စင်ကာပူ ထိပ်တန်း(၁၀) အရောင်းရဆုံးအီးဗီ အမှတ်တံဆိပ်များ 


စင်ကာပူ ထိပ်တန်း(၁၀) အရောင်းရဆုံးအီးဗီ အမှတ်တံဆိပ်များ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

BYD သည် Tesla ကို ကျော်ဖြတ်ကာ စင်ကာပူ၏ ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားအမှတ်တံဆိပ်ဖြစ်လာသည်။


၂၀၂၃ ခုနှစ် ပထမငါးလအတွင်း တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ရောင်းအား အခြေအနေ ကောင်းမွန်ခဲ့ရာ အမေရိကန်မှ Tesla ကို ကျော်တက်ခဲ့ပြီး  စင်ကာပူ၏ ရောင်းအားအကောင်းဆုံး ဘက်ထရီစွမ်းအင်သုံး အမှတ်တံဆိပ်ဖြစ်လာခဲ့သည်။


 Land Transport Authority (LTA) မှ အသစ်ထုတ်ပြန်သော စာရင်းဇယားများအရ BYD သည် ဇန်နဝါရီမှ မေလအထိ လျှပ်စစ်ကား 303 စီး မှတ်ပုံတင်ခဲ့ပြီး Tesla က ၂၈၃ စီးနှင့် BMW က ၂၄၉ စီးတို့ ကနဦး မှတ်ပုံတင်ခဲ့ကြသည်။

BYD အရောင်း၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိက ကားအငှား လုပ်ငန်းများထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

စင်ကာပူ ထိပ်တန်း(၁၀) အရောင်းရဆုံးအီးဗီ အမှတ်တံဆိပ်များ စာရင်းထဲ အသစ်ဝင်လာသည်မှာ Opel နှင့် Volvo တို့ဖြစ်သည်။

Opel သည် လျှပ်စစ်ကားစင်းလုံးငှားလုပ်ငန်း BlueSG ၏ Bluecar များအဖြစ် သုံးစွဲရန် ကားများ ပေးသွင်းခဲ့သည်။

ဆဌမနေရာ ရသော Volvo သည် ၂၀၂၂ စာရင်းတွင် ပါဝင်ခဲ့သော Audi နေရာကို ဝင်ယူခဲ့သည်။

အရောင်းရဆုံး ထိပ်တန်း (၁၀)တွင် ထက်ဝက်သည် စျေးကွက်ဝေစု ကျဆင်းသွားခဲ့ကြသည်။
Tesla သည် ဈေးကွက်ဝေစု အများဆုံး ကျဆင်းခဲ့ရာ ၄.၇% လျော့နည်းသွားခဲ့သည်။

LTA ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ် ပထမငါးလတွင် လျှပ်စစ်ကား ၁,၄၆၂ စီး မှတ်ပုံတင်ခဲ့သည်။ မှတ်ပုံတင်သည့်ကား စုစုပေါင်း၏ ၁၃.၄  ရာခိုင်နှုန်း ဖြစ်သည်။

မေလကုန်အထိ လမ်းပေါ်တွင် လျှပ်စစ်ကား ၇၉၆၁ စီးရှိခဲ့သည်။ စုစုပေါင်း ကားအရေအတွက်၏ ၁.၂% ဖြစ်သည်။

 


 
LTA သည် ယခင်က အပြိုင်တင်သွင်းသည့်ကားများ မှတ်ပုံတင်သည့် စာရင်းကို အမျိုးအစားခွဲပြီး ထုတ်ပြန်ခြင်း မပြု‌ခဲ့ပေ။ ယခု ထုတ်ပြန်သည့် စာရင်းတွင် အပြိုင်တင်သွင်းသည့်ကားများ မှတ်ပုံတင်သည့် စာရင်းကို  ပထမဆုံးအကြိမ်အဖြစ် ဖော်ပြထားသည်။

အပြိုင်တင်သွင်းမှုသည် ကားကုမ္ပဏီ၏ တရားဝင် မဟုတ်သော လက်လီရောင်းချသူများမှ ရောင်းချသည့် မော်တော်ယာဉ်များဖြစ်ပြီး၊ ၎င်းကားများကို ပြည်ပဈေးကွက်ရှိ အရောင်းကိုယ်စားလှယ်များထံမှ ဝယ်ယူတင်သွင်းသည်။ တစ်နည်းဆိုရသော် တရားဝင်ကိုယ်စားလှယ်နှင့် အပြိုင်ပြုပြီး တင်သွင်းရောင်းချခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ပထမငါးလတွင် အပြိုင်တင်သွင်းသည့် ကားများ မှတ်ပုံတင်သည့် စီးရေသည် စုစုပေါင်း မှတ်ပုံတင်သည့် စီးရေ၏ ၂၁.၇% ရှိသည်။ အပြိုင်တင်သွင်းသည့် ကားများတွင် Toyota ကားများ ပိုများလာသည်။ Mercedes-Benz ကားများ လျော့ကျသွားသည်။

တရားဝင် ကိုယ်စားလှယ် ရယူထားခြင်းဘဲ တင်သွင်းသည့် အီးဗီများသည် လေထဲမှတစ်ဆင့် အင်တာနက်ဖြင့် ပေးသော software update များ ရဖို့ မသေချာပါ။ မရသည်က များပါသည်။
အားသွင်းစနစ် မတူကွဲလွဲနေပါက တာဝန်ယူပေးခြင်း မရှိပါ။ technical service လည်း မရနိုင်ပါ။

Source straitstimes 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 445 times