Stellantis က 'ရှေ့သို့ရဲရဲတက် ၂၀၃၀' မဟာဗျူဟာအရ  ကားစက်ရုံဟောင်းများကို အီးဗီစက်ရုံအဖြစ်ပြောင်းလဲ


Stellantis က 'ရှေ့သို့ရဲရဲတက် ၂၀၃၀' မဟာဗျူဟာအရ  ကားစက်ရုံဟောင်းများကို အီးဗီစက်ရုံအဖြစ်ပြောင်းလဲ

ကား brand အများအပြား ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိတဲ့ Stellantis က အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ကနေဒါနိုင်ငံမှ ကားစက်ရုံကို လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံအဖြစ်သို့ ပြုပြင်ပြောင်းလဲမယ်လို့ ၂၀၂၂ မေလ ၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Stellantis မှ ရေးဆွဲချမှတ်ကျင့်သုံးလျက်ရှိတဲ့ 'ရှေ့သို့ရဲရဲတက် ၂၀၃၀'  'Dare Forward 2030' မဟာဗျူဟာအရ Stellantis က ကမ္ဘာတစ်လွှား အမေရိကန်ဒေါ်လာ ၃၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံပြီး ၂၀၂၅ ခုနှစ်အထိ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးကို ဦးတည် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ရှိပြီးသား ကားစက်ရုံများကို အီးဗီ ထုတ်လုပ်နိုင်အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှာဖြစ်ပြီး အခြားတစ်ဘက်မှာ ဆော့ဖ်ဝဲလ်နှင့် နည်းပညာများ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပါတယ်။
ကနေဒါနိုင်ငံမှာ တည်ရှိတဲ့ Windsor နှင့် Brampton ကားစက်ရုံတို့ကို အီးဗီ ထုတ်လုပ်နိုင်အောင့် အဆင့်မြှင့်တင်ပေးမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။


Windsor စက်ရုံက လက်ရှိ Chrysler minivans များ ထုတ်လုပ်လျက်ရှိပါတယ်။ Brampton စက်ရုံမှာ လက်ရှိ Chrysler 300 ၊ Dodge Challenger နှင့် Charger အကြမ်းခံကားများ ထုတ်လုပ်ပါတယ်။ 


Windsor စက်ရုံကို ၂၀၂၃ မှာ အဆင့်မြှင့်တင်မှု စတင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။
စက်ရုံမှာ ထုတ်လုပ်လျက်ရှိတဲ့ Dodge Challenger နှင့် Dodge Charger ကို ထုတ်လုပ်မှုများ ယတိပြတ် ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ 
Brampton စက်ရုံကို ၂၀၂၄ မှာ အဆင့်မြှင့်တင်မှု စတင်ပါမယ်။

စက်ရုံ ၂ ခုစလုံး အဆင့်မြှင့်တင်တာကို ၂၀၂၅ မှာ ပြီးစီးပါမယ်။


Stellantis က လက်ရှိမှာ ကား brand ၁၆ ခု လုပ်ကိုင်လျက်ရှိပါတယ်။ ၎င်းတို့မှာ
Abarth
Alfa Romeo
Chrysler
Citroën
Dodge
DS
Fiat
Fiat Professional
Jeep
Lancia
Maserati
Mopar
Opel
Peugeot
Ram
Vauxhall

တို့ ဖြစ်ပါတယ်။

Read 631 times