ကားပိုင်ရှင် မိဘတွေအတွက် နွေရာသီမှာ အထူးသတိထားသင့်တဲ့အချက်တစ်ချက်


ပြင်ပအပူချိန် ၃၁ ံC မှာရှိနေတဲ့ အချိန်မှာ မိဘတွေဟာ ကလေးကို နာရီအနည်းငယ်ကြာတဲ့အထိ ကားထဲမှာ ထားခဲ့တာပါ။ သူတို့ပြန်ရောက်လာတဲ့အချိန်မှာ ကလေးကိုတွေ့ရှိပြီးတော့ ရဲကိုခေါ်ဆိုခဲ့ကြပါတယ်။ သို့သော်လည်း ကလေးဟာ တုံ့ပြန်မှုမရှိတော့ပဲ သေဆုံးနေပြီဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယခုချိန်မှာ သေဆုံးမှုရဲ့ အဓိက အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး မိဘတွေရဲ့ နာမည်ကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာရှိတဲ့ ကားပိုင်ရှင်မိဘတွေအတွက်လည်း ယခုလိုအပူချိန် အမြင့်ဆုံးရောက်ရှိနေတဲ့အချိန်မှာ ကလေးငယ်တွေအတွက် အထူးသတိထားသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Myanmar Automobile Directory

Ref; Mirror

Read 558 times