ကားမောင်းနေစဉ် ဘရိတ်ချို့ယွင်းခဲ့ပါက လုပ်ဆောင်သင့်သည့် အချက်များ


ယာဉ်မောင်းနေစဉ် ဆင်ခြေလျှောလမ်းလိုအနေအထား ပစောက်ကွေ့၊ တံတောင်ဆစ်ချိုးကွေ့များဖြစ်နေသောအနေအထားမျိုးတွင် ရုတ်တရက်ဘရိတ်ဖမ်း၍မမိပါက ယာဉ်မောင်းသူများအနေနှင့် တုန်လှုပ်သွားလေ့ရှိပါသည်။

ဘရိတ်ချို့ယွင်းခြင်းသည် ကြောက်လန့်စိတ်ကိုဖြစ်ပေါ်စေပြီး ဆုံးဖြတ်ချက်မှားပါက အန္တရာယ်ကျရောက် နိုင်ပါသည်။

ထို့ကြောင့် ကားမောင်းနေစဉ် ဘရိတ်ချို့ယွင်ခဲ့ပါက မှန်ကန်သောဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်နိုင်ရန်အရေးကြီးပါသည်။

(၁)ကြောက်စိတ်များ မဝင်ပါစေနှင့်။

ကြောက်စိတ်မွှန်ပြီး လွန်လွန်ကဲကဲလုပ်ဆောင်မိခြင်းက ကြီးမားသောအန္တရာယ်ကိုဖြစ်စေပါသည်။

ထိုအချိန်တွင် စိတ်တည်ငြိမ်ရန် အရေးကြီးဆုံးဖြစ်ပါသည်။

(၂) သင့်ခြေထောက်၏လှုပ်ရှားမှုကို ရပ်တန့်ထားပြီး Cruise Control System ခလုတ်ကိုပိတ်ပါ။

Cruise Control System ဖွင့်ထားခြင်းက သတ်မှတ်မြန်နှုန်းနှင့် အလိုအလျောက်မောင်းနှင်ရန်ဖြစ်ပါသည်။

ထို့ကြောင့် ဘရိတ်စနစ်ချို့ယွင်းသည်နှင့် Cruise Control System ကို သေချာပိတ်ရပါမည်။

ခလုတ်ပိတ်ပြီးသည်နှင့် ခြေထောက်က ဘရိတ်ကိုထိထားရမည်။

(၃)ဘရိတ်ကို ဘယ်လိုနင်းရမလဲ။

ဘရိတ်နင်းခြင်းက ကြမ်းပြင်ဆီကို ညင်ညင်သာသာနင်းခြင်းမျိုးဖြစ်စေပြီး ဘရိတ်ဆီစီးဆင်းခြင်းကို ကျဆင်းစေပါသည်။

ဘရိတ်စနစ်များ၏ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ မာစတာဆလင်ဒါ သို့မဟုတ် ဒရမ်၊ ကလစ်ပါး (master cylinder or drums or calipers) တစ်ခု ချွတ်ယွင်းခြင်းဖြစ်ပါသည်။

ယာဉ်မောင်းသူများအနေနှင့် ဘရိတ်၏တွန်းအား (pumping the brakes) နှင့် ဘရိတ်ဖိအားကို ပြန်လည်တည်ဆောက်နိုင်ခြင်းဖြစ်ပါသည်။

ခြေထောက်ကဘရိတ်ကို ခပ်ပြင်းပြင်းဖိနင်းထားပြီး မရွေလျားစေဘဲနေခြင်းက ဘရိတ်ခြေနင်း၏အောက်တွင် ပိတ်ဆို့ခြင်းမျိုး ဖြစ်စေပါသည်။

(၄)ရပ်တန့်နိုင်ရန် ဘရိတ်ကို ဖိအားပေးခြင်း။

အချိန်အတိုင်းအတာတစ်ခုအထိ ဘရိတ်ကို ဖိတွန်းထားခြင်းကဘရိတ်စနစ်၏ လုံလောက်သောဖိအား (enough pressure) ကို ရရှိပြီး ရပ်တန့်မှုကို ဖြစ်စေပါသည်။

(၅) ဂီယာကို လျှော့ချပေးပါ။

ဂီယာကို လျှော့ချပေးခြင်းက အင်ဂျင်လည်ပတ်နှုန်းကို လျှော့ချပေးပြီး ကား၏အမြန်နှုန်းကို လျှော့ချပေးခြင်းဖြစ်ပါသည်။

အော်တိုဂီယာဖြစ်ပါက နံပါတ်တစ်တွင်ထားသင့်ပါသည်။

မန်နျူရယ်ဖြစ်ပါက ကား၏အမြန်နှုန်းနှေးသွားသည်အထိ ဂီယာကိုအဆင့်ဆင့် ပြောင်းလဲရပါမည်။

(၆)Emergency Brake အသုံးပြုပါ။

Emergency Brake ခေါ် ပါကင်ဘရိတ် (parking brake) ကိုအသုံးပြုပြီး ကားကို ရပ်တန့်နိုင်ပါသည်။

ထိုအခါ ပုံမှန်ထက် အချိန်ပိုကြာပြီးမှ ရပ်တန့်ပါသည်။

ထိုဘရိတ်ကို အသုံးပြုသည့်အခါ ရှေ့ကိုဆွဲသည်ဖြစ်စေ၊ နောက်ကိုတွန်းသည်ဖြစ်စေ ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်သင့်ပါသည်။

(၇) သတိထားကြည့်ရှုပြီး ဆက်မောင်းပါ။

ကား၏ ရှေ့ပတ်ဝန်းကျင်မြင်ကွင်းကို အထူးသတိပြုမောင်းနှင်ရပါမည်။

ကြီးမားသောယာဉ်ကြောပိတ်ဆို့မှုများ၊ ဖြတ်သွားဖြတ်လာများ၊ အန္တရာယ်ဖြစ်ပေါ်လာနိုင်သော အတားအစီးများကို လှည့်ပတ်လမ်းကြောင်းပြောင်းပြီး မောင်းနှင်ရပါမည်။

(၈) သတိပေးပါ။

ကား၏အန္တရာယ်အချက်ပြမီးကို ဖွင့်ထားပါ။

မိမိပြဿနာရှိနေသည်ကို အခြားယာဉ်များသိရှိစေရန် ဟွန်းတီးပြီး အချက်ပြသတိပေးခြင်းကိုလည်း အဆက်မပြတ်ပြုလုပ်ပေးသင့်ပါသည်။

(၉) လမ်းကြော၏တစ်ဖက်စီ

မြန်နှုန်းမြင့်နေသော ကား၏အရှိန်ကိုလျှော့ချဖို့ရန် လမ်း၏ဘယ်ညာတစ်ဖက်စီကို ပါးပါးနပ်နပ်နှင့် လှည့်ပတ်မောင်းနှင်ခြင်းက ပွတ်အားကိုဖြစ်စေပြီး ကား၏ အမြန်နှုန်းကို လျှော့ချစေခြင်း ဖြစ်သည်။

အမြန်နှုန်းက သိပ်မြင့်မားနေပါက အရှိန်လွန် တိမ်းမှောက်နိုင်၍ ဂရုစိုက်မောင်းနှင်ရပါမည်။

(၁၀) ယာဉ်၏အရှိန်ကိုလျှော့ချပါ။

မြန်နှုန်းမြင့် မောင်းနှင်နေစဉ်တွင် ဘရိတ်စနစ်ကို အသုံးပြု၍မရပါက အမြန်ဆုံးမည်သို့ရပ်တန့်ရမည်ဆိုသည်ကိုပဲ အာရုံထား စဉ်းစားရပါမည်။

အရေးပေါ်ဘရိတ်ကဲသို့ ခေတ်မီနည်းစနစ်များက အသုံးမတည့်တော့ပါက သို့မဟုတ် ထိုနည်းစနစ်များ မိမိကားတွင် မပါရှိခဲ့ပါက ဘီးလေးဘီးကို ကားလမ်း၏ပွတ်တိုက်အား များများသုံးပြီး ကား၏အရှိန်လျှော့ချရပ်တန့်နိုင်ဖို့ရန် သဘာဝနည်းလမ်းများကို အသုံးပြုရပါမည်။

ထို့အတွက် လမ်းဘေးတွင်ရှိသော မြက်ခင်းများ၊ ခြုံပုတ်ငယ်များရှိသောဆီကို အထူးဂရုစိုက်ပြီး ဆင်းသက်မောင်းနှင်သင့်ပါသည်။

 

Read 18074 times