ကားစတီယာရင်လက်ကိုင် ညစ်ပတ်မှု ရှိနေကြောင်း လေ့လာတွေ့ရှိ


ကားစတီယာရင်လက်ကိုင်သည် အိမ်သာထိုင်ခုံထက်လေးဆပိုညစ်ပတ်ကြောင်း လေ့လာစူးစမ်းမှု တစ်ရပ်ကဖော်ပြခဲ့သည်ဟု ဇန်နဝါရိ ၂၇ ရက်တွင် MSN သတင်းဝက်ဘ်ဆိုက်ကရေးသားဖော်ပြခဲ့ပါတယ်။

National Center for Biotechnology Information အဖွဲ့အစည်းသည် ကားအတွင်းရှိ အစိတ်အပိုင်းများတွင် တစ်စတုရန်း စင်တီမီတာတွင် ဘက်တီးရီယးပိုးများမည်မျှရှိသည်ကို Colony-forming Units(CFU) ဖြင့်တိုင်းတာခဲ့ရာ စတီယာရင်လက်ကိုင်တွင် 629 CFU ရှိကြောင်းတွေ့ခဲ့ပါတယ်။

စမတ်ဖုန်းမျက်နှာပြင်များတွင် 100 CFU ၊ အများသုံးဓာတ်လှေကားခလုတ်များတွင် 313 CFU ၊အိမ်သာထိုင်ခုံများတွင် 172 CFU ပျမ်းမျှရှိသဖြင့် ကားစတီယာရင်လက်ကိုင်က အိမ်သာထိုင်ခုံထက်လေးဆခန့် ညစ်ပတ်ကာ ဘက်တီးရီးယားပိုးများပိုရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

ကားအတွင်းပိုင်းတွင်အကြမ်းအားဖြင့် ဘက်တီးရီးယားပိုးခုနှစ်ရာခန့်ရှိသည့်အနက် အစာအဆိပ်သင့်ခြင်း၊ အရေပြား ပိုးဝင်းကူးစက်ခြင်းတို့ဖြစ်စေပါတယ်။

Staphylococcus၊ ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်းခြင်းတို့ဖြစ်စေသည့် Propionibacterium ဘတ်တီးရီးယားပိုးနှစ်မျိုးမှာ အများဆုံးတွေ့ရသဖြင့် ဘတ်တီးရီးယား ပြန့်ပွားမှုမရှိအောင် ကားစီးနေစဉ် အစားအစာ မစားသင့်ကြောင်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စုတွင် ကားပိုင်ရှင်တစ်ထောင်အားစစ်တမ်းကောက်ယူခဲ့ရာ ၃၂ ရာခိုင်နှုန်းသည် ကားအတွင်းပိုင်းသန့်ရှင်းရေးကို တစ်နှစ်တစ်ကြိမ်သာ ပြုလုပ်ကြောင်း CarRentals.com ကဖော်ပြထားပါတယ်။

Read 576 times