ကားမောင်းနှင်ချိန်တွင် ရုတ်တရက်ကားမရပ်စေရန် လိုက်နာသင့်သည့်အချက်များ


ကားမောင်းနေစဉ်တွင် မမျှော်လင့်ပဲ ကားစက်ထိုးရပ်သွားခြင်းမျိုးဖြစ်တတ်ပါသည်။

အင်ဂျင်လည်တာ အရမ်းနည်းလွန်းပါက အင်ဂျင်တုန်ခါပြီး မကြာခဏ စက်ရပ်သွားခြင်းမျိုး ဖြစ်တတ်ပါသည်။

မီးပွိုင့်တွင် မီးနီနေလို့ စောင့်နေချိန်တွင် ရုတ်တရက် စက်ရပ်သွားခြင်းမျိုးလည်း ဖြစ်တတ်ပါသည်။

စက်ထိုးရပ်သွားပါက စက်နှိုးလို့ရတာလည်း ရှိပါသည်။

လုံးဝ စက်ပြန်မနှိုးတာလည်းဖြစ်နိုင်ပြီး ကားအင်ဂျင်စက်ရပ်သွားခြင်းမှာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

ဖြစ်ပေါ်ရသည့် အကြောင်းရင်း၊ ချို့ယွင်းချက်အပြင် အားနည်းချက်ကို ရှာကြည့်ရန်လိုပါသည်။

ကားစက်သေသွားသည့်အခါ လမ်းပေါ်တွင် ဖြစ်နေသည့်အတွက် အန္တရာယ်လွတ်ကင်းသည့် လမ်းဘေး တစ်နေရာကို ကားကို အရင်ဆုံးရွေ့သင့်ပါသည်။

အင်ဂျင်ဘောနက် အဖုံးဖွင့်ပြီး စစ်ဆေးပါ။

လမ်းဘေးကားရပ်ထားသည့် နေရာက အန္တရာယ်ကင်း ရန်လိုပါသည်။

နောက်ကလာသည့် ကားက ရပ်ထားမှန်း သိစေရန် သတိပေး(sign) တစ်ခုလုပ်ခြင်း၊ အချက်ပြ မီးဖွင့်ခြင်း လုပ်ရန် လိုပါသည်။

အင်ဂျင်အပူချိန်လွန်ကဲပြီး ရေတိုင်ကီရေဆူနေခြင်း၊ ဆီကုန်ခြင်း၊ ဆီဒိုင်ခွက်တွင် လောင်စာဆီ လက်ကျန်ပြသေးလားဆိုတာကို အရင်စစ်ဆေးရပါမည်။

ဘက်ထရီငတ်များ ချောင်ပြီး လွတ်နေခြင်း၊ ဘက်ထရီခေါင်းချောင်နေခြင်းကြောင့် လမ်းကြမ်းဆောင့် မိဒဏ်တွေဖြစ်တဲ့အခါမှာ ဘက် ထရီကြိုးလွတ်သွားတတ်ပါ တယ်။

ဓာတ်ဆီကားဆိုရင်

ဓာတ်ဆီကားတစ်စီးမှာ အင် ဂျင် ပုံမှန်လည်ပတ်ဖို့အတွက် လေနဲ့ ဆီရောနှောပါ၀င်နှုန်းအချိုး အစားမှန်ရပါမယ်။

မီးပေးစနစ် (Ignition System)ကောင်းဖို့ အတွက် ပလတ်(Plug)တွေက Timing အလိုက် မီးပွား (spark)ပွင့်ပေးဖို့လိုပါတယ်။

ပလတ်က လည်း ပုံမှန် အပူချိန်မှာပဲရှိရပါ သည်။

ရေဆူပြီး အပူလွန်ကဲတာ မျိုးဖြစ်ရင် အင်ဂျင်အတွင်းမှာရှိတဲ့ သတ္တုပစ္စတင်တွေပွလာပြီး အင် ဂျင်ဆလင်ဒါကျပ်သွားပါသည်။

အင်ဂျင်ကျပ်ရင် စက်ရပ်သွားနိုင် ပါသည်။

ရေတိုင်ကီကိုစစ်ဆေးပါ

အင်ဂျင်အပူလွန်ကဲပြီး ရေ တိုင်ကီထဲကရေနွေးငွေ့တွေ ပန်း ထွက်လာတဲ့အထိ အခြေအနေ ဆိုးတယ်ဆိုရင်တော့ အင်ဂျင် အပူလွန်ကဲလို့ စက်ရပ်သွားတာ ဖြစ်နိုင်ပါသည်။

ရေတိုင်ကီ အဖုံး ကို ချက်ချင်း သွားမဖွင့်သေးပါနဲ့ရေပူများ မှုတ်ထုတ် တတ်လို့ပါ။

အင်ဂျင် အပူလျှော့သွားမှ

ရေတိုင်ကီထဲကို ရေလောင်းထည့်ပါ။

ရေတိုင်ကီ မှတစ်ဆင့် ရေယိုစိမ့်နိုင်တဲ့နေရာ တွေကို စစ်ဆေးကြည့်သင့်ပါသည်။

ကားရေဆူရတဲ့အကြောင်း ရင်းတွေကတော့ ပန်ကာကြိုး လျော့နေရင် ပန်ကာလေသွင်း အားမကောင်းတာကြောင့် ရေ တိုင်ကီက အပူထုတ်တာ အား နည်းလာပါသည်။

လျှပ်စစ်ပန်ကာနဲ့ အအေးခံ တဲ့ အမျိုးအစားဆိုရင်လည်း

ပန် ကာပျက်နေတာလား၊

ရေတိုင်ကီ မှာဖုန်၊ သဲတွေပိတ်နေတာလား၊

အပူချိန်အာရုံခံစနစ်မကောင်း တာလား စတဲ့အားနည်းချက်တစ် ခုခုကိုရှာ ကြည့်သင့်ပါတယ်။

အင်ဂျင်အပူလွန်ကဲတာ မြင့်လာရင် ဂက်စ်ကတ်ပြတ်နိုင်ပါတယ်။ အင်ဂျင်အအေးခံပြီး ရေ တိုင်ကီမှာရေပြန်ဖြည့်ပါ။

ဘက် ထရီကောင်း၊ မကောင်းလည်း စစ်ဆေးကြည့်ပြီးရင်တော့ စက်နှိုး ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဆီနဲ့ မီးတော့ ပုံမှန် ဖို့ လိုပါတယ်။

အင်ဂျင်အေးသွား ပေမယ့် စက်နှိုးကြည့်တာ လုံးဝ မနှိုးဘူးဆိုရင်တော့ Timing Belt ကြိုးပြတ်ပြီး စက်ရပ်သွားတာ ဟုတ်၊ မဟုတ် သေချာအောင် Timing Belt Cover အဖုံးကို ဖွင့်ကြည့်သင့်ပါသည်။

Belt ကြိုး ပြတ်တယ်ဆိုရင်တော့ ကားဝပ် ရှော့ကိုအကြောင်းကြားပြီး ကား ဆွဲပြင်ဆင်သင့်ပါသည်။

အခြားအကြောင်းရင်းများ Timing Belt ကြိုးပြတ်ထွက် သွားရင်လည်း စက်ထိုးရပ်သွား နိုင်ပါသည်။

ကားသော့အုံ (Igni- tion Switch) မှာ ချို့ယွင်းချက် တစ်ခုခုဖြစ်လို့ လုံးဝမီးပျောက် သွားတာမျိုးလည်း ဖြစ်တတ် ပါသည်။

ဖျူးစ် (Fuse) ပျက်သွား တာလား၊ မီးပျောက်တာ၊ ဆီ ပျောက်တာကြောင့် စက်ထိုးရပ် နိုင်ပါသည်။ ဘယ်အစိတ်အပိုင်း က ဘာဖြစ်တာလဲဆိုတာ တိတိ ကျကျသိအောင် ရှာဖို့လိုအပ်ပါ သည်။

ကားစက်ဖုံးဖွင့်ကြည့်ချိန်မှာ အင်ဂျင်ခန်းအတွင်း ဘာတွေထူး ခြားနေသလဲဆိုတာ သေချာကြည့် သင့်ပါတယ်။

ညှော်နံ့ရတာ၊ ပန် ကာကြိုးချောင်နေတာ၊ ရေတိုင်ကီ ရေဆူနေတာ၊ ရေပိုက်ပေါက်နေ တာ၊ အားလုံးကို စစ်ဆေးကြည့်ရ မှာဖြစ်ပါတယ်။

စမ်းသပ်နည်းတစ်မျိုး

ကားဟွန်းသံကိုတီးကြည့်ပြီး ခန့်မှန်းလို့ရအောင် စမ်းသပ် ကြည့်ပါ။

အသံတိုးသလား၊ ကျယ် တဲ့အသံထွက်သလား၊ ဟွန်းသံ လုံးဝမမြည်တာ၊ အသံတိုးလွန်း တာ၊ ကားမီးကြီးအလင်းရောင် အားနည်းလွန်းတာဆိုရင်တော့ ကားဘက်ထရီအားကုန်သွားတာ မျိုး ဖြစ်နိုင်သည်။

ဒါမှမဟုတ် ဟွန်းသံကျယ်တာ၊ ဝိုင်ဘာရေ သုတ်တံလည်တာ၊ ရှေ့မီးကြီး လင်းတာတွေက ပုံမှန်ဆိုရင်တော့ ကားဘက်ထရီကောင်းပါသည်။

ဆီလှည့်စနစ်မကောင်းရင်လောင်စာဆီပို့စနစ်ကို လည်း စစ်ဆေးပေးသင့်ပါသည်။

ဆီတွန်းစနစ်က အသုံးပြုထားသည်။

 စနစ်အပေါ်မူတည်ပြီး ကိုယ်တိုင် စစ်ဆေးလို့ရ၊ မရကွာခြားပါ သည်။

EFI စနစ်လို အဆင့်မြင့် စနစ်တွေဆိုရင်တော့ နားလည်ရ ခက်ခဲပြီး စစ်ဆေးတဲ့နေရာမှာ လည်း နည်းပညာပစ္စည်းအ ထောက်အပံ့တွေ လိုအပ်ပါ သည်။

ဆီစစ်ဘူးပိတ်နေတာ၊ ဆီထဲ မှာ ရေတွေ၊ အမှိုက်စတာတွေ ရောပါနေတာတွေကြောင့် ဆီ လှည့်စနစ်ကို အနှောင့်အယှက် ဖြစ်စေပါသည်။

ဆီထဲမှာ ရေရော ပါနေရင်လည်း စက်ရပ်သွားနိုင်ပါ သည်။

ကာပရိုက်တာစနစ်သုံး ကား တွေဆိုရင်တော့ ဆီပိတ်တာကို အလွယ်တကူ စစ်ဆေးနိုင်ပါ တယ်။

နည်းပညာမြင့်ကားတွေမှာ တော့ EFI စနစ်၊ GDI စနစ်သုံးလာ တာကြောင့် စစ်ဆေးဖို့ခက်ခဲပါ တယ်။

ကားစက်ရပ်တာကPlug ပျက်ရင်လည်း ဖြစ်နိုင်ပါသည်။

Spark Plug ထိပ်ဖျားမှာ တိုင်မင် ကိုက် မီးပွားပွင့်မထွက်တာ၊ Plug ထိပ်မှာမီးမကူးတာတွေဖြစ်ရင် အင်ဂျင်စက်ရပ်သွားနိုင်ပါသည်။

Plug မီးမကူးနိုင်တဲ့အကြောင်း ရင်းတွေ အများအပြားရှိပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာတော့ ပွိုင့်ကမီးဖြတ်ပြီး Ignition Coil ကထွက်လာတဲ့ High Voltage ကို Distributor က မီးဖျန်းပေးပါ သည်။

မော်ဒယ်မြင့်ကားတွေကို တော့ Distributor ကတစ်ဆင့် မီးဖြတ်တဲ့ စနစ်မဟုတ်တော့ဘဲ ပလတ်တစ်လုံးချင်းကို မီးကွိုင် တစ်လုံးစီက မီးပေးပါတယ်။

မီး Timing ကို ကွန်ပျူတာနဲ့ချိတ် ဆက်ထားတဲ့ ECU (Electronic Control Unit) က ထိန်းချုပ်ပါ သည်။

 Crank Shaft Position Sensor က ပို့လိုက်တဲ့သတင်း အချက်အလက်အရ ECU က မီး Timing ကို ဆုံးဖြတ်အမိန့်ပေးပါ သည်။

အဲဒီနေရာမှာ Crank Shaft Position Sensor မကောင်းရင် ECU က အမိန့်ပေး ဆောင်ရွက်ချက်လွဲသွားစေပါ သည်။

ကွန်ပျူတာစနစ်သုံးတဲ့ မော် ဒယ်မြင့်ကားတွေမှာ ECU ကို ပါဝါ ပို့ပေးတဲ့ Relay ဘူးတွေကောင်းဖို့ လိုပါတယ်။

နောက်တစ်ချက်က ဗို့အားမတည်မငြိမ်ဖြစ်ရင်လည်း ပြဿနာဖြစ်နိုင်ပါတယ်။ ECU က 12 Volt မှာပဲအလုပ်လုပ်ပါ သည်။

ဗို့အားလျော့တာ (သို့ မဟုတ်) overcharging ဖြစ်လို့ သတ်မှတ်ဗို့အားထက် ပိုမြင့်သွား တာမျိုးဆိုရင်တော့ ECU စနစ် အလုပ်မလုပ်နိုင်တော့ပါဘူး။

ဒီလို မျိုးမီးပြဿနာဖြစ်ရင်တော့ ကား ဝပ်ရှော့ပ်မှာပဲ OBD II Scan Tool နဲ့ စစ်ဆေးရပါတယ်။

မော်ဒယ်နိမ့်ကားတွေဆိုရင် တော့ ပလတ်ကိုမီးမရောက်တာ ကို စစ်ဆေးရတာလွယ်ပါတယ်။

Coil တွေ၊ Distributor တွေ၊ Plug Wire တွေ ရေစိုသွားရင်တော့ ပလတ်ကို မီးမရောက်တော့ဘဲ စက်ရပ်သွားစေပါတယ်။

ဒီလို ပြဿနာမျိုးတွေကတော့ မိုးတွင်း ရေကြီးတဲ့လမ်းကို ဖြတ်မောင်း မိရင်တော့ ပလတ်ကို မီးမရောက် လို့ အင်ဂျင်စက်ရပ်သွားတာ ဖြစ် နိုင်ပါတယ်။

ကားတစ်စီးရဲ့ ရုတ်တရက် စက်ရပ်တာမျိုး မဖြစ်စေဖို့အတွက် အဓိကလုပ်ဆောင်သင့်တာတွေ ကတော့ အခြေခံစစ်ဆေးမှုတွေ ဖြစ်တဲ့ ဆီ၊ ရေ၊ လေ၊ ၀ိုင် နေ့စဉ် စစ်ဆေးတာ၊ လစဉ်ပုံမှန်စစ်ဆေး သင့်တာများနှင့် သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ စစ်ဆေးပြု ပြင်ပေးသင့်တာတွေကို ပုံမှန်စစ် ဆေးပြုပြင်ပေးသင့်ပါသည်။

 

Read 4442 times