ဝန်ထမ်းကောင်း အထူးပါမစ် ကြေညာချက်ကို လိုရင်းတိုရှင်း ရေးပြရရင်-
(၁) ပြည်သူ့ဝန်ထမ်းကောင်း
တံဆိပ်ရရှိပြီး (၁-၁၀-၂၀၂၀) ရက်နေ့တွင် အသက် ၅၇ နှစ်နှင့် အထက်ရှိသည့် ပင်စင်ယူရန် ၃ နှစ် အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများမှ (သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် ခံစားနေသော ဝန်ထမ်းများအပါအဝင်)..
(၂) စစ်မှုထမ်းကောင်း
တံဆိပ်ရရှိထားပြီး ပင်စင်ယူရန် ၃ နှစ် အလို ဖြစ်သော တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများထဲမှ
(၃)ရဲမှုထမ်းကောင်း
တံဆိပ်ရရှိထားပြီး ပင်စင်ယူရန် ၃ နှစ် အလို ဖြစ်သော တာဝန်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင်ထဲမှ...
(၄) နေပြည်တော်စည်ပင်သာယာရေးဝန်ထမ်း
တံဆိပ်ရရှိထားပြီး (၁-၁၀-၂၀၂၀) ရက်နေ့တွင် အသက် ၅၇ နှစ်နှင့် အထက်ရှိသည့် ပင်စင်ယူရန် ၃ နှစ် အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများမှ... တပ်မတော်မှ နယ်ဘက်သို့ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ခဲ့သူများ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် လျှောက်ထားရရှိပြီးမှ မော်တော်ယာဉ် တင်သွင်း/ဝယ်ယူခွင့်ပြုပါမည်။
ရာထူးအလိုက် ခွင့်ပြုသည့် ငွေပမာဏ
============
- အမြဲတမ်းအတွင်းဝန်
- ညွှန်ကြားရေးမှူးချုပ်
သိန်း ၅၀၀ CIF တန်ဖိုးသွင့်ခွင့် ရရှိ
- ဒုတိယညွှန်ကြားရေးမှူးချုပ်
- ညွှန်ကြားရေးမှူး
- ဒုတိယညွှန်ကြားရေးမှူး
သိန်း ၃၀၀ CIF တန်ဖိုးသွင့်ခွင့် ရရှိ
လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ အောက်အဆင့်
SKD သိန်း ၃၀၀ စက်ရုံထုတ်ရောင်းစျေး
ကားတင်သွင်းမယ်ဆိုရင်
====
ပြည်တွင်း အခွန်အမျိုးမျိုးကတော့ အစိုးရ သတ်မှတ်သည့်နှုန်းအတိုင်း ကင်းလွတ်ခွင့်ရပါမည်။
EU လေလံ USA လေလံ ကားဝယ်ယူတဲ့အခါ လေလံပေါ်မူတည်ပြီး ဈေးအနည်းအများ ကွာမယ်။ ခွင့်ပြုချက်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ကားဈေးကို ရွေးချယ် ရမှာ ဖြစ်ပါတယ်။
လေလံဆောင်ရွက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းနဲ့ လုပ်ကိုင်တဲ့အခါ များသောအားဖြင့် ယာဉ်ခန့်မှန်းတန်ဖိုးရဲ့ ၁၀% ကို စရံပေးသွင်းရလေ့ ရှိပါတယ်။ သိန်း ၄၀ သိန်း ၅၀ ဆိုပြီး ပုတ်ပြတ်ယူတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ရှိပါတယ်။ အရေးကြီးတာက လေလံမအောင်ရင် စရံကို တစ်လုံးတစ်ခဲတည်း ပြန်အမ်းပေးတာ သေချာစေဖို့ ဖြစ်ပါတယ်။
ကားရွေးချယ်တဲ့အခါ တစ်ပတ်စာအတွက် လေလံတင်တဲ့ ကားတွေထဲမှ ရွေးချယ်ရပါတယ်။ ကားရွေးပြီးရင် လေလံဆွဲတဲ့အခါ ဘယ်လောက်အထိ ပေးမလဲဆိုတာ ဆုံးဖြတ်ပေးရပါတယ်။ လေလံအောင်ပြီးရင် သင်္ဘောတင်မယ် ရန်ကုန်ကို ပို့မယ်။ ပုံမှန်အားဖြင့် ၃ လ အချိန်ယူပါတယ်။
By Aung Win (Myanmar Automobile Guide)