Starlink ဂြိုတ်တုအင်တာနက် အပန်းဖြေစခန်းချကားများကို ဝန်ဆောင်မှု စတင်၊ သို့သော် ဈေးကြီးနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
SpaceX က ၎င်း၏ Starlink ဂြိုတ်တုအင်တာနက် ဝန်ဆောင်မှုကို အပန်းဖြေစခန်းချမော်တော်ယာဉ်များ RVs အတွက် ဝန်ဆောင်မှု စတင်ပေးအပ်ပါသည်။ ရောက်ရာအရပ်တွင် စခန်းချရပ်နားထားစဉ် အက်တာနက် သုံးစွဲနိုင်မည် ဖြစ်သည်။ အပန်းဖြေစခန်းချမော်တော်ယာဉ် စခန်းချရာနောက်သို့ အင်တာနက် ပါနေမည် ဖြစ်သည်။
.
ဝန်ဆောင်မှုအသစ်သည် $2,500 တန် "Flat High Performance" စလောင်းကို အသုံးပြုထားသည်။ ဈေးနှုန်းမှာ ပုံမှန်စလောင်းထက် ၅ ဆနီးပါး ကုန်ကျသည်။ SpaceX ၏ ပုံမှန်စလောင်း ဈေးနှုန်းမှာ $599 ဖြစ်ပါသည်။
.
လစဉ်ကြေး တစ်လ $135 ကောက်ခံသည်။
ယခုအခါ ကြိုတင်အမှာစာ လက်ခံနေပြီ ဖြစ်ပါသည်။
၂၀၂၂ ဒီဇင်ဘာလတွင် ဝန်ဆောင်မှု စတင်ရရှိမည်။
.
မြန်နှုန်းမြင် အက်တာနက် "high-speed, low-latency"ကို နေရာတိုင်းတွင် ရရှိမည်ဟု အာမ မခံပါ။
ဝန်ဆောင်မှုကို စဉ်ဆက်မပြတ် လစဉ်ကြေး ပေးသွင်းရန် မလိုပါ။ ရပ်နားထားလိုပါက ရပ်နားထားနိုင်ပါသည်။ အသုံးပြုသည့် လများအတွက်သာ လစဉ်ကြေး ပေးဆောင်ဖို့ လိုအပ်ပါသည်။
မော်တော်ယာဉ် ရွေ့လျားသွားလာနေစဉ် သုံးစွဲလိုပါက in-motion hardware တပ်ဆင်ထားဖို့လိုအပ်ပြီး ၎င်းဝန်ဆောင်မှုကို အမေရိကန် နိုင်ငံတွင်သာ ရရှိနိုင်မည် ဖြစ်သည်။
၎င်းဟာ့ဒ်ဝဲကို ကားအမိုးေပါ်မှာ အမြဲတမ်းတပ်ဆင်ဖို့ ဒီဇိုင်းထုတ်ထားပြီး ကြမ်းတမ်းသည့်ပတ်ဝန်းကျင်တွင် ခံနိုင်ရည်ရှိကြောင်း ကုမ္ပဏီက ပြောကြားသည်။
ပုံမှန်ဗားရှင်းကို မြေပြင်ပေါ်တွင်သာ ထားရှိနိုင်ပါသည်။
ယခုအခါတွင် Starlink ဂြိုလ်တုခုရေ ၂,၃၀၀ ကျော်သည် ကမ္ဘာမြေနိမ့်ပတ်လမ်းကြောင်းတွင် ရှိနေပြီ ဖြစ်ပါသည်။
Source andriodcentral
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U