ဂျပန်ကားထုတ်လုပ်သူများကို အီးဗီကို ပြောင်းလဲ စူးစိုက်ကြရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း


ဂျပန်ကားထုတ်လုပ်သူများကို အီးဗီကို ပြောင်းလဲ စူးစိုက်ကြရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး ဆာရက်သာ သာဝီစင်က ဂျပန်ကားကုမ္ပဏီများသည် လျှပ်စစ်ကားများကို ပိုမိုထုတ်လုပ်ခြင်းဆီသို့ လျင်မြန်စွာ ကူးပြောင်းခြင်း မပြုပါက နောက်ကျ ကျန်ရစ် နိုင်ကြောင်း သတိပေးစကား ပြောကြားခဲ့သည်။ 
တရုတ်နိုင်ငံမှ ကားကုမ္ပဏီများသည် ထိုင်းတွင် အီးဗီများ ရောင်းချကြကာ စျေးကွက်ဝေစုကို ရယူနေကြပြီ ဖြစ်သည်။ 


 ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များကြား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တိုကျိုမြို့သို့ သွားရောက်ခြင်း မပြုမီ အင်္ဂါနေ့(ဒီဇင်ဘာ ၁၂)တွင် ဂျပန်မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း စီးပွားရေးလုပ်ငန်းရှင်မှ နိုင်ငံရေးသမားအဖြစ်သို့ ခံယူခဲ့သူ ဆာရက်သာက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။


Srettha က " အီးဗီ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လာရင် ဂျပန်ကုမ္ပဏီတွေက နောက်ကျနေကြတယ်" ဟု ဆာရက်သာက ပြောကြားသည်။

ဂျပန်နိုင်ငံ မော်တော်ကားလုပ်ငန်းသည် ကမ္ဘာ့လျှပ်စစ်ကားလမ်းကြောင်းကို အမီလိုက်ရန် လိုအပ်ကြောင်း ဆာရက်သာက အလေးပေးပြောကြားခဲ့သည်။

"ဂျပန်ကားထုတ်လုပ်သူတွေရဲ့ အီးဗီတွေ ဖွံ့ဖြိုးရေး တိုးတက်အောင် အခွန် မက်လုံးများဖြင့် သူတို့ကို ကူညီပေးဖို့ တိုယိုတာ၊ ဟွန်ဒါတို့နဲ့ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။


Toyota Motor Corp နှင့် Honda Motor Co အပါအဝင် ဂျပန်ကုမ္ပဏီများသည် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖြစ်ခဲ့ကြောင်း Mr Srettha က ပြောကြားခဲ့သည်။
ဂျပန်ကုမ္ပဏီများကို ဆက်လက်ပါဝင်ကူညီရန် စိတ်အားထက်သန်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။


Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 303 times