ကျပ်သိန်း ၂၅၀ ခန့်ရှိရုံဖြင့် စမတ်ကျကျစီးနိုင်သော Subaru Trezia ကား


၁၃၀၀ စီစီ ကားစျေးကွက်ထဲတွင် Toyota Ractic နှင့် ရုပ်ချင်းဆင်ပြီး အင်ဂျင်အမျိုးအစားလည်းတူသော Subaru Trezia သည်လည်း Ractic ၏ အောင်မြင်မှုနောက်ကိုလိုက်ရန် ကြိုးစားနေသော ကားအမျိုးအစားဖြစ်ပါသည်။

Toyota ကုမ္ပဏီက Mini MPV အမျိုးအစားဖြစ်သော Ractic ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး Subaru Trezia ကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Trezia ဆိုသော အမည်နာမမှာ အင်္ဂလိပ်ဘာသာစကား Treasure (ရတနာတစ်ပါး) မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

Subaru Trezia ကို Toyota Ractic ကဲ့သို့ အင်ဂျင်ပါဝါ ၁၃၀၀ စီစီ နှစ်မျိုးထုတ်လုပ်ထားပါသည်။

အင်ဂျင်မှာလည်း Ractic အင်ဂျင်နှင့်တူပြီး ၁၅၀၀ စီစီ အင်ဂျင်က 1NZ-FE၊ ၁၃၀၀ စီစီ အင်ဂျင်က 1NR-FE ဖြစ်ပါသည်။

CVT ဂီယာ ခြောက်ချက်နှင့် ထုတ်လုပ်ထားသကဲ့သို့ Manual ဂီယာရှိသော်လည်း Manual နှင့် တင်သွင်းမှုနည်းပါသည်။

Subaru Trezia နှင့် Toyota Ractic က ရှေ့ရှဲလ် နည်းနည်းလေးပြောင်းသွားခြင်းကလွဲပြီး ရုပ်ထွက်ဆင်ပါသည်။

၂၀၁၂ မိုဒယ် Trezia မှာဆိုလျှင်1.3I၊ 1.3I-L၊ 1.3I.S၊ 1.5L၊ 1.5I-L၊ 1.5I-S၊ 1.5I-L Panorama၊ 1.5 I Sport Limited စသော ဂရိတ်များရှိပါသည်။

ထိုကားက Toyota Ractic နှင့် အတွင်းခန်းဖွဲ့စည်းပုံချင်းလည်း ဆင်ပြီး 1.3I နှင့် 1.5I ဂရိတ်ကလွဲပြီး ကျန်ဂရိတ်များတွင် Digital Aircon၊ Push-start ဖြစ်သွားပြီး ရှေ့/နောက် Spoiler နှင့် နှင်းကွဲမီး ပါရှိပါသည်။

L Grade သည် အမြင့်ဆုံးဖြစ်သည့်အတွက် Digital Aircon၊ Push-start၊ Steering Leather ကြိုးချုပ်၊ ဂီယာလက်ကိုင်ကြိုးချုပ်စသည်တို့ ပါဝင်ပါသည်။

I-S ဂရိတ်များနှင့် Sport ဂရိတ်များတွင် အလွိုင်းဆိုက် ၁၆ လက်မ ဖြစ်သွားပါသည်။

Subaru Trezia တွင် အင်ဂျင်ပါဝါ ၁၃၀၀ စီစီကိုသာ တင်သွင်းမှုများပြီး ၂၀၁၁၊ ၂၀၁၂ မိုဒယ်ကို ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူမည်ဆိုလျှင် အက္ခရာနှင့် ဂရိတ်တွင်မူတည်၍ ကျပ်သိန်း ၁၉၀ မှ ၂၄၀ ကြားတွင် ရှိပါသည်။

 

Read 1886 times