Sport ဆန်ဆန်အလှဆင်ထားသည့် Honda Fit


ယင်းကားမှာ အဝါရောင် Wide Body Kit ကိုတပ်ဆင်အသုံးပြုထားပြီး အောက်ပိုင်းမှာ Lip များနှင့် အလှဆင် ထားသည်ကိုတွေ့ရပါမည်။

ရှေ့ပိုင်းတွင် Eyelid Sport ရှဲလ်နှင့်ဘောနတ်ချိတ်၊ LED Daylight မီးများကြောင့် ရှေ့ရုပ်ထွက်ကို Sport ဆန်သွားစေပါသည်။

ထို့ပြင် Intercooler နှင့်ကား၏ Performance ကိုပါအားဖြည့်တပ်ဆင်ထားပါသည်။

အတွင်းခန်းမှာ ထိုင်ခုံ၊ စတီယာရင်တံခါးပေါင်၊ Cup Holder တို့ကိုအနီရောင် Leather နှင့်အလှဆင်ထားပြီး ဂီယာနှင့် Aircon Vent များကို စိန်ကွပ်ထားသကဲ့သို့ ဒက်ရှ်ဘုတ်ကို အမွှေးပွ leather နှင့် luxury ဆန်အောင်ဖန်တီးထားပါသည်။

ကားနောက်မီးခွက်များကို LED မီးများနှင့် Tune ထားပြီး Wing Spoiler တပ်ဆင်ထားသောကြောင့် ကားကို ပိုကြွားစေပါသည်။

Wide Body Kit ကိုပိုပြီးပေါ်လွင်အောင် ၁၉လက်မအလွိုင်းခွေကို တပ်ဆင်အသုံးပြုထားပါသည်။

Read 3388 times