Soueast Showroom ကို သင်္ဃန်းကျွန်းမြို့နယ်တွင် စတင်ဖွင့်လှစ်


ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် Soueast ကားများကိုရောင်းချပေးသည့် Soueast Showroom ကို ဇန်နဝါရီလ ၁၉ ရက်က အမှတ် ၇၃၄၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်

Dagon Arr Mahn Thit Co.,Ltd မှ SKD စနစ်ဖြင့်တပ်ဆင်ထုတ်လုပ်သည့် Soueast DX3 နှင့် DX7 Prime တို့ကိုတရားဝင်အရောင်းကိုယ်စားလှယ်များမှတစ်ဆင့်ရောင်းချပေးမည်ဖြစ်ရာ Asia Corner ကုမ္ပဏီမှ Soueast Showroom ကိုသင်္ဃန်းကျွန်းမြို့နယ်တွင်ဖွင့်လှစ်ခဲ့ပါတယ်။

ထပ်မံ၍လည်း Arr Man Thit ကုမ္ပဏီမှ Showroom (၁) ကို အမှတ် 23/G၊ အလုံလမ်း၊ အလုံမြို့နယ်တွင်လည်းကောင်း၊ Showroom (၂) ကိုအမှတ် ၁၅၉၊ ဗဟိုလမ်း၊ လှိုင်မြို့နယ်တွင်လည်းကောင်း ဖွင့်လှစ်မှာဖြစ်ပါတယ်။ Soueast Motor Myanmar ကုမ္ပဏီမှလည်း Showroom (၁) ကို အမှတ်(၁၉)၊ ပြည်လမ်း၊ကိုးမိုင်၊ မရမ်းကုန်းမြို့နယ်တွင်လည်းကောင်း၊ Showroom (၂) ကိုအမှတ်-၄၄၀၊ ဝေဇယန္တာလမ်း၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်တွင်လည်းကောင်း၊ Showroom (၃) ကို အမှတ်-၅၇၈/၅၇၉၊ ရာဇဌာနီလမ်း၊ ပေါင်းလောင်း (၃) ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်တွင်လည်းကောင်း၊ ဖွင့်လှစ်မှာဖြစ်ပါတယ်။

ပြည်တွင်းတွင် SKD စနစ်ဖြင့်တပ်ဆင်ထုတ်လုပ်သော Soueast DX3 သည် Compact SUV အမျိုးအစားဖြစ်ပြီး 1499 CC Gasoline L4 Engine, Belgium Punch 8-speed CVT with Sport and Snow Mode Gear စနစ်ဖြစ်ပါတယ်။ DX3 တွင်ယာဉ်မောင်းထောက်ပံ့မှုနှင့် နည်းပညာသုံး Feature များစွာပါရှိပြီး Car Computer နှင့် Smartphone Interactive များဆောင်ရွက်နိုင်သည့် ကိုးလက်မပတ်လည် HD Colour Screen, Bluetooth, MP3, USP Interface,AUX-in 3D Speaker, Keyless Entry and One Button Starting, 360 Camera စသည်တို့ပါဝင်ပါတယ်။

Soueast DX7 Prime သည် Luxury SUV အဖြစ်ထုတ်လုပ်ထားပြီး High Efficiency High Rigidity Aluminium 4A91-TMIVEC Turbo Engine အမျိုးအစားဖြစ်ကာ 1499CCL4 DOHC 16 V, 115 KW/5600 Rpm, Unlead Gasoline Engine ဖြစ်ပါတယ်။ Emission Level သည် Euro 5 ဖြစ်ပြီး 6-speed Manual Automatic Gearbox ဖြစ်ပါတယ်။ DX7 Prime ၏အတွင်းခန်း Console ကို နူးညံ့သည့် Black Material များဖြင့်ဖန်တီးထားပြီး ထိုင်ခုံများသည်လည်း Majestic Black Comfortable Black Leather Seat များဖြစ်ပါတယ်။

ဖျော်ဖြေရေးအတွက် Multimedia Touch and Intelligent Networking System, MP3/ USB Interface AUX-in Bluetooth တို့ဖြင့်ချိတ်ဆက်ထားပြီး 3D speaker-6 Speaker Surround စနစ်ပါဝင်ပါတယ်။ ထို့ပြင်နောက်ဆုံးပေါ် နည်းပညာဖြစ်သည့် Ultra High Definition 10-inches Full Screen Liquid Crystal Meter, 360 Camera,APS,Electric Parking Brake, Auto Hold, Cruise Control/LIM Speed Control System, Rain Sensing Boneless Wipers, Rear 12 V Power Supply, Fresh Lonizer Pm2.5, Touch Type keyless Entry and One Button Starting နှင့် အဝေးထိန်းစနစ်ဖြင့် အင်ဂျင်စက်နှိုးပေးနိုင်သည့် စနစ်များပါဝင်ပါတယ်။

ရန်ကုန်လိုင်စင်ရရှိသည့် Soueast DX3 နှင့် DX7 တို့ကိုဈေးနှုန်းအနေဖြင့် DX3 ကိုစက်ရုံထုတ်ဈေး အမေရိကန်ဒေါ်လာ ၂၁,၅၀၀ နှင့် DX7 Prime ကိုစက်ရုံထုတ်ဈေး အမေရိကန်ဒေါ်လာ ၂၆,၀၀၀ သတ်မှတ်ထားပါတယ်။ Soueast ကားများကို ဖေဖော်ဝါရီလကုန်အထိ Promotion အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ထိုကာလအတွင်း DX3 ကိုအမေရိကန်ဒေါ်လာ ၂၀,၅၀၀၊ DX7 Prime ကိုအမေရိကန်ဒေါ်လာ ၂၄,၀၀၀ ဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Read 1943 times