာယာစားသွားတာ ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာကနေ အ ဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင်ထိခိုက်စေမှာပါ ။ဒါကြောင့်သင့်ကားအောက်ပိုင်းကနေ မူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ တွေကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ. သင်နဲ.သင့်ကားဘေးအန္တရာယ်ကင်းရှင်းရေး လုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြသင့်ကြောင်း အကြုံပြုတင်ပြပေးလိုက်ရပါတယ်ခမျာ ။