မော်တော်ကားတစ်စီး၏အလေးချိန်နှင့်စွမ်းဆောင်ရည်အချိုးကျမှုမှာစတီး၊ အလူမီနီယမ်တို့ထက် သစ်သားက ပိုကောင်းကြောင်းသက်သေပြရန် စက်မှုဒီဇိုင်းပညာရှင်Joe Harmonကငါးနှစ်တိုင်တိုင်ကြိုးစားခဲ့ရာမှကမ္ဘာ့ ပထမဆုံးသစ်သားပြိုင်ကား Splinter ထွက်ပေါ်လာခဲ့ပါသည်။
Splinterသည်ကားအင်ဂျင်မှလွဲပြီးအောက်ခံထည်၊ကိုယ်ထည်၊ဆိုင်းထိန်းစနစ်၊ကားဘီးနှင့်အတွင်းပိုင်းပြင်ဆင်မှုများအပါအဝင်တစ်စီးလုံးလိုလိုသစ်သားများနှင့်ပြုလုပ်ထားတာခြင်းဖြစ်ပါသည်။ စက်စွမ်းအင်အတွက်မြင်းကောင်ရေခုနစ်ရာအားထုတ်ပေးနိုင်မည့် Twin Super-charged 4.6L V8 အင်ဂျင်ကိုတပ်ဆင်ပေးထားပြီးရုပ်လုံးပေါ်လာချိန်မှာတော့ Splinter ကားတစ်စီးလုံး၏အလေးချိန်မှာ ၁,၁၃၄ ကီလိုဂရမ်သာရှိသောကြောင့်အထူးပေါ့ပါးပါသည်။
Splinter ကားကိုချယ်ရီ၊ လိမေ်္မာ်၊ မေပယ်(Maple)၊ အထပ်သား၊ MDF(Medium-density Fibreboard) တို့နှင့်ပေါင်းစပ်ထုတ်လုပ်ခဲ့ပြီး နှစ်ယောက်စီးနိုင်သည့် ပြိုင်ကားအမျိုးအစားဖြစ်ပါသည်။
သုညမိုင်မှတစ်နာရီမိုင်ခြောက်ဆယ်အရှိန်နှုန်းရရှိရန်သုံးစက္ကန့်ကျော်ပဲကြာမြင့်ပြီး Manual ဂီယာခြောက်ချက်နှင့် တစ်နာရီကိုမိုင် ၂၄၀ နှုန်းအထိအမြန်ဆုံးမောင်းနှင်နိုင်သောကြောင့်သူ့ခေတ်သူ့အခါက နာမည်ကျော် ပြိုင်ကားတွေ ဖြစ်တဲ့ Porsche 911 ၊ အသစ်ထွက် Lamborghini Reventon တို့ထက် အလေးချိန် ၂၄၀ ကီလိုဂရမ်ပိုပေါ့သလိုပိုမြန်ဆန်ပြီး စွမ်းဆောင်ရည်မှာလည်းအပြတ်သာလွန်ခဲ့ပါသည်။
ဆီစားနှုန်းကတော့တစ်ဂါလန်ကို မိုင်နှစ်ဆယ်ကျော်ပဲ ရပါမည်။
ဒီဇိုင်းပညာရှင် Joe Harmon သည်ငယ်စဉ်ကလေးဘဝကတည်းက သစ်သားနှင့်ကားတစ်စီးတည်ဆောက်ရန် စိတ်ကူးယဉ်ခဲ့မှုကို အသက် ၂၇ နှစ် အရွယ်တွင်အမှန်တကယ်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
၂၀၁၅ နှစ်ကုန်ပိုင်းမှာကျင်းပခဲ့တဲ့ Essen Motor Show မှာ ၁၅ ပေရှည်ပြီး လှပဆန်းသစ်တဲ့ဒီဇိုင်းနှင့် နောက်ဘီးယက် Splinter သစ်သားပြိုင်ကားကို မိတ်ဆက်ပြသခဲ့သော်လည်းဈေးနှုန်းသတ်မှတ်ခြင်းမရှိသလို စီးပွားဖြစ်ထုတ်လုပ်ရောင်းချခဲ့ခြင်းလည်းမရှိပါဘူး။
မော်တော်ကားတစ်စီးမှာသစ်သားကိုတတ်နိုင်သမျှအသုံးပြုဖို့ရည်ရွယ်ချက်နဲ့ Joe Harmon ဖန်တီးခဲ့တဲ့ Splinter ဟာထူးထူးခြားခြားကားတစ်စီးဆိုတာကိုတော့လက်ခံရမည်ဖြစ်ပါသည်။