အရှေ့တောင်အာရှ အကြီးမားဆုံး ကားဈေးကွက် ချည့်နဲ့နေဆဲ


အရှေ့တောင်အာရှ ကားဈေးကွက်ကြီး ၅ ခု ဖြစ်သော အင်ဒိုနီးရှား၊ ထိုင်း၊ ဖလစ်ပိုင်၊ မလေးရှားနှင့် စင်ကာပူတို့တွင် အကြီးမားဆုံးဈေးကွက်မှာ အင်ဒိုနီးရှား ဖြစ်ခဲ့သည်။

ယခုအခါ အင်ဒိုနီးရှားသည် အာဆီယံနိုင်ငံများတွင် တစ်နေ့တာ အတည်ပြုကိုဗစ်လူနာသစ် အများဆုံးဖြစ်နေပြီး ကိုဗစ်အကျပ်အတည်းကို အပြင်းထန်ဆုံး ရင်ဆိုင်နေရသည်။ အင်ဒိုနီးရှား ကားဈေးကွက်သည် ကျဆင်းနေဆဲဖြစ်ပြီး ပြန်နာလန်ထလာခြင်း မရှိသေးချေ။ ဩဂုတ်လတွင် ပြီးခဲ့သော နှစ် ရောင်းချခဲ့သည့် ကားအသစ် စီးရေထက် ထက်ဝက်ကျော် လျော့နည်းခဲ့သည်ကို တွေ့ရသည်။ ကျန်သည့် နိုင်ငံများတွင် ကိုဗစ်အကြိုကာလ အဆင့်အတန်းသို့ ပြန်လည် ရောက်ရှိလာကြသည်ကို တွေ့ရသည်။

ကိုဗစ်ကြောင့် ကားဝယ်ယူရန် စိတ်ကူး မရှိကြသဖြင့် ရောင်းအား သိသိသာသာ ကျဆင်းခဲ့သည်။ ဘဏ်များကလည်း ကြွေးဆုံးမည့်အရေး မြင့်မားနေသဖြင့် ကားဝယ်ရန်ချေးငွေများကို လွယ်လွယ်ဖြင့် ထုတ်မချေးကြတော့ချေ။

အင်ဒိုနီးရှားတွင် စားသုံးသူ သုံးစွဲမှုအညွှန်းတွင် ကားအရောင်းသည် အခရာကျသည်။ အင်ဒိုနီးရှား ဂျီဒီပီ၏ ထက်ဝက်ကျော်သည် ကားအသစ် ရောင်းချမှုမှ ဖြစ်သည်။

ကားအသစ် ထုတ်လုပ်ရောင်းချသည့် ဈေးကွက်အပိုင်းကဏ္ဍတွင် ကားအသစ်ကို ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်ကာ ကောက်ခံသည့် အခွန်ကို ယခုနှစ်မှာ 0% သို့ လျှော့ချရန် အဆိုပြုထားသည်ကို ပယ်ချခဲ့ခြင်းကလည်း ကားအသစ် ရောင်းအားတိုးစေမည့် အားတစ်ခု ဆုံးရှုံးခဲ့ရသည်။

By Myanmar Automobile Guide

Ref: bloomberg.com

Read 525 times