ဗီယက်နမ်မှာ ဒီဇယ်ဆီ အရည်အသွေး စံမမီသဖြင့် Toyota က Hilux အရောင်းရပ်


ဗီယက်နမ်မှာ ဒီဇယ်ဆီ အရည်အသွေး စံမမီသဖြင့် Toyota က Hilux အရောင်းရပ်

 ဗီယက်နမ်တွင် လောင်စာဆီ အရည်အသွေးကြောင့် Hilux ပစ်ကပ်ထရပ်ကား ရောင်းချမှုကို Toyota  ရပ်တန့်လိုက်ပါတယ်။ 

Euro 5 စံနှုန်းများနှင့် ကိုက်ညီသော ဒီဇယ်ဆီ ရရှိနိုင်တဲ့နေရာ  နည်းပါးနေတာကြောင့် Toyota က 2022 Hilux ပစ်ကပ်ကို ဗီယက်နမ်သို့ တင်သွင်းမှု ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

အရည်အသွေးနိမ့်တဲ့ ဒီဇယ်ဆီတွေကို သုံးစွဲတဲ့အခါ Hilux အင်ဂျင်ထိခိုက်ပျက်စီးစေနိုင်တယ်လို့ Toyota က ပြောကြားပါတယ်။ 

ဗီယက်နမ်နိုင်ငံမှာ DO-V လို့ အတိုကောက် ခေါ်ဝေါ်ကြတဲ့ Euro 5 ဒီဇယ်ကို ဟိုချီးမင်းစီးတီးနှင့် ဟံနွိုင်မြို့ တို့မှာသာ ရရှိနိုင်ပြီး အခြားနေရာတွေမှာ ရရှိနိုင်ဖို့ ခဲယဉ်းနေပါတယ်လို့ Toyota  ရဲ့ ပြောရေးဆိုရေးတာဝန်ခံက ပြောကြားပါတယ်။ 

2022 Hilux ပစ်ကပ် အရောင်းကိုယ်စားလှယ် အများအပြားတို့ဟာ ကားဝယ်လိုသူများထံမှ စရံသပ်တာကို လက်ခံခြင်း ရပ်ဆိုင်းထားကြပါတယ်။ လက်ခံထားပြီးသူများမှာ အချို့တို့က ၂၀၂၃ နှစ် နှစ်ဆန်းပိုင်း ရရှိဖို့ အစီအစဉ် ရှိထားပါတယ်။ ဘယ်အချိန်ကျမှ 2022 Hilux ပစ်ကပ်ကို ပြန်လည်ရောင်းချပေးမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ 

 ပထမ ၅လ တာအတွင်း 2022 Hilux ပစ်ကပ် ၁၀ စီးကိုသာ ရောင်းချပြီးချိန်မှာ ယခုလို အရောင်းရပ်လိုက်ကြောင်း Toyota  က ကြေညာလိုက်တာဖြစ်ပါတယ်။ 

2021 မော်ဒယ်တွေ အကုန်လုံးမှာတော့ အင်ဂျင်က Euro 4 (DO-IV) စံညွှန်းနှင့် ကိုက်ညီကြပါတယ်။ 

ဗီယက်နမ်မှာ စက်သုံးဆီအရောင်းဆိုင် ခုရေ ၁,၁၀၀  ဝန်းကျင်ရှိပြီး  စက်သုံးဆီဆိုင်များ အားလုံးရဲ့ ၆.၅ % သာ DO-V ရောင်းချပေးပါတယ်လို့ ဗီယက်နမ် စက်သုံးဆီအသင်း Vietnam Petroleum Association ရဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။ 

ဗီယက်နမ် ဈေးကွက်အတွက် Hilux ပစ်ကပ်များကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပြီး ဗီယက်နမ်သို့ တင်သွင်းရောင်းချပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

 

https://t.me/Guid4U

Source: e.vnexpress

Read 6385 times