စင်ကာပူနိုင်ငံ စက်သုံးဆီအရောင်းဆိုင်တွေရဲ့ လက်လီအရောင်းဈေးနှုန်းများ ကိုဗစ်လွန်ကာလမှာ မြင့်တက်လာခဲ့ပါတယ်။
စင်ကာပူအစိုးရက စက်သုံးဆီ တင်သွင်းမှုအပေါ် စည်းကြပ်တဲ့ သွင်းကုန်ခွန်ကို ဖေဖော်ဝါရီလတုန်းက မြှင့်တင်သတ်မှတ်ခဲ့တာကလည်း ဈေးတက်ရခြင်းအတွက် အကြောင်းတစ်ချက် ဖြစ်ပါတယ်။
ဇူလိုင်လကုန်ပိုင်း နောက်ပိုင်းမှာ Brent ရေနံစိမ်းဈေးနှုန်းက ၁၄% ဝန်းကျင် ဈေးတက်ခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်မှာ တစ်စည်ကို US$84 ဖြစ်လာခဲ့ပါတယ်။
အလားတူပင် ဒူဘိုင်းရေနံစိမ်းလည်း ဈေးတက်ခဲ့ပါတယ်။ ၁၃% ဝန်းကျင် ဈေးတက်ခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်မှာ တစ်စည်ကို US$80 ဖြစ်လာခဲ့ပါတယ်။
နှစ်မျိုးစလုံး ၃ နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးဈေးနှုန်းများ ဖြစ်ကြပါတယ်။
သဘာဝဓာတ်ငွေ့ဈေးနှုန်းကလည်း ဇူလိုင်လတုန်းကထက် ၃၀% ကျော် မြင့်တက်နေတဲ့အတွက် အခြားလောင်စာဆီတွေရဲ့ ဈေးနှုန်းကို ဆွဲတင်ပေးတဲ့ သက်ရောက်မှု ဖြစ်ပေါ်ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်
အခြားကုမ္ပဏီတွေရဲ့ စက်သုံးဆီ လက်လီအရောင်းဆိုင်တွေမှာ လက်လီရောင်းဈေး အနည်းနဲ့အများဆိုသလို တစ်လီတာရောင်းဈေးမှာ ခြောက်မှ ရှစ်ဆင့်(cent)အထိ ဈေးတက်နေပေမဲ့ တရုတ်နိုင်ငံမှ SPC က ဇူလိုင်လ ၇ ရက်နောက်ပိုင်း ဈေးနှုန်းပြင်ဆင်ခြင်း မပြုခဲ့ဘူး။
ယခုဖော်ပြမယ့် ဈေးနှုန်းတွေမှာ သုံးစွဲထားတဲ့ ငွေကြေးက စင်ကာပူဒေါ်လာ ဖြစ်ပါတယ်။
စင်ကာပူမှာ အသုံးအများဆုံး စက်သုံးဆီ ဖြစ်တဲ့ 95-octane ဓာတ်ဆီဈေးနှုန်းက Consumers Association of Singapore မှ အချက်အလက်များအရ SPCဆိုင်တွေမှာ တစ်လီတာကို $2.49 ဖြစ်ပါတယ်။
Sinopec နဲ့ Esso တို့ရဲ့ ဆိုင်တွေမှာ $2.55 ဖြင့် ရောင်းချနေပြီး Caltex နဲ့ Shell တို့ရဲ့ ဆိုင်တွေမှာ $2.61 ဖြင့် ရောင်းချနေကြပါတယ်။
92-octane ကို Shell နဲ့ Sinopec ဆိုင်တွေမှာ ရောင်းချခြင်း မပြုဘူး။ SPCဆိုင်တွေမှာ တစ်လီတာကို $2.47 ဖြစ်ပါတယ်။ Esso မှာ $2.51 ဖြင့် ရောင်းချနေပြီး Caltex မှာ $2.57 ဖြင့် ရောင်းချပါတယ်။
98-octane တစ်လီတာကို SPC ဆိုင်တွေမှာ $2.98 ဖြင့်လည်းကောင်း Sinopec နဲ့ Esso ဆိုင်တွေမှာ $3.02 ဖြင့်လည်းကောင်း၊ Caltex ဆိုင်တွေမှာ $3.24 ဖြင့်လည်းကောင်း၊ Shell မှာ $3.30 ဖြင့်လည်းကောင်း ရောင်းချနေပါတယ်။
နောက်ဆုံးဘိတ် ဈေးနှုန်းအပြောင်းအလဲတွေ စက်တင်ဘာလ ၁၈ ရက်မှ အောက်တိုဘာလ ၇ ရက်အထိ ကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့ပြီး SPC ရဲ့ ဓာတ်ဆီဆိုင်တွေရဲ့ လက်လီအရောင်း ဈေးနှုန်းက ဇူလိုင်လမှာကတည်းက ပြိုင်ဘက်တွေထက် ၃ မှ ၅ ဆင့်အထိ သက်သာနေခဲ့ပြီး ဇူလိုင်လဈေးနှုန်းဖြင့် မပြောင်းလဲဘဲ ဆက်လက်ရောင်းချနေတဲ့အတွက် ယခုအခါ ပြိုင်ဘက်ဆိုင်တွေထက် ၁၂ ဆင့်အထိ သက်သာနေပါတယ်။
ဒီဇယ်ဈေးနှုန်းတွေကတော့ တစ်လီတာကို SPC မှာ $2.03 ဖြင့်လည်းကောင်း Sinopec နဲ့ Esso တို့မှာ $2.08 ဖြင့်လည်းကောင်း ၊ Shell နဲ့ Caltex တို့မှာ $2.14 မှာ ရောင်းချနေပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်
စက်သုံးဆီဈေးနှုန်းတွေက အောက်တိုဘာလ ၁၄ ရက်မှာ အခြေအနေတွေ ပြောင်းလဲပါတယ်။
ဈေးမတက်ခဲ့တဲ့ SPC က တစ်လီတာဈေးနှုန်းကို လေးငါးဆင့် ဈေးတက်လိုက်တယ်။ 92-octane လက်လီရောင်းဈေးက $2.51 ဖြစ်လာတယ်။ Esso ရောင်းချနေတဲ့ လက်လီရောင်းဈေးနဲ့ အတူတူ ဖြစ်သွားတယ်။
95-octane လက်လီရောင်းဈေး $2.53 ဖြစ်ပြီး ပြိုင်ဘက်တွေထက် ဈေးသက်သာနေဆဲ ဖြစ်ပါတယ်။
98-octane လက်လီရောင်းဈေးကတော့ Esso နဲ့ တရုတ်ကုမ္ပဏီ Sinopec တို့ရဲ့ လက်လီရောင်းဈေးနဲ့ အတူတူ ဖြစ်သွားပြီး $3.02 ဖြင့် ရောင်းချပါတယ်။
ဒီဇယ် တစ်လီတာ $2.08 ဖြင့် ရောင်းချပါတယ်။ Esso နဲ့ Sinopec တို့ရဲ့ လက်လီအရောင်း ရောင်းဈေးနဲ့ အတူတူ ဖြစ်ပါတယ်။
Discount အစီအစဉ်များ
ယခု ဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေက လျှော့ဈေးမပေးရသေးခင် မူရင်းဈေး ဖြစ်ပါတယ်။
ဆီဝယ်တဲ့အခါ သုံးစွဲတဲ့ credit card ရဲ့ဘဏ်ပေါ်မှာ မူတည်ပြီး လျှော့ဈေး ရရှိပါတယ်။ ကာလရှည် ဝယ်ယူသုံးစွဲမယ့် အစီအစဉ်ကို သဘောတူလက်မှတ်ရေးထိုးထားရင်လည်း လျှော့ဈေး ရရှိပါတယ်။
95-octane တစ်လီတာကို ---
Sinopec ဆိုင်တွေမှာ OCBC ဘဏ်ရဲ့ ခရစ်ဒစ်ကတ်ကို သုံးပြီး ဝယ်တယ်ဆိုရင် $2 ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။
Esso ဆိုင်တွေမှာ DBS Esso card နဲ့ ဝယ်ရင် $2.09 ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။
Caltex ဆိုင်တွေမှာ OCBC Voyage card နဲ့ ဝယ်တယ်ဆိုရင် $2.11 ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။
SPC ဆိုင်တွေအတွက် ကတ်အမျိုးမျိုး ရှိနေပြီး အဲဒီကတ်တစ်မျိုးမျိုးနဲ့ ဝယ်တယ်ဆိုရင် $2.15 ဖြင့် ရောင်းချပေးပါတယ်။