KIA Myanmar ၂ဝ၁၈ မိုဒယ် Sport Luxury Sorento-GT


KIA Myanmar Showroom မှ ၂ဝ၁၈ မိုဒယ် Sport Luxury Sorento-GT ကားသစ်ကို ဇန်နဝါ ရီ ၅ ရက်မှစ၍ မိတ်ဆက်ပြသရောင်းပေးနေကြောင်း သိရသည်။

KIA Sorento-GT ကားသစ်သည် အင်ဂျင်ပါဝါ ၂၂ဝဝ စီစီ ဒီ ဇယ်အင်ဂျင်ဖြစ်ပြီး တစ်ဂါလန်လျှင် ၂၁ မိုင်အထိ မောင်းနှင်နိုင်မည်ဖြစ် သည်။

Sorento-GT သည် Sport ဆန်ဆန် ဒီဇိုင်းပုံစံနှင့် Luxury Function များ စုံလင်စွာ အချိုး ကျကျ ပေါင်းစပ်ဖွဲ့စည်းထားသည့် ခုနစ်ယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။

Leather Seat များ တပ်ဆင်ထားသည့်အတွက် Cloth Seat ထက်ပို၍ သက်သောင့်သက်သာ စီးနင်းနိုင်သည့်အပြင် ကားပေါ်တွင် အရည်တစ်ခုခု ဖိတ်စဉ် စွန်းထင်းခြင်းများကိုလည်း အလွယ်တကူ သန့်ရှင်းရေး ပြုလုပ်နိုင်သလို အနံ့ဆိုးများမှလည်း ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

KIA Sorento-GT ကားသစ်သည် 8 Speed Auto Transmission ဖြစ်ပြီး သေသပ်လှပသော အသွင်အပြင်၊ ရှေ့မြင်ကွင်းအား ပိုမို ကောင်းမွန်အောင် မြင်တွေ့နိုင်သော အနေအထား၊ အသုံးဝင်သော Funtion ခလုတ်များ နှင့်အတူ ရှစ်လက်မ အရွယ်အစား LCD Screen ၊ Andriod Auto ၊ Apple Carplay နှင့် Back Camera မျဉ်းကွေးများ ပါသော ခုနစ်လက်မ TFT-LCD Display ပါဝင်မည်ဖြစ်သည်။

KIA Sorento-GT Line တွင် Fog Lamp ကို Sporty ပုံစံ ဖြင့် နည်းပညာမြင့်မားသော LED မီးသီးလေးလုံး တပ်ဆင်ထားသောကြောင့် မြူဆိုင်းနေသောအခါတွင် ရှေ့ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။

လုံခြုံရေးစနစ်များတွင် ညအချိန်မောင်းနှင်ရာ၌ အန္တရာယ်ကင်းစေရန်အတွက် မောင်းနှင်သောအရှိန်အပေါ် မူတည်ပြီး အလင်းအနီးအဝေးကို အလိုအလျောက် ချိန်ဆပေးခြင်း၊ စတီယာရင် ကွေ့သည့်ဘက်သို့ အလင်းဖြာပေးသည့် Dynamic Bending Light System ပါရှိခြင်း၊ 2WD/4WD ထက် သာလွန်သော All Wheel Drive အသုံးပြုထားသောကြောင့် Driving Performance ပိုမို ကောင်းမွန်ခြင်း၊ လမ်းကြမ်းများတွင် ငြိမ်သက်စွာ မောင်းနှင်နိုင်ခြင်း၊ လမ်းပေါ်၌ ဘီးချော်ခြင်း၊ စလစ်ဖြစ်ခြင်းတို့ကို ကာကွယ်ပေးခြင်း၊ Heated Steering Wheel ဖြစ်သောကြောင့် စတီယာရင်မချော်ဘဲ သက်သောင့်သက်သာ မောင်းနှင်နိုင်ခြင်း၊ Bluetooth Hands-free System ပါဝင်သောကြောင့် ကားမောင်းနှင်ချိန် အန္တရာယ်ကင်းစွာ ဖုန်းပြောနိုင်မည့် စနစ်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

KIA Sorento-GT သည် Sport ဆန်ဆန်ဒီဇိုင်းနှင့် Luxury Function များအချိုးကျကျ ပေါင်းစပ်ထားသောကြောင့် ကားတစ်စီးကို ရသနှစ်မျိုး ပေးစွမ်းနိုင်မည် ဖြစ်သည်။

KIA Myanmar Sorento-GT Line Luxury Grade ကို အမေရိကန်ဒေါ်လာ ခြောက်သောင်းခွဲဝန်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ခုနစ် နှစ်အာမခံနှင့်အတူ ငါးနှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေး မည်ဟု သိရသည်။

 

Read 2811 times