ခရီးသည်တင်ဘတ်စ်ကားစီးသောအခါကားလာချိန်စောင့်ဆိုင်းရမှု၊ကားပေါ်တါင်ခရီးသည်အများအပြားပြွတ်သိပ်နေမှုတိုကိုရှောင်လွှဲနိုင်ရန်Superbusစီမံကိန်းကို ဟော်လန်လူမျိုးအာကာသယာဉ်မှုးနှင့်ဖော်မြူလာဝမ်း လေခွင်းအားပညာရှင်ဟောင်းWubboOckelsမှဦးဆောင်၍ခရီးသည်များဇိမ်ရှိရှိစီးနင်းနိုင်မည့်ဘတ်စ်ကားများ ထုတ်လုပ်ရန် စတင်ကြိုးပမ်းခဲ့ပါသည်။
တစ်စီးလျှင်ယူရိုခုနစ်သန်းကုန်ကျသည့် Superbus စီမံကိန်းကို ဟော်လန်အစိုးရအပြင် အမေရိကန်ဓာတုကုမ္ပဏီ Dow၊ ဆော်ဒီစီးပွားရေးလုပ်ငန်းစု Sabic တို့မှကူညီထောက်ပံ့ပေးပြီး Delft နည်းပညာတက္ကသိုလ်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ပရော်ဖက်ဆာWubboOckelsဦးဆောင်ထုတ်လုပ်သည့်Superbusမှာခရီးသည်၂၃ဦးအထိသက်သောင့်သက် သာစီးနင်းလိုက်ပါနိုင်အောင် ဒီဇိုင်းထုတ်ထားပြီးအရှည်၁၅မီတာ၊အကျယ်၂ဒသမ၅မီတာ၊အမြင့်၁ဒသမ၆၅မီတာရှိသောကြောင့်လွယ်လင့်တကူဆင်း၊တက်နိုင်အောင်ကား၏ဘေးတစ်ဖက်တစ်ချက်စီတွင်လျှပ်စစ်ဘက်ထရီများဆီမှရယူပြီး နေရောင်ခြည်နှင့် အားပြန်ဖြည့်နိုင်သည့်စနစ်လည်းပါဝင်ပါသည်။
ကားကိုယ်ထည်မှာ သိသိသာသာရှည်လျားသော်လည်း အနောက်တွင်တပ်ထားသောဘီးလေးလုံးကြောင့် အချိုးအကွေ့နေရာရောက်ပါက အခက်အခဲတွေ့စေနိုင်မည်မဟုတ်ပါ။
Superbus ကို UAE နိုင်ငံမှပထမဆုံးဝယ်ယူခဲ့သောကြောင့် Jumbo ဂျက်လေယာဉ်နှင့် ပို့ပေးခဲ့ရပြီး အဘူဒါဘီလေဆိပ်နားကပုံမှန်မြို့တွင်းလမ်းကြောင်းပေါ်တွင်စမ်းသပ်မောင်းနှင်ခဲ့သကဲ့သို့ မြို့ပြင်မော်တော်ကားလမ်းနှင့်အပြိုင်အထူးပြုလုပ်ထားသည့်ကွန်ကရစ်လမ်းပေါ်စမ်းသပ်မောင်းနှင်သည့်အခါ တွင်လည်း တစ်နာရီမိုင် ၁၅၀ နှုန်းဝန်းကျင်အထိအရှိန်မြှင့်မောင်းနှင်နိုင်ခဲ့ပါသည်။
Superbus မှာအရွယ်အစားကြီးမားနေသော်လည်း အလေးချိန်ပေါ့စေသော အလူမီနီယမ်၊ ကာဗွန်ဖိုက်ဘာ၊ ဖိုင်ဘာဂလက်စ်၊ ပိုလီကာဘွန်နိတ်များထည့်သွင်းတည်ဆောက်ထားသောကြောင့် ပြိုင်ကားတစ်စီးကဲ့သို့ မြန်နှုန်းမြင့်မောင်းနိုင်ခြင်းဖြစ်ပြီး၇၅မိုင်ကွာဝေးသောဒူဘိုင်းနှင့်အဘူဒါဘီခရီးကိုမိနစ်သုံးဆယ်မပြည့်ခင် အရောက်သွားနိုင်မည်ဖြစ်သည်။
ထို့ပြင်Superbusမှာဈေးနှုန်းမြင့်မားလွန်းသကဲ့သို့ပုံမှန်ခရီးသည်ပို့ဆောင်ရေးယာဉ်အဖြစ်အသုံးပြုရန်မလွယ်ကူပဲအရေးကြီးပုဂ္ဂိုလ်များကိုသတ်မှတ်လမ်းကြောင်းအတိုင်းသယ်ယူပို့ဆောင်ရန် အသုံးတည့်မည်ဖြစ်သည်။