ကားအောက်ပိုင်းရှိ ရှော့ခ်ဘားနှင့် စပရိန်အကြောင်း


ကားစီးရသောဒဏ်ကြောင့် ကိုယ်တွေလက်တွေနာသည်အထိ ဖြစ်သွားနိုင်ပါသည်။ ရှော့ခ်ဘားက ထမ်းဆောင်သော အဓိကတာဝန် ၂ ခုရှိပါသည်။

ထို့နောက် လှုပ်ခါပြီး တစ်စစီ ဖြစ်မသွားစေရန် လှုပ်ခါခြင်းကို ထိန်းပေးထားပါသည်။ လမ်းက မည်မျှခန့် ချောမွတ်နေပါစေ။ အလေးချိန် တစ်တန်ကျော်နေသော သတ္တုထည်ကြီးကို မြန်မြန်ကြီးမောင်းနှင့်သည့်အခါ တစ်ဝုန်းဝုန်းနှင့် တုန်ခါနေစေပါသည်။

ထိုသို့မဖြစ်စေရန် Suspension က တက်နိုင်သမျှ ထိန်းထားပေးပါသည်။ ထို့ကြောင့် Suspension သာမပါခဲ့လျှင် ကားစီးနေရခြင်းသည် အမြန်ရထားစီးနေရကဲ့သို့ ဖြစ်နေနိုင်ပါသည်။

ပုခက်ကဲ့သို့ ဘယ်ညာလွဲခြင်းများ၊ အထက်အောက်ဆောင့်ခြင်းများ နှစ်မျိုးပေါင်းထားသကဲ့သို့ ရလာသော ရလဒ်နှင့် နှိပ်စက်ကလူခြင်းများကို ခံနေရပါလိမ့်မည်။ Suspension တွင်ပါသော ကိုယ်အင်္ဂါအစိတ်အပိုင်းများက များလွန်း၍ မျက်စိလည်နေစရာမလိုပေ။

သူ၏ အခြေခံပုံစံကို စံနမူနာပြု၍ ကြည့်လိုက်မယ်ဆိုလျှင် အခြေခံအစိတ်အပိုင်းဟူသည်မှာ ရှော့ခ်ဘားနှင့် စပရိန် နှစ်မျိုးသာရှိပါသည်။ ရှော့ခ်ဘားဆိုခြင်းက ရှော့ခ်အက်ဘ်စောဘာ Shock Avsorber သို့မဟုတ် ရှော့ခ်ကို စုပ်ယူပေးသောအရာဟု ပြောခြင်းဖြစ်ပါသည်။

Spring (စပရိန်)

မော်တော်ကားများတွင် အခြေခံအားဖြင့် စပရိန်က ၃ မျိုးရှိပါသည်။ ကွိုင်စပရိန် coil spring၊ တောရှင်းဘား torsion bar နှင့် လေး leaf spring တို့ဖြစ်ပါသည်။ ထိုသုံးမျိုးတွင် မှားတက်သည်က ကွိုင်ခွေထားသော တောရှင်းဘားကို ကွိုင်စရိန်ဟု ထင်ကြခြင်းဖြစ်ပါသည်။

လေးကို အကြီးစီးရန် ထုတ်လုပ်ထားသောကားများ၊ ကုန်တင်ကားများတွင်တွေ့ရမည်ဖြစ်ပါသည်။ ဆေးမည်းသုတ်ထားသော ရှည်မျောမျော သတ္တုပြား မာမာကျောကျာများထပ်ထားသော လေးထုတ်ကို အိပ်စဲလ်ဝင်ရိုးပေါ်တွင် ထိုင်ပေးထားပါသည်။

တောရှင်းဘားမှာ ဆန်းဆန်းပြားပြား တီထွင်ထားခြင်းဖြစ်ပြီး စတီးဘားကို လိမ်းထားပေးခြင်းဖြင့် ကွိုင်စပရိန်ကဲ့သို့ အလုပ်လုပ်ပေးရန် ဖန်တီးထားပါသည်။ ဗောက်စ်ဝဲဂွန်၏ လိပ်ခုံးကား VW Beetles တွင်သုံးစွဲပါသည်။

Shock Absorber (ရှော့ခ်ဘား)

မျက်နှာပြင်ကြမ်းသည့်အပေါ်တွင် ကားမောင်းသည့်အခါတွင် ဖြစ်ပေါ်သော ကားဆောင့်သည့်ဒဏ်ကို လျော့ပါးအောင် ရှော့ခ်ဘားက လုပ်ပေးပါသည်။ ထောင်လိုက်ရွေ့လျားမှုကို သူက စုပ်ပြီး ဖျောက်ပေးလိုက်ခြင်းဖြစ်ပါသည်။ စပရိန်ချည်းသက်သက်တပ်ထားလျှင် ကားပေါ်လိုက်ပါရသောသူအဖို့ မငြိမ့်နိုင်ပေ။

ကားစီးရသောဒဏ်ကြောင့် ကိုယ်တွေလက်တွေနာသည်အထိ ဖြစ်သွားနိုင်ပါသည်။ ရှော့ခ်ဘားက ထမ်းဆောင်သော အဓိကတာဝန် ၂ ခုရှိပါသည်။

တစ်ခုမှာ လမ်းကြောင့် ကားက တအားဆောင့်သည့်အခါ ကားအောက်ခံထည်ဆီကို ဆောင့်သောဒဏ် မရောက်သွားရလေအောင် သူက စုပ်ယူပေးထားပါသည်။ နောက်တာဝန်တစ်ခုမှာ ဘီးများနှင့် ကားကိုယ်ထည်ကြားတွင် ဆိုင်းထိန်ပေးထားပြီး ကားကို လမ်းကြမ်းများပေါ်တွင် ဆက်မောင်းနေ၍ရအောင်ဆိုင်းထိန်းပေးထားပါသည်။

လမ်းသားပေါ်တွင် ဘီးများကို စိုက်ထားပေးပြီး ထိုသို့မစိုက်ထားပေးပါက ကားကို ဘယ်လိုမှထိန်းကျောင်းနိုင်မည်မဟုတ်ပေ။ ကားမောင်းခြင်းသည် သေကြောင်းကြံစည်ခြင်းနှင့်အတူတူသာဖြစ်ပါသည်။ ရှော့ခ်ဘားကို ထိခိုက်မှုကို ထိန်းပေးသောကိရိယာ ဟုလည်း ခေါ်ဝေါ်ကြပါသေးသည်။

ပိုပြီးတိတိကျကျပြောရမည်ဆိုလျှင် အလျင်နှင့်လိုက်ပြီး ထိခိုက်မှုကို အရည်ဖိအားသုံး၍ ထိန်းပေးသော ကိရိယာဖြစ်ပါသည်။ တစ်နည်းအားဖြင့်ပြောရမည်ဆိုလျှင် မြန်မြန်ရွေ့ရလျှင် ရွေ့ရခြင်းကို ဆန့်ကျင်မှုပိုပေးပြီး ထို့အတွက် သူက စပရိန်နှင့် တွဲဖက်ပြီးလုပ်ကိုင်ရပါသည်။ လမ်းကြောင်း ဆောင့်ခံရပြီ ဆိုလျှင် ဘီးက ဆောင့်ခြင်းကို စပရိန်က ခံယူလိုက်ပြီး ဆောင့်ခြင်းကြောင့် ထွက်ပေါ်လာသောစွမ်းအင်ကို စပရိန်က အပေါ်ကိုကန်သည့် အရွေ့စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးလိုက်ပါသည်။

ထိုအရွေ့စွမ်းအင်ကို ရှော့ခ်ဘားက စုပ်ယူပေးလိုက်ပြီး ထိုစုပ်ယူလိုက်သော စွမ်းအင်ကို ရှော့ခ်ဘားက ညှစ်ချုပ်ထားသော အပေါက်ငယ်ဘားမှ ဆီဖြစ်ဖြစ်၊ ဂက်စ်ဖြစ်ဖြစ်ကို တွန်းထုတ်ရန်အတွက် သုံးပစ်လိုက်ပါသည်။

Read 29398 times