ရေနံထွက်ပစ္စည်းသိုလှောင်ခွင့်လိုင်စင် ၂လ ကြို သက်တမ်းတိုးရန် နှိုးဆော်စာ ထုတ်ပြန်


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်မှ သတ္တုတွင်းဦးစီးဌာနက  ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးရန် နှိုးဆော်စာ ထုတ်ပြန်ထားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီး ဌာနမှ ခွင့်ပြုထုတ်ပေးထားသော ရေနံနှင့်ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင်များ သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ရေနံ နည်းဥပဒေ (၁၁၉)အရ သက်တမ်းကုန်ဆုံးသော နေ့ရက်မတိုင်မီ နှစ်လကြိုတင်၍ နောင်လာမည့်နှစ်အတွက် သက်တမ်းတိုးမြှင့်လျှောက်ထားရန် လိုအပ်ပါသည်။

ရေနံနှင့်ရေနံထွက်ပစ္စည်းသိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးမြှင့်မှုကို ၁-၁၁-၂ဝ၂ဝ ရက်မှ ၃၁-၁၂-၂ဝ၂ဝ ရက်အတွင်း လျှောက်ထားကြရန်နှင့် ပျက်ကွက်သည့် သိုလှောင်ခွင့်လိုင်စင်များအတွက် ရက်လွန်ဒဏ်ကြေးအဖြစ် ၁-၁-၂ဝ၂၁ ရက်မှ စတင်၍ တစ်ရက်လျှင် သိုလှောင်ခွင့်လိုင်စင်ကြေး၏ ၂ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပါသည်။ 

သက်တမ်းတိုးရန် လျှောက်ထားသည့်အခါ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။

(က) သက်တမ်းတိုးလျှောက်လွှာ၊

( ခ ) ဤဦးစီးဌာနမှ ထုတ်ပေးထားသော သိုလှောင်ခွင့်လိုင်စင်(မူရင်း)၊ 

( ဂ ) ဤဦးစီးဌာနမှ နောက်ဆုံးကွင်းဆင်းစစ်ဆေးခဲ့သည့် ကွင်းဆင်း စစ်ဆေးချက်မှတ်တမ်း(မိတ္တူ)

(ဃ) စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်/သိုလှောင်ရုံများ၏ လက်ရှိ အခြေအနေအတိုင်း ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများ။

ပေးပို့ရမည့် လိပ်စာ
သတ္တုတွင်းဦးစီးဌာန
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
 ရုံးအမှတ် (၁၉)၊ နေပြည်တော် 
 ဖုန်း - ဝ၆၇-၃၄၀၉၃၇၆

 

 

 

 

Read 812 times