တောင်ကိုရီးယားသမ္မတ Moon Jae-in က (International Day of Clean Air for Blue Skies) အပြာရောင်မိုးကောင်းကင်အတွက် ပထမဆုံးအပြည်ပြည်ဆိုင်ရာ လေထုသန့်ရှင်းရေးနေ့ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရင်းနှီးမြှုပ်နှံမှုတွင် လက်ရှိလျှပ်စစ်မော်တော်ယာဥ◌်စီးရေပေါင်း ၁၁၀,၀၀၀
စီး မှ ၂၀၂၅ တွင် သန်း ၁.၁၃ သန်းအထိတိုးမြှင့်သွားမည်ဖြစ်ပြီး ဟိုက်ဒရိုဂျင်မော်တော်ယာဉ် အရေအတွက်ကို စီးရေ၈၀၀၀ မှ စီးရေ ၂၀၀,၀၀၀ အထိတိုးမြင့်မည်ဟု ကြေညာခဲ့ပါတယ်။
အစိုးရ၏ အထောက်အပံ့နှင့်အတူ အောင်မြင်မှုကြီးကြီးမား လက်ခံရရှိလိမ့်မည်ဟု တောင်ကိုးရီးယားမှ ဆိုလ်း ပတ်၀န်းကျင်ဆိုင်ရာ၀န်ကြီးဌာနက ပြောကြားပါတယ်။ အဲဒီအပြင် အားသွင်းဘူတာ (charging stations ) ၄၅,၀၀၀ခုထပ်တိုးရန်လည်း ရည်ရွယ်ပါတယ်။ Moon အုပ်ချုပ်ရေးအဖွဲ့လည်း
ဒါဟာ လုပ်ငန်း ပေါင်း ၁၅၁,၀၀၀ ကိုလည်း ဖန်တီးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
တောင်ကိုရီးယားသည်ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်တွင် နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင် သုံးဆပိုများ နိုင်ချေရှိမည်ဟုဆိုထားပါတယ်။ ထို့အပြင် ၂၀၃၄ ခုနှစ်တွင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ ၃၀ ကိုပိတ်ပင်သွားမည်ဟုလည်းဆိုပါတယ်။
အထူးသဖြင့် ၂၀၂၂ ခုနှစ်အကုန်တွင်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၀ ခုနှင့် ၂၀၂၃ တွင်နောက်ထပ် ၂၀ ခု ကိုပိတ်ထားပါလိမ့်ဟုဖော်ပြထားပါတယ်။ Moon အုပ်ချုပ်ရေးအဖွဲ့က ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံဆောက်လုပ်မှုကို ခွင့်မပြုခဲ့ကြောင်းသိရပါတယ်။
Moon's Green New Deal စီမံကိန်းက အလုပ်အကိုင်ပေါင်း ၆၆၀,၀၀၀ ဖန်တီးပေးမည်ဖြစ်ကြောင်းသိရပါတယ်။ ၂၀၂၀ ပြည့်နှစ်အကုန်တွင် ကိုရီးယားနိုင်ငံသည် ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက်အသစ်များကို ၂၀၃၀ ခုနှစ်တွင်သတ်မှတ်ထားပြီး ၂၀၅၀ တွင် အသားတင်သုညလမ်းပြ မြေပုံကို
ပြသမည်ဖြစ်ကြောင်း သိရပါတယ်။
တောင်ကိုရီးယားသည် ၂၀၅၀ တွင်အသားတင်သု ညသို့ရောက်ရှိရန်ပထမဆုံးကတိပြုခဲ့သော အရှေ့အာရှနိုင်ငံဖြစ်ပါတယ်။ အစိုးရသည် ပြည်သူတွေနဲ့ အတူတကွပူပေါင်းလုပ်ဆောင်မည်ဟု Moon အုပ်ချုပ်ရေးအဖွဲ့ကပြောကြားခဲ့ပါတယ်။
By Myanmar Automobile Guide
Ref:electrek