စင်ကာပူအစိုးရက အားသွင်းပွိုင့် မထားမနေရ ဥပဒေကြမ်း အဆိုပြု


စင်ကာပူအစိုးရက အားသွင်းပွိုင့် မထားမနေရ ဥပဒေကြမ်း အဆိုပြု

 

လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) တွေ အားသွင်းဖို့အတွက် ဥပဒေကို စင်ကာပူ အစိုးရက အဆိုပြုထားပါတယ်။ အဲဒီဥပဒေအရ နောင်တစ်ချိန်မှာ  ကားပါကင်ပါရှိတဲ့ အဆောက်အအုံအသစ်များအားလုံးသည်   ကားများနှင့်ဆိုင်ကယ်များအတွက် ပါကင်နေရာ စုစုပေါင်း၏ အနည်းဆုံး ၁ ရာခိုင်နှုန်းတွင် လျှပ်စစ်ကား (EV) အားသွင်းပွိုင့်များ တပ်ဆင်ရပါမယ်။

ထို့အပြင် ၇.၄ ကီလိုဝပ် အားသွင်းစက်ကိရိယာများဖြင့် အီးဗီများ အားသွင်းနိုင်စေရန် လုံလောက်သော လျှပ်စစ်ဝန်အား ပံ့ပိုးပေးရန် လည်း လိုအပ်ပါတယ်။

အဆိုပြုတဲ့ ဥပဒေကြမ်းကို ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ကုန်လမ်းပို့ဆောင်ရေးအာဏာပိုင် Land Transport Authority (LTA) တို့က အများပြည်သူတို့ထံမှ အကြံပြုချက်များ ရယူရန် ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၅ ရက်) မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။

အဆိုပြုထားတဲ့ လျှပ်စစ်‌မော်တော်ယာဉ် အားသွင်းခြင်း ဥပဒေကြမ်း Electric Vehicle Charging Bill က စင်ကာပူမှာ အသုံးပြုသော EV အားသွင်းကိရိယာများကို ထိန်းကျောင်းရန်အတွက် ကုန်လမ်းပို့ဆောင်ရေးအာဏာပိုင် Land Transport Authority (LTA) လက်ထဲမှာ အာဏာအပ်နှင်းပေးထားမှာ ဖြစ်ပါတယ်။

Read 462 times