တရုတ်အီးဗီများ တောင်ကိုးရီးယား တင်သွင်းမှု သာလွန်များပြားလာ


တရုတ်အီးဗီများ တောင်ကိုးရီးယား တင်သွင်းမှု သာလွန်များပြားလာ

“Asia Daily” ၏ အဆိုအရ ကိုရီးယားနိုင်ငံတကာ ကုန်သွယ်မှုအသင်းမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော သွင်းကုန်နှင့် ပို့ကုန်ဒေတာ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက် (ဇန်နဝါရီမှ ဇွန်လအထိ) တွင် တောင်ကိုရီးယား၏ တရုတ်နိုင်ငံမှ ကားတင်သွင်းမှုသည် ဂျာမနီနှင့် အမေရိကန်တို့ထံမှ တင်သွင်းမှုပြီးလျှင် ဒတတိယဖြစ်ကြောင်း သိရသည်။  ယခုနှစ် ပထမနှစ်ဝက်တွင် တောင်ကိုရီးယားက တရုတ်နိုင်ငံမှ  တင်သွင်းသည့် လျှပ်စစ်ကားများ ကန်ဒေါ်လာ ၅၂ ဒသမ ၈၂ သန်းဖိုး ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၃၆၇ ဒသမ ၈ ရာခိုင်နှုန်း တိုးများလာခဲ့သည်။

 

တရုတ်နိုင်ငံသို့ တင်ပို့သည့် တောင်ကိုရီးယား၏ လျှပ်စစ်ကားများသည် ကန်ဒေါ်လာ ၁ ဒသမ ၅၃ သန်းဖိုးသာ ရှိသည်။ အဆိုပါ ကွာခြားချက်သည် တစ်စထက်တစ်စ ပိုများလာနေသည်။ ကိုရီးယားနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း Korea Automobile Manufacturers Association (KAMA) ၏ အချက်အလက်တွေအရ တရုတ်နိုင်ငံလုပ် ၁၀ ယောက်နဲ့အထက် တင်ဆောင်နိုင်သည့် လျှပ်စစ်ဘတ်စ်ကား တင်သွင်းမှု ပမာဏသည် သိသိသာသာ တိုးလာကြောင်း တွေ့ရသည်။ ယခုအခါ တောင်ကိုရီးယား ဈေးကွက်‌ဝေစု ထက်ဝက်ကျော် ‌ရရှိထားသည်။

တရုတ်လျှပ်စစ်ဘတ်စ်ကားများကိုသာ သီးသန့်ဖြန့်ဖြူးရေး ကိုယ်စားလှယ် ယူထားသည့် တောင်ကိုရီးယားကုမ္ပဏီများသည် လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်ဖို့အတွက် စက်ရုံများ တည်ထောင်ရန် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တောင်ကိုရီးယားမှ Pline Co., သည် တရုတ်ထိပ်တန်း အီးဗီဘတ်စ်ထုတ်လုပ်ရေးလုပ်ငန်း Higer Bus Co., နှင့် ပူးပေါင်းပြီး တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ထူထောင်ရန် ဖက်စပ်လုပ်ငန်း ထူထောင်ထားသည်။  ဘတ်စ်ကား ထုတ်လုပ်ခြင်းအပြင် ဘက်ထရီစနစ်များမှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကိုပါ လုပ်ဆောင်မည် ဖြစ်သည်။ 

 

တောင်ကိုရီးယားမှ Bumhan Motors Co., သည် တရုတ်နိုင်ငံမှ Dandong Huanghai Automobile Co.,  ၏ တောင်ကိုရီးယားအတွက် တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းကုမ္ပဏီ နှစ်ခု ဖက်စပ်လုပ်ငန်း ထူထောင်ထားပြီး လျှပ်စစ်ဘတ်စ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ထူထောင်သည်။ တစ်နှစ်လျှင် လျှပ်စစ်ဘတ်စ်စီးရေ ၂,၀၀၀ ထုတ်လုပ်မည် ဖြစ်သည်။ တောင်ကိုရီးယားမှ TS Eco Energy က တရုတ်နိုင်ငံမှ Jiangxi Kama Business Bus Co. နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ထားသည်။ လျှပ်စစ်ဘတ်စ် ထုတ်လုပ်ရေး စက်ရုံ ထူထောင်လုပ်ကိုင်မည် ဖြစ်သည်။

 

Source:koreabizwire.com

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

Read 7297 times