ကားကို စတင်စက်နှိုးရန် အခက်ကြုံနေပြီဆိုလျှင် အင်ဂျင်မီးပွားပလပ် (Spark Plugs) သို့မဟုတ် အင်ဂျင်မီးပေးစနစ်မှာ ဆက်သွယ်ထားသော ဝါယာများက ချို့ယွင်းခြင်းဖြစ်နိုင်ပါသည်။
ထို့အတွက် ကားအင်ဂျင်မှာ မီးပွားပလပ်များ လဲလှယ်ရန် လိုအပ်နေခြင်းကို ညွှန်ပြနေသည့် အချက် ခြောက်ချက်ကို သိရှိထားရန် လိုအပ်ပါသည်။
အင်ဂျင်မီးပေးစနစ်တွင် ပလပ်သည် လျှပ်စစ်စွမ်းအင်မှ ပေါက်ကွဲမှု စွမ်းအင်ပြောင်းရာတွင် အဓိကကျပါသည်။
Ignition Coil က 12 volt DC လျှပ်စစ်အားကို အလွန်မြင့်မားသော High Voltage 20,000 ကျော်ထုတ်လုပ်ပေးပါသည်။
မီးကွိုင်ကထွက်လာသည့် ဗို့အားမြင့်လျှပ်စီးကြောင်းသည် ပလပ်ကြိုးမှ ပလပ် (plug) ကို ရောက်သွားပြီး မီးပွားဖြစ်ပေါ်စေပါသည်။
Distributorless Ignition System (DIS) စနစ်မှာ မီးကွိုင်ကထွက်သည့် High Voltage ကို ပလပ် (plug) တစ်လုံးစီ အတွက် မီးကွိုင်တစ်ခုချင်းက မီးပေးခြင်းဖြစ်ပါသည်။
အလုံခန်းထဲတွင် လေနှင့် လောင်စာဆီ အရောကို ပလပ်မှ လျှပ်ကူး ထုတ်လွှတ်သည့်စနစ်နှင့် မီးကူးပေးပြီး ပြင်းထန်သည့် ပေါက်ကွဲမှုကို ဖြစ်စေပါသည်။
ထိုအရာက ပစ်စတင် (pistons) အတွက် တွန်းအားကို ဖြစ်စေပြီး ဘီးများကို လည်ပတ်စေရာက ကားကို ရွေ့လျားစေသည်။
အများအားဖြင့်တော့ ပလပ်တစ်လုံးသည် ကီလို ၄၅,ဝဝဝ ခန့်သုံးပြီးသည်နှင့် ချို့ယွင်းချက်ရှိမရှိ သတိထားရမည် ဖြစ်ပါသည်။
ပလပ်အမျိုးအစား (၅)မျိုးမှာ -
1. Copper ဖြစ်ပြီး ထိုပလပ်ဈေးနှုန်းမှာ 3000 ဝန်းကျင် နှင့် အသုံးခံမှုခန့်မှန်းမိုင်မှာ 30000 ဖြစ်ပါသည်။
2. Platinum ဖြစ်ပြီး ထိုပလပ်ဈေးနှုန်းမှာ 6000 ဝန်းကျင် နှင့် အသုံးခံမှုခန့်မှန်းမိုင်မှာ 60000 ဖြစ်ပါသည်။
3. Double Platinum ဖြစ်ပြီး ထိုပလပ်ဈေးနှုန်းမှာ 7000 ဝန်းကျင် နှင့် အသုံးခံမှုခန့်မှန်းမိုင်မှာ 80000 ဖြစ်ပါသည်။
4. Laser Cut Platinum ဖြစ်ပြီး ထိုပလပ်ဈေးနှုန်းမှာ 9000 ဝန်းကျင် နှင့် အသုံးခံမှုခန့်မှန်းမိုင်မှာ 80000 ဖြစ်ပါသည်။
5. Iridium ဖြစ်ပြီး ထိုပလပ်ဈေးနှုန်းမှာ 15000 ဝန်းကျင် နှင့် အသုံးခံမှုခန့်မှန်းမိုင်မှာ 100000 ဖြစ်ပါသည်။ သို့သော် ထိုအရာများသည် ခန့်မှန်းနှုန်းထားများဖြစ်ပြီး ထုတ်လုပ်သည့် ကုမ္ပဏီအပေါ်တွင်မူတည်၍ ကွဲလွဲမှုများရှိနိုင်ပါသည်။
ကား အင်ဂျင်နှင့်ကိုက်ညီသော ပလပ်အမျိုးအစားသာ သုံးသင့်ပါသည်။
၁။ လည်ပတ်ခြင်း ကြမ်းတမ်းနေလျှင်
အင်ဂျင် ကို အလွတ်လည်ပတ်ကြည့်သည့်အခါ ပုံမှန်ထက် ဆူညံသည့်အသံများ ထွက်နေပြီဆိုလျှင် ပလပ်က ချို့ယွင်းခြင်း ဖြစ်နိုင်ပါသည်။
၂။ မနက်စောစော စက်နှိုးရန် ခက်နေလျှင်
အင်ဂျင်ပလပ်က အညစ်အကြေးများ ကပ်ငြိနေခြင်း၊ ဆက်သွယ်ထားသည့်ဝါယာများ ချို့ယွင်းနေခြင်းများက အင်ဂျင်ကို စတင်စက်နှိုးရန် မဖြစ်နိုင်ပေ။
စက်နှိုးသည့်အချိန်တွင် ဘက်ထရီစွမ်းအင်ကလည်း အပြည့်ရှိနေပါက မီးပေးစနစ်ဖြစ်သည့် ပလပ် ဒါမှမဟုတ် ဝါယာများ ချို့ ယွင်းနေခြင်းဖြစ်ပါသည်။
၃။ အင်ဂျင်မီးမကူးခြင်း
ဆလင်ဒါတစ်ခုထဲတွင် သို့မဟုတ် တစ်ခုထက်ပိုသော ဆလင်ဒါများထဲတွင်ရှိသော ပလပ်များတွင် ကာဘွန်ချိုးများကပ်နေခြင်းက အင်ဂျင်မီးပေးစနစ်ချို့ယွင်းပြီး မီးမကူးခြင်းဖြစ်ပါသည်။
၄။ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေလျှင်
အင်ဂျင်၏ စွမ်းအင်က တစ်ဟုန်ထိုး လည်ပတ်လိုက် တုံ့ဆိုင်းတုံ့ဆိုင်း လည်ပတ်လိုက်ဖြစ်နေပြီဆိုလျှင် အင်ဂျင်၏ လုပ်ဆောင်သည့် အရည်အသွေးကျဆင်းနေပြီဆိုသည်ကို ပြသခြင်းဖြစ်သောကြောင့် အနီးဆုံး
ဝပ် ရှော့ပ်ကို အမြန်သွားရောက်စစ်ဆေးသင့်ပါသည်။
၅။ ဆီစားနှုန်းများနေလျှင်
ကား၏ ပုံမှန်ဆီစားနှုန်းကို သတိထား သင့်ပါသည်။
ပုံမှန်ထက် ဆီစားနှုန်းများနေပြီဆိုလျှင် ကား၏ အင်ဂျင်ပလပ်ကို လဲလှယ်သင့်ပြီဆိုသည်ကို ပြသနေခြင်းဖြစ်ပါသည်။
၆။ အင်ဂျင်၏ အရှိန်လျော့ကျလာခြင်း
အင်ဂျင်၏ လည်ပတ်နှုန်းက နှေးကွေး လေးလံလာခြင်းသည်လည်း ပလပ်များ ချို့ယွင်းချက် ရှိလာခြင်း ဖြစ်ပါသည်။
ထိုအချက် ခြောက်ချက်ထဲက ကားတွင် တစ်ချက်မဟုတ်တစ်ချက် ဖြစ်နေပြီဆိုလျှင် ကျွမ်းကျင်သည့် ဝပ်ရှော့(ပ်) ဆရာနှင့် စစ်ဆေးပြီး ချို့ယွင်းချက်ရှိသော ပလပ်များကို အသစ်လဲလှယ်ခြင်း၊ ဝါယာစနစ်များ ပြုပြင်ခြင်းများ အမြန်ဆောင်ရွက်သင့်ပါသည်။
ထိုကဲ့သို့ စစ်ဆေးပြုပြင်ခြင်းများ အမြဲပြုလုပ်ခြင်းက ခရီးဝေးမောင်းနှင်သည့်အခါ ဆီစားသက်သာပြီး ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါသည်။