Street Triple 765


Triumph ကုမ္ပဏီမှ ဆလင်ဒါသုံးလုံးထိုး အလတ်စား ပြိုင်ဘီးမော်တော်ဆိုင်ကယ် Street Triple ကိုထုတ်လုပ်လိုက်ကြောင်းသိရသည်။

Triumph ကုမ္ပဏီမှ ဆလင်ဒါသုံးလုံးထိုးအင်ဂျင် Street Triple ဆိုင်ကယ်ထုတ်လုပ်ပြီး ၁၀ နှစ်နီးပါးခန့်အကြာတွင် Street Triple 765မိုဒယ်သစ်ကို ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

မူလထုတ်လုပ်ခဲ့သည့် ဆိုင်ကယ်၏ အားသာချက်များကို ထပ်မံမြှင့်တင်ထးသော Street Triple 765 မိုဒယ်သစ်ပြိုင်ဘီး၏ ထူးခြားပြောင်မြောက်သည့် စွမ်းရည်သစ်ကို မြင်တွေ့ရမည်ဖြစ်သည်။

Street Triple 765 အင်ဂျင်သည် Street Triple 675 အင်ဂျင်ကို အခြေခံထုတ်လုပ်ထားပြီး စွမ်းရည်ပိုမိုပြည့်ဝသည့် ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။

အင်ဂျင်ပတ်လည်အားမှာ တစ်မိနစ်လျှင် အမြင့်ဆုံး 11750 RPM တွင် မြင်းကောင်ရေ ၁၂၁ ကောင်အားထုတ်လုပ်နိုင်ကြောင်းသိရသည်။

ကလပ်ပြားပြား အသုံးပြုပြီး ဂီယာနံပါတ် ဝမ်း(1) နှင့် တူး(2) ကိုနီးနီးကပ်ကပ်တပ်ဆင်းထားသောကြောင့် ဂီယာအုံလှုပ်ရှားမှု သွက်လက်လျင်မြန်ကာ ကိုင်တွယ်ထိန်းသိမ်းရ ပိုမိုလွယ်ကူသည်ဟု လည်းသိရသည်။

လီဗာမှတစ်ဆင့် ECU သို့ထိန်းချုပ်မောင်းနှင်သည့် Ride-by-wire စနစ်၊ အခြေအနေငါးမျိုး ပြောင်းလဲမောင်းနှင်နိုင်သည့်စနစ်၊ ABS ဘရိတ်စနစ်အပြင် ကုပ်အားထိန်းသိမ်းမှုပေးသည့် Traction Crontrol စနစ်တို့ပါဝင်သိဟုသိရသည်။

အခြားအီလက်ထရွန်းနစ်စနစ်ပေါင်းများစွာ တပ်ဆင်ထားသည့် Street Triple 675 ကို S,R,the new top-spec RS ဟူ၍ မူကွဲသုံးမျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Street Triple RS တွင်ငါးလက်မအရွယ် TFT Screen အသုံးပြုထားပြီးလိုအပ်သည့် ဂီယာ အချိန်းအပြောင်းနှင့် သတင်း အချက်အလက်များကို Screen တွင်အလွယ်တကူ ကြည့်ရှု့နိုင်ကာ အီလက်ထရွန်းနစ် ထိန်းချုပ်မှုအားလုံးကို လက်ဝဲဘက် Switchgear ပေါ်ရှိ joystick ခလုတ်မှတစ်ဆင့် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

RS အပြင် Street Triple R နှင့် ပါဝါအနိမ့် 660CC အမျိုးအစားဆိုင်ကယ်သစ်ကိုလည်း မှာယူနိုင်ကြောင်း သိရသည်။

Source:automobile directory

Read 2714 times